Fact Check: သရုပ်ဆောင် ပိုင်တံခွန်နဲ့ အိန္ဒြာကျော်ဇင် လွတ်မြောက်လာတဲ့ ကောလာဟလပျံ့နှံ့

Missing Context လူမှုရေး

သရုပ်ဆောင်ပိုင်တံခွန်နဲ့အိန္ဒြာကျော်ဇင်တို့ ဖေဖော်ဝါရီ ၁၂ ရက်မှာလွတ်မြောက်လာပြီဆိုပြီးတော့ အတည်မပြု နိုင်တဲ့သတင်းဟာ ဖေ့စ်ဘွတ်အသုံးပြုသူများ အကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီသတင်းဟာ လက်ရှိ အချိန်အထိ အတည်မပြုနိုင်သေးကြောင်း သူတို့နှစ်ဦးရဲ့ ဆွေမျိုးသားချင်းတွေက ရှင်းလင်းထားပါတယ်။

“ပြည်ထောင်စုနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သရုပ်ဆောင် ပိုင်တံခွန် နှင့် အိန္ဒြာကျော်ဇင်တို့ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရပါတယ်။

ထိုသတင်းနှင့်ပတ်သက်ပြီး The Burmese Post အနေဖြင့် ထပ်မံအတည်ပြုဖို့ ကြိုးစားနေပါတယ်။

ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ​ေတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား (၈၁၄) ယောက် ပြန်လွှတ်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်က အကျဉ်းသား (၈၄)ဦး လွတ်မြောက်ခဲ့ပါတယ်။

#TheBurmesePost”စသည်ဖြင့် “The Burmese Post”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေခဲ့ရာမှာ ပြန်လည်မျှဝေမှုပေါင်း ၁ ထောင်ကျော်ရှိပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ NP News အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာလည်း အိန္ဒြာကျော်ဇင် နဲ့ ပိုင်တံခွန် ပြန်လည် လွတ်မြောက်လာပြီလို့ ကနဦး သတင်းများအရသိရတယ်လို့ ဖော်ပြခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

ဖေ့စ်ဘွတ်အသုံးပြုသူတစ်ချို့ကလည်း မျှဝေထားတာ ဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

NP News သတင်းဌာနကလည်းက အိန္ဒြာကျော်ဇင် နဲ့ ပိုင်တံခွန် ပြန်လွတ်တဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မိသားစုဝင်များအတည်မပြုသေးကြောင်း သူတို့ရဲ့ ဝက်ဘ်ဆိုဒ်သတင်းမှာတော့ ထပ်မံဖော်ပြခဲ့ပေမဲ့ ဖေ့စ်ဘွတ်စာမျက်နှာက သတင်းကိုတော့ ပြန်လည် ဖြုတ်ချခဲ့ခြင်းမရှိပါဘူး။ စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနပိုင် ကြေမုံသတင်းစာက စိန်ရတုပြည်ထောင်စုအထိမ်းအမှတ်အဖြစ် အကျဉ်းသား ၈၁၄ ဦးကို လွှတ်ပေးလိုက်တယ်လို့ ကြေညာတာတွေ့ရပါတယ်။

အစောပိုင်း ဒီသတင်းဖြန့်ဝေသူတွေဟာ Myanmar Pressphoto Agency ဓာတ်ပုံသတင်းအေဂျင်စီကို ကိုးကားပြီး ဖော်ပြခဲ့တာတွေ့ရပါတယ်။ Myanmar Pressphoto Agency ကိုလေ့လာကြည့်ရာမှာ ဒီသတင်းကို မတွေ့ရတော့ ပါဘူး။

သို့သော်လည်း သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူလည်း မိသားစုအနေနဲ့ အတည်မပြုနိုင်ကြောင်း သူမရဲ့ လူမှု ကွန်ယက်က တစ်ဆင့်ရှင်းလင်းထားပါတယ်။ 

“မိသားစုကအတည်မပြုသရွေ့ဘယ်သတင်းမှမယုံကြဖို့အသိပေးချင်ပါတယ်ရှင်..ယခုချိန်ထိမိသားစုမှဘာမှမသိရသေးပါဘူးရှင်..သတင်းဌာနကြီးများမှလည်းသတင်းများကိုသေချာအတည်ပြုပြီးမှတင်ပေးစေလိုကြောင်းအထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင်🙏”

မူရင်းလင်ခ့် – Ei Kyaw ZinArchive link 

သရုပ်ဆောင်ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူဟာလည်း ဒီသတင်းဟာ မဟုတ်ကြောင်း ငြင်းဆိုထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – May Chit ThwayArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ သရုပ်ဆောင်ပိုင်တံခွန်နဲ့ အိန္ဒြာကျော်ဇင်တို့ လွတ်မြောက်လာတယ်ဆိုတာ သတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: သရုပ်ဆောင် ပိုင်တံခွန်နဲ့ အိန္ဒြာကျော်ဇင် လွတ်မြောက်လာတဲ့ ကောလာဟလပျံ့နှံ့

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *