Fact Check: ဒီဓာတ်ပုံက KIA ထံမှ မြို့သစ် မိုက်ခရိုဝေ့စခန်းအား စစ်ကောင်စီတပ် ပြန်သိမ်းစဉ်ကပုံသာဖြစ်တယ်

Missing Context လူမှုရေး

ကရင်ပြည်နယ် သုံးထပ်ကွေ့တိုက်ပွဲအောင်ပွဲမှာ စခန်းသိမ်းခဲ့တဲ့ မြန်မာစစ်သားများဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ မြန်မာစစ်တပ်စစ်သားတွေက စခန်းကုန်း တစ်ခုပေါ်မှာ မြန်မာနိုင်ငံအလံကိုကိုင်ထားတဲ့ ဓာတ်ပုံနဲ့အတူ “ကရင်ပြည်နယ်၊ သုံးထပ်ကွေ့အောင်ပွဲ”လို့ ရေးသားထားမျှဝေ ထားပါတယ်။ ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်တိုက်ကပွဲတစ်ခုအတွင်းက ဓာတ်ပုံဟောင်းတစ်ခုသာ ဖြစ်ပါတယ်။

“ဗိုလ် အောင် ဒင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဩဂုတ် ၂၇ ရက်က မျှဝေထားတဲ့ ပို့စ်ကိုအောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ တူညီတဲ့ဓာတ်ပုံကို မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ အင်္ဂလိပ်ဘာသာ ဖော်ပြတဲ့ The Global New Light of Myanmar သတင်းဝက်ဘ်ဆိုဒ်တစ်ခုမှာတွေ့ရပါတယ်။

၂၀၂၁ ခုနှစ် မေ ၉ ရက်ကဖော်ပြခဲ့တဲ့ သတင်းမှာ ဓာတ်ပုံစာသားအနေနဲ့ အောက်ပါအတိုင်းရေးသားထားပါတယ်။

“တပ်မတော်သည် မေလ (၇) ရက်နေ့ မွန်းလွဲပိုင်းတွင် KIA ထံမှ မြို့သစ် မိုက်ခရိုဝေ့စခန်းအား ပြန်လည် သိမ်းပိုက်ခဲ့ပြီး သောင်းကျန်းသူများသည် နိုင်ငံ အရှေ့ဘက်နှင့် အရှေ့မြောက် နယ်စပ်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။”

မူရင်းလင်ခ့် – The Global New Light of MyanmarArchive link  

လနဲ့ချီပြီးတိုက်ပွဲဖြစ်နေတဲ့ သုံးထပ်ကွေ့မှာ ဩဂုတ် ၂၃ ရက်မှာတော့ အဝေးပစ်လက်နက်ကြီးတွေ၊ တိုက်လေ ယာဉ်တွေပစ်အားနဲ့ တပ်ရင်း ၆ ရင်းအထိအသုံးပြုပြီး အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပါတယ်။ 

သုံးသပ်ချက်

ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မေ ၇ ရက်က KIA ထံမှ မြို့သစ် မိုက်ခရိုဝေ့စခန်းအား ပြန်လည် သိမ်းပိုက်ခဲ့မှုမှတ်တမ်း ဖြစ်ပါတယ်။

Avatar

Title:Fact Check: ဒီဓာတ်ပုံက KIA ထံမှ မြို့သစ် မိုက်ခရိုဝေ့စခန်းအား စစ်ကောင်စီတပ် ပြန်သိမ်းစဉ်ကပုံသာဖြစ်တယ်

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *