Fact Check: နွေဦးတော်လှန်ရေးမှ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်ဆိုတဲ့ သတင်းတုသတင်းမှား
နွေဦးတော်လှန်ရေးမှာ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်လို့ ဒေါက်တာဇော်ဝေစိုးပြော တယ်ဆိုပြီး”NUG CRPH PDF CDM Support”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေလျက်ရှိပါတယ်။ သို့သော် ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “နွေဦးတော်လှန်ရေးတွင်မပါသော AAအပါ အဝင် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကို ဥပဒေနဲ့အညီအရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုး ပြောကြား။ နွေဦးတော်လှန်ရေးမှာမပါတဲ့ရခိုင့်တပ်မတော်အပါအဝင်လက်နက်ကိုင်အဖွဲ့၅ဖွဲ့ကိုဥပဒေနဲ့အရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုးက Video Call ကနေတဆင့်ပြောကြားခဲ့သည်။ ဒေါက်တာဇော်ဝေစိုးကိုဆက်သွယ်မေးမြန်းရာတွင် ဒေါက်တာဇော်ဝေစိုးက ‘အခုနွေဦးတော်လှန်ရေးမှာမပါတဲ့AAနဲ့တခြားအဖွဲ့ ၅ ဖွဲ့ အားလုံးပေါင်း ၆ ဖွဲ့ကို ကျွန်တော်တို့ ဥပဒေနဲ့အညီ အရေးယူပြီးသွားတာနဲ့ လက်နက်ဖျက်သိမ်းခိုင်းမှာပါ၊ လက်နက်မဖျက်သိမ်းရင်တော့ နိုင်ငံတော်ပုန်ကန်မှုနဲ့သူတို့တွေကို တရားစွဲပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးသွားမှာပါ’ဟု ဆိုခဲ့သည်။ လက်ရှိအချိန်တွင် NUGဦးဆောင်သောPDFတပ်ဖွဲ့ဝင်များသည်အရေအတွက်အားဖြင့်၅သိန်းခန့်ရှိကာမြန်မာ့တပ်မတော်ပြီးလျှင်လက်နက်အင်အားအတောင့်တင်းဆုံးအဖွဲ့ဖြစ်ပြီးနိုင်ငံတကာအသိမှတ်ပြုသောတစ်ခုထဲသောမြန်မာနိုင်ငံရှိအစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့စည်းဖြစ်သည်။ #voiceofchina_myanmar Mar 26,2022”လို့ ရေးသားပြီး “NUG CRPH PDF […]
Continue Reading