Fact Check: စစ်တပ်ဆန့်ကျင်ရေးဗီနိုင်းချိတ်လို့ အပစ်ခံရတဲ့ လူငယ်တစ်ဦးပုံကို အင်းလျားမှာပြန်ဖြုတ်စဉ်ဗုံးပေါက်ကွဲသေတဲ့PDF လို့ သတင်းမှားဖြန့်ဝေ

အင်းလျားမှာဗုံးထောင်တာ စစ်တပ်က ကင်းပုန်းနဲ့မိလို့ ကိုယ်ထောင်တဲ့ ဗုံးကို ပြန်ဖြုတ်ခိုင်းရာမှာ ဗုံးကွဲပြီး သေဆုံးတဲ့ PDF ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ အတော်များများ ဖြန့်ဝေလျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြဗီနိုင်းချိတ်ဆွဲမှုကြောင့် စစ်တပ်ကပစ်ခတ်လိုက်တဲ့ ကျည်ဆံထိမှန်ခဲ့တဲ့ ဗကသကျောင်းသားတစ်ဦးဖြစ်တယ်လို့ မီဒီယာတွေမှာဖော်ပြပါတယ်။ “အင်းလျားမှာ ဗုံးထောင်နေတဲ့PDFအကြမ်းဖက်ကောင် ရွှေဘ ကင်းပုန်းနဲ့မိ ကိုယ်ထောင်တဲ့ဗုံးကို ပြန်ဖြုတ်ခိုင်းတော့ ကွဲပြီး​ေT နားအေး မှိုင်းဝေ”စသည်ဖြင့်ရေးသားပြီး “Yadanar Maung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဓာတ်ပုံနှင့်အတူ ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ဆန္ဒပြလူငယ်တစ်ဦး […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၁၇ ခုနှစ်က စစ်တပ်ထောက်ခံပွဲက ဓာတ်ပုံတွေသာ ဖြစ်တယ်

ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မှာကျင်းပခဲ့တဲ့ စစ်အစိုးရထောက်ခံပွဲဆိုပြီးတော့ အင်္ကျီအဖြူ လွှမ်းမိုးတဲ့ စီတန်း လှည့်လည်နေတဲ့ ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်က စစ်တပ်ထောက်ခံပွဲတစ်ခုကဓာတ်ပုံတွေသာဖြစ်ပါတယ်။ ဝါ၊စိမ်း၊နီအလံကိုင်လူအချို့နဲ့ ဆိုင်းဘုတ်ကိုင်လူအချို့လည်းပါဝင်တဲ့ အပေါ်စီး ကနေရိုက်ကူးထားတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ “Yangon မြန်မာ့တပ်မတော်ထောက်ခံပွဲနှင့်အကြမ်းဖက်ရှုတ်ချပွဲ”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၃၀၀ ကျော်ရှိပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ဒီကနေ့ ရန်ကုန်မှာ တပ်မတော် အစိုးရအား ပြည်သူလူထုက […]

Continue Reading

Fact Check: တမူးပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်ကို အသုံးပြုပြီး သတင်းမှားဖြန့်

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က အရပ်ဝတ်နဲ့ ရဲတွေလိုက်ပါတဲ့ ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်ဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းခဲ့ပြီးနောက် ဒီဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေလျှက် ရှိတာတွေ့ရပါတယ်။  “စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင်ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့ အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ဦးမှ့ လက်ရဖမ်းဆီးရရှိ့ ၄ဦးသေဆုံး၍ ၁၀ဦး အရှင်ဖမ်းမိ”လို့ရေးသားပြီး “Kyaw Thiha”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်အသုံးပြုသူကနေ ထပ်ပြီးတော့ အခြားသော ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားတာကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဓာတ်ပုံတွေဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့သို့ ထွက်ခွာလာတဲ့အရပ်ဝတ်ရဲတွေ စီးနင်းလာတဲ့ ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရမှုအပြီးဓာတ်ပုံတွေဖြစ်ပါတယ်။  Khit Thit […]

Continue Reading

Fact Check: ဆန္ဒပြသူတွေကို ရပ်ကွက်ကတုတ်၊ဓါးနဲ့လိုက်ရိုက်နှက်တဲ့ဗွီဒီယိုလား- မဟုတ်ပါ

ရပ်ကွက်အတွင်းလာရောက်ဆူပူအော်ဟစ်ပြီးနောက် ရပ်ကွက်သူ၊ရပ်ကွက်သားတွေက တုတ်၊ဓားတွေနဲ့ လိုက်ရိုက် လို့ ထွက်ပြေးရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက်ကစတင်ပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ၉ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုထဲမှာ ဆန္ဒပြသူတွေဟာ “အောင်ရမည်”လို့ သံပြိုင်ရွတ်သံပါဝင်ပြီး ရှေ့မှာ ဗျောအိုးတစ်ခုက ဗျောက်ပေါက်ကွဲသံလည်းပါဝင်ပြီး “ခွဲ”၊ “ခွဲ”ဆိုပြီးစကားသံလည်းပါဝင်ပြီး အလျှင်အမြန်လူစုခွဲခဲ့ကြတာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ မီဒီယာတစ်ခုမှာဖော်ပြပါရှိတဲ့ လျှပ်တပြတ်ဆန္ဒပြဗွီဒီယိုတစ်ခုသာဖြစ်ပြီး ရပ်ကွက်က တုတ်၊ဓားနဲ့လိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ စစ်တပ်ကဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲမှု တွေကြောင်း ဧပြီလနောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ လျှပ်တပြတ်ဆန္ဒပြပွဲတွေသာ လုပ်ဆောင်လေ့ရှိတာ တွေ့ရပါတယ်။ “ရပ်ကွက်အတွင်း လာရောက်ဆူပူအော်ဟစ်သူများအား  ရပ်ကွက်သူ/ရပ်ကွက်သားများက တုတ်၊ဓါးများဖြင့်  ခြောက်လှန့်မောင်းထုတ်ခဲ့သဖြင့် ဆူပူအ​​​ကြမ်းဖက်သူများအ​​ဖြင့် အောင်ရမည်ဟု ဆုံးအောင် ရွတ်ဆိုနိုင်ခြင်းမရှိပဲ ထွက်ပြေးခဲ့ရ ရန်ကုန်၊ ဇန်နဝါရီ ၁၂ […]

Continue Reading

Fact Check: စစ်တပ်က ပိတ်ပင်ထားတဲ့ မြန်မာမီဒီယာ ၄ ခု လူကုန်ကူးပြီး စီးပွားရှာနေ တယ်လို့ ဝါဒဖြန့်

 မြန်မာမီဒီယာ ၄ ခုဟာ လူကုန်ကူးပြီး စီးပွားရေးရှာနေတယ်လို့ ပြောဆိုချက်တွေပါဝင် ဗွီဒီယိုပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ် မှာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ၂၄ မိနစ် ၂၃ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ “ပြည်ပအထောက်အပံ့ခံ သတင်းဌာန များအား လေ့လာခြင်း”လို့ခေါင်းစဉ်တပ်ထားပြီး ဗွီဒီယိုမှာ အာဏာသိမ်းစစ်တပ်ရဲ့ သတင်း တင်ဆက်မှုပိတ်ပင်ခြင်းခံရတဲ့ မြန်မာမီဒီယာ ၄ ခုဟာ ထိုင်းနိုင်ငံမှာ လူကုန်ကူးရင်း စီးပွားရှာနေတယ် ဆိုတဲ့ ပြောဆိုချက်တွေ အဓိကပါဝင်ပြီ “ရောင်နီ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီ ၂ ရက်က တင်ထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့သူပေါင်း ၅ သောင်းဝန်း ကျင်ရှိပါတယ်။ ဒီဗွီဒီယိုရဲ့ ၅မိနစ် ၄၅ စက္ကန့်ကနေ ၆ မိနစ်နဲ့ ၁၅ စက္ကန့်ကြားမှာ “အဓိကတွေ့ရတာတော့ ကျွန်တော်တို့ဘာတွေ တွေ့ရလဲဆိုတော့ မြန်မာနောင်း၊ ဧရာဝတီ၊မဇ္ဈိမရယ်၊ခေတ်သစ်မီဒီယာရယ်၊ မြန်မာနောင်းရယ်၊ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက မကွေးတိုင်းက ကင်းမမီးလောင်မှုဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ကင်းမရွာမှာ လူငယ်တွေက မီးရှို့ခဲ့တဲ့ ဗွီဒီယိုဖိုင်ဆိုပြီးတော့ လူမှုကွန်ယက် မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ ဝါးထရံနဲ့ သစ်သားပုံတစ်ခုအပေါ်မှာ မိုလိုတော့ဗ်ကို လှမ်းပစ်လိုက်ပြီး မီးရှို့တဲ့ဖြစ်စဉ်နဲ့ အဝေးတစ်နေရာကနေ သေနတ်ပစ်သံအချို့ကြားရပြီးနောက် ထွက်ပြေးကြတဲ့ ပုံတွေ ပါဝင် ပါတယ်။ မကွေးတိုင်းပေါက်မြို့နယ် ကင်းမရွာမှာ ဇွန် ၁၅ ရက်ကစစ်တပ်ရောက်လာပြီးနောက် မီးရှို့ခံရတဲ့ သတင်းကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေရပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ပေါက်မြို့နယ်က မီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ မုဒုံမြို့နယ်က ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ “ကင်းမရွာကို ဘယ်သူရှို့လည်း ထမိန်ခြုံထဲက ခေါင်းထွက်ကြည့်ကြ”စသည်ဖြင့် ရေးသားပြီး“Htet Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပို့စ်ကိုပြန်လည်မျှဝေမှု ၁ ထောင်ရှိပါတယ်။ ကင်းမရွာဖြစ်စဉ်အဖြစ် မျှဝေထားတာကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ကယားမှာပစ်ချခံရတဲ့ ရဟတ်ယာဉ်အဖြစ် မျှဝေနေတဲ့ သတင်းမှား

ကယားမှာ ရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုအဖြစ် ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ကယားမှာ တင့်ကား ၂ စီးကို ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်(KPDF)က ဖျက်ဆီးခဲ့ပြီး နောက်မှာ အခုလို ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ရေးသားမျှဝေ နေတာ ဖြစ်ပါတယ်။ ကယားပြည်နယ် ဒီမောဆိုမှာ တင့်ကား ၂ စီးကို KPDFက ဖျက်ဆီးခဲ့တဲ့ သတင်းကို Khit Thit Media ရဲ့ ဒီလင့်ခ်မှာတွေ့ရပါတယ်။ သို့သော် ယခုရက်ပိုင်းအတွင်း ကယားဘက်မှာ ရဟတ်ယာဉ်ပစ်ခံရတယ်ဆိုတဲ့ သတင်းမျိုး လွတ်လပ်သော မီဒီယာတွေမှာ ရေးသားဖော်ပြချက် မတွေ့ရပါဘူး။ ဓာတ်ပုံဟာလည်း ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။  “ယို့..ယို့..ယိုး ကယားပြည်နယ်လေးက မနေ့က tink ကားနှစ်စီး ဒီနေ့..helicopter တစ်စီး လေးစားပြီလေ 👌👌👌 […]

Continue Reading

Fact Check: လွှတ်တော်ကိုယ်စားလှယ်တွေကို အပြင်မထွက်ဖို့ စစ်တပ်က အမိန့်ပေးတယ်ဆိုတာမဟုတ်ပါ

လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တပ်က ၃ ရက် အပြင်မထွက်ဖို့ အမိန့်ပေးတယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ လွှတ်တော်တက်ဖို့ ရောက်ရှိနေတဲ့ မင်္ဂလာ တောင်ညွှန့်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို Fact Crescendo Myanmar က ဆက်သွယ် အတည်ပြုရာမှာ  သတင်းမမှန်ကြောင်းအတည်ပြုပါတယ်။ သူ့အနေနဲ့ Quarantine ဝင်နေတာ သာဖြစ်ပြီး တပ်က ညွှန်ကြားတယ်ဆိုတာမဟုတ်ကြောင်းပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရောက်ကတည်းက အပြင်မထွက်ဖို့ ပါတီဘက်က […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရင် နေပြည်တော်ကို တိုက်မယ်လို့ AA ပြောတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် နေပြည်တော်ကို တိုက်ခိုက်မယ်လို့ အာရက္ခတပ်တော်(AA)က ပြောတယ်ဆိုပြီး အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ပြောဆိုဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “AA က အပြတ်ပြောနေပြီ  ဒေါ်စု မလွတ်ရင် နေပြည်တော် တိုက်မည် မြန်မာပြည်ရဲ့ လူထုခေါင်း‌ဆောင်ကို မလွှတ်ရင် နေပြည်တော် အထိ တက်မည်ဟု  ဗိုလ်ချုပ် ထွန်းမြတ်နိုင်အပြတ်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် အထောက်အထားမတွေ့ရပါဘူး။ ဒီချန်နယ်နဲ့ […]

Continue Reading

Fact Check: တရုတ်ရောက် မြန်မာစစ်ခေါင်း‌ဆောင် အဖမ်းခံရတဲ့ သတင်းတု

တရုတ်ရောက် မြန်မာစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာရဲတပ်ဖွဲ့က  ပြန်လည် ထွက်ခွာခွင့်ပိတ်ထားတယ်၊ တရုတ်နိုင်ငံက ဖမ်းလိုက်ပြီလို့ ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ မှာ  ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “အပြန်လမ်းမဲ့နေပြီ နိုင်ငံတကာ ရဲတပ်ဖွဲ့က ထွက်ခွင့်မပြု နိုင်ငံတကာခေါင်းဆောင်တွေအကုန် ပြန်ကုန်ပြီ မင်းအောင်လှိုင် လေဆိပ်ကနေ ထွက်ခွာခွင့်မရ ဖြစ်နေ ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “”Mandalay KhitThit”ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့က သတင်းတွေကို ပြန်လည် ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ့ရတယ်။ မြန်မာ စစ်ခေါင်းဆောင်ဟာ […]

Continue Reading