Fact Check: အိန္ဒိယနိုင်ငံက ဆင်ပုံသဏ္ဌာန် ရဟတ်ယာဉ် ဓာတ်ပုံဟာ မြန်မာနိုင်ငံက ဖြစ်စဉ်အဖြစ် ပျံ့နှံ့မှုအားကောင်းခဲ့သည်

လေယာဉ်တွေပျက်မကျအောင်လို့ ဆင်ပျံ့နဲ့ စစ်တပ်က ယတြာချေနေတဲ့ဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှု အားကောင်းခဲ့တာတွေ့ရပါတယ်။ ရဟတ်ယာဉ်မှာ ဆင်ပုံသဏ္ဌာန်အလှဆင်ထားပြီး ပျံသန်းနေတဲ့ အဖြူအမည်းဓာတ်ပုံ ၂ ပုံ ဒီပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာပါဝင်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄၀ ကျော်က အိန္ဒိယလေတပ်က လွတ်လပ်ရေးနေတဲ့ အခမ်းအနားမှာ ဆင်ယင်ပျံသန်းပြခဲ့တဲ့ ရဟတ်ယာဉ်သာဖြစ်ပါတယ်။ “ဗုဒ္ဓဟူးနံ လိန်ဗျံတွေ ထပ်မပျက်အောင် ဗုဒ္ဓဟူးဂြိုဟ် ဆင်ပျံနဲ့ ဗဗယတြာချေတာတဲ့။  မိုမိုရေ ……ဝူး 😁😁😁 ဆင်ကြီးကို ဂဠုံအချီခံရတော့မယ် ဗဗ😂”စသည်ဖြင့်ရေးသားပြီး “စောအာဲ ဆိုဒ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: စစ်တပ်ဆန့်ကျင်ရေးဗီနိုင်းချိတ်လို့ အပစ်ခံရတဲ့ လူငယ်တစ်ဦးပုံကို အင်းလျားမှာပြန်ဖြုတ်စဉ်ဗုံးပေါက်ကွဲသေတဲ့PDF လို့ သတင်းမှားဖြန့်ဝေ

အင်းလျားမှာဗုံးထောင်တာ စစ်တပ်က ကင်းပုန်းနဲ့မိလို့ ကိုယ်ထောင်တဲ့ ဗုံးကို ပြန်ဖြုတ်ခိုင်းရာမှာ ဗုံးကွဲပြီး သေဆုံးတဲ့ PDF ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ အတော်များများ ဖြန့်ဝေလျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံဟာ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြဗီနိုင်းချိတ်ဆွဲမှုကြောင့် စစ်တပ်ကပစ်ခတ်လိုက်တဲ့ ကျည်ဆံထိမှန်ခဲ့တဲ့ ဗကသကျောင်းသားတစ်ဦးဖြစ်တယ်လို့ မီဒီယာတွေမှာဖော်ပြပါတယ်။ “အင်းလျားမှာ ဗုံးထောင်နေတဲ့PDFအကြမ်းဖက်ကောင် ရွှေဘ ကင်းပုန်းနဲ့မိ ကိုယ်ထောင်တဲ့ဗုံးကို ပြန်ဖြုတ်ခိုင်းတော့ ကွဲပြီး​ေT နားအေး မှိုင်းဝေ”စသည်ဖြင့်ရေးသားပြီး “Yadanar Maung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဓာတ်ပုံနှင့်အတူ ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ဆန္ဒပြလူငယ်တစ်ဦး […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်အတွင်းက TNLA ဆီကသိမ်းဆည်းရမိတဲ့လက်နက်တွေကို ကျူးကျော်အိမ်တွေရှင်းလင်းမှုကရတဲ့လက်နက်အဖြစ်ပြန်လည်မျှဝေ

ရန်ကုန်မှာ ကျူးကျော်တွေကို ဖျက်သိမ်းပြီးနောက်တွေ့ရတဲ့ လက်နက်တွေလို့ဆိုထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်က တအောင်လွတ်မြောက်ရေးတပ်မတော်(TNLA)ဆီနေ စစ်တပ်က သိမ်းဆည်းရမိတဲ့လက်နက်တွေအဖြစ် အင်တာနက်မှာပျံ့နှံဖူးပြီး ကျူးကျော်တွေဖယ်ရှားရှင်းလင်းစဉ်မှာ လက်နက်အမြောက်အများတွေ့ရတယ်ဆိုတဲ့အထောက်အထားလည်းမတွေ့ရပါဘူး။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုက ရေးသားချက်အချို့ကို ကောက်နုတ်ဖော်ပြရင် အောက်ပါ အတိုင်းဖြစ်ပါတယ်။  “မြို့ အနှံ့က ကျူးတွေ ကို စီမံချက်ချပြီး အဆောတလျင် ဖျက်ပစ်လိုက်တဲ့ အခါမှာတော့ လှိုင်သာယာ ကျူးနဲ့ ဘုရင်နောင် တံတား အောင်ဇေယျ တံတားအောက်ဖက်က ကျူးအိမ်တွေမှာ…… ဒလ ဘက် သံလျှင် ဘက် ရွှေပြည်သာ ဘက်တွေမှာ အား ပါး ပါးးးးပက်ပက်စက်စက်ကြီး ပါပဲ ဗျာ.! သေတ္တာတွေ နဲ့ ဆာလာအိပ် အထုပ်တွေ အပြင် […]

Continue Reading

Fact Check: ဖေ့စ်ဘွတ်မှာ Gg လို့ရိုက်လို့ ပန်းရောင်ပြောင်းတာ အကောင့်လုံခြုံရေးနဲ့ မဆိုင်ပါ

​ ဖေ့စ်ဘွတ်ပို့စ်အကောင့်လုံခြုံမှုရှိမရှိစစ်နည်းဆိုပြီးတော့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်အသုံးပြုသူများအကြား ကြိမ်ဖန် များစွာမျှဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ အကောင့်တစ်ခုဟာ ဖေ့စ်ဘွတ် အကောင့် တစ်ခုလုံခြုံမှုရှိမရှိ ဖေ့စ်ဘွတ်အကောင့်မှာ Gg လို့ရိုက်ကြည့်ခြင်းအားဖြင့် သိရှိနိုင်တယ်လို့ ရေးသားထားပြီး အခြားသော ဖေ့စ်ဘွတ်အသုံးပြုသူများအတွက် အကြံပြုချက်အချို့ပါဝင်ပါတယ်။ “Acc မကြာခဏစစ်ပါ။ အခုတလောမှာ facebookဟာ VPN တွေကြောင့် ခဏခဏLock ကျတတ်ပါတယ် Facebook Acc စစ်ဖို့မပျင်းပါနဲ့ Gg လို့ မန့်ထဲမှာ ရိုက်ကြည့်လိုက်ပါ။ Gg က ပန်းရောင်ပြောင်းသွားရင် အကောင့်လုံခြုံပါတယ်”လို့ ရေးသားထားပြီး “အကြည်တော်” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၉၀၀ ရှိပါတယ်။  အလားတူရေးသားဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်ကဓာတ်ပုံကို ဒေါက်တာဇော်ဝေစိုး အီတလီရောက်နေပုံ အဖြစ်မျှဝေ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး အီတလီနိုင်ငံမှာ ဇိမ်ခံနေပုံအဖြစ် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်အတွင်းက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။   “ခင်ဗျားတို့ကသာ ၊ တောထဲမှာ တိုက်ရင်းသေ၊ သေရင်းတိုက်နေကြတာပါ၊ ဇော်ဝေစိုးကတော့ အီတလီရဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေမှာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ပြီး အေးအေးလူလူ အနားယာနေလေရဲ့ ၊ တစ်ပတ်တစ်ခါ အွန်လိုင်းပေါ်တက် အေးအေးဆေးဆေး ဆွပေးနေယုံဘဲလေ NUG၊ နောက်ခြောက်လထိ သူတို့ မအောင်မြင်လဲ အေးဆေးပဲလေ ဇော်ဝေစိုးက၊ အ သူတွေခံကြပေါ့၊ ရည်မွန်လဲ အရက်သမားဖြစ်ပြီး ဘဝသာဆုံးသွားမယ် တော်လှန်ရေး တော့အောင်မြင်ဖို့ လမ်းစရယ် မရှိတော့ပါလေ၊ #DGF21NewsKOP1”လို့ရေးသားပြီး “ဝဏ္ဏ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဇန်နဝါရီ ၃ ရက်က မျှဝေ ssထားတာရာမှာ […]

Continue Reading

Fact Check: NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ နစက ဗိုလ်ချုပ်တစ်ဦး ငြိမ်းချမ်းရေး ဆွေးနွေးဆိုတဲ့ သတင်းတု

NUG က ဦးရည်မွန်နဲ့ နစက က ဗိုလ်ချုပ်ရာပြည့်တို့ ချင်းမိုင်မြို့မှာ ညှိနှိုင်းကြတယ် ဆိုပြီးတော့ ရေးသား မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ မှားယွင်းကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် ပြန်လည်ရှင်းလင်းထားပါတယ်။ “ပထမဆုံး အတိကျ နှစ်သစ်ကူးလက်ဆောင်သတင်းကောင်း နှစ်သစ်မှာ ငြိမ်းချမ်းပါစေ နစက နှင့် NUG တို့ ချင်းမိုင်မှာ ညှိနိုင်းကြပါတယ်ခင်ဗျာ… GSL 100% 100% 100% 100% ပါ ခင်ဗျ အန်ယူဂျီ ဉီးရည်မွန်မှ ရရှိသတင်းမှန်ပါ သတင်းမှားလျင် တရားစွဲပါ အခုပင် ချင်းမိုင်မြို့ရဲ့ ဟိုတယ်တခုမှာ ဗိုလ်ချုပ်ယာပြည့်နဲ့ ချီးယား ကြပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် ဂိုလ်ရှယ်လေး […]

Continue Reading

Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်ကို တိုက်ခိုက်တဲ့ သတင်းတု

ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ဟာ နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံပို့စ်မှာ ပုံနှိပ်မီဒီယာတစ်ခုက သတင်းဖော်ပြထားတဲ့ သတင်းဖြတ်ပိုင်းကို ပြန်လည်မျှဝေဟန်ရှိပြီး မဲခေါင်းသတင်းဌာနက ရေးသားထားတဲ့သတင်းအဖြစ်လည်းဖော်ပြထားပါတယ်။  “သက်ထားမဉ္ဇူ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံပို့စ်ကို မျှဝေထားတာအောက်ပါ အတိုင်းတွေ့ရပါ တယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အမှန်တကယ်မှာ ဒီလိုသတင်းဌာနတစ်ခုက ဖော်ပြဟန်ရေးသားမျှဝေထားတဲ့ ဓာတ်ပုံပို့စ်ဟာ သတင်းတုမျှဝေနေခြင်းသာဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် အချက်အလက်ရှာဖွေကြည့်ရာမှာ မဲခေါင်သတင်းဌာနအမည်နဲ့ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းမီဒီယာလုပ်ငန်းကို Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။ သို့သော်လည်း ဖေ့စ်ဘွတ်မှာ “MeKong News – မဲခေါင်သတင်း” အမည်နဲ့ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ စာမျက်နှာတစ်ခုတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်စာမျက်နှာမှာလည်း […]

Continue Reading

Fact Check: စပါးရိတ်နေတဲ့ဘုန်းကြီးတွေ ဓာတ်ပုံက မြန်မာနိုင်ငံကမဟုတ်ပါ

စစ်ဘေးရှောင်နေရသူတွေရဲ့ စပါးခင်းတွေကို ဘုန်ကြီးတွေက ကူညီရိတ်သိမ်းပေးနေတဲ့ပုံဆိုပြီးတော့ ဓာတ်ပုံ တစ်ပုံ ၄ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းကပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိပြီး စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံအခြေ အနေနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ဒေသအများအပြားမှာ စစ်ဘေးရှောင်နေကြရပါတယ်။  ဒီလိုအခြေအနေမှာ “ပီယ ပီယ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဒကာ ဒကာမများက စစ်ဘေးရှောင်နေကြတယ်… စပါးများက တခင်းလုံး မှည့်လို့ ဝါထိန်နေကြတယ်… ရဟန်း သံဃာများက ကူရိတ်သိမ်းပေးနေကြတယ်… ” တရားလည်း ဖက်တယ်   စပါးလည်း ထွက်တယ် “ ကြည်ညိုစရာ ကောင်းလိုက်တာ… အရှင်ဘုရားတို့အား ရိုသေစွာ ရှေ့ခိုးကန်တော့လိုက်ပါတယ် ဘုရား။ Photo crd.”လို့ […]

Continue Reading

Fact Check: Mr Bean သေဆုံးတဲ့သတင်းက မဟုတ်ပါ

ဟာသမင်းသားကြီး မစ္စတာဘင်း(Mr. Bean) ဟာ နိုဝင်ဘာ ၂၂ရက်က ကွယ်လွန်သွားပြီဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။  “ဟာသမင်းသားကြီး(၂၂*၁၁*၂၀၂၁)ကွယ်လွန် သွားပါပီ😢”လို့ ရေးသားပြီး “Mg Insein” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကမျှထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မစ္စတာဘင်းရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ Mr Bean မှာယခုစာရေးသားနေချိန်အထိ သူနဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေထင်နေတာတွေ့ရပေမဲ့ သူကွယ်လွန်တယ်ဆိုတဲ့ တစ်စုံတစ်ရာဖော်ပြချက် မတွေ့ရပါဘူး။ မစ္စတာဘင်း(Mr. Bean)လို့ လူသိများတဲ့ ဟာသသရုပ်ဆောင်(Rowan Atkinson)သေဆုံးတယ်ဆိုတဲ့ သတင်းဟာ မဟုတ်ဘဲ လုံးဝကျန်းမာပါတယ်လို့လည်း သူ့အရေးကိစ္စတွေကိုစီမံခန့်ခွဲပေးနေတဲ့ […]

Continue Reading

Fact Check: ရန်ကုန်မှာ ဖမ်းမိတဲ့လက်နက်တွေလား-မဟုတ်ပါ

နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်မှာ ဖမ်းဆီးခံရမိတဲ့ လက်နက်တွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြု သူ အတော်များများက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီဓာတ်ပုံဟာ ဩဂုတ်အတွင်းက မန္တလေးမှာ ဖမ်းဆီးရမိတဲ့ လက်နက်တွေဖြစ်ပါတယ်။  နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးဇေယျာသော်အပါအဝင် ရန်ကုန်အခြေစိုက် တော်လှန်ရေး အင်အားစုတွေကို ဖမ်းဆီးရမိကြောင်း စစ်တပ်ကထုတ်ပြန်ပါတယ်။ ဒီဖြစ်စဉ်ဟာ လူမှုကွန်ယက် အသုံးပြုသူများအကြားရေပန်းစားခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ “နေမင်း၏သားတော်” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NOV  19. ရန်ကုန် ဖြစ်စဉ်  ကွင်းဆက်”လို့ ရေးသားပြီးမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google […]

Continue Reading