Fact Check: ဒီပုံက ရဲတပ်ဖွဲ့ဝင် ၂ ဦး ၂၀၂၀ ခုနှစ်အတွင်း TNLA ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဓာတ်ပုံဖြစ်တယ်

အဖမ်းခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးဓာတ်ပုံနဲ့အတူ ပိုက်ဆံယူ၊သတင်းပေးလုပ်လို့ ယင်းမာပင်မြို့နယ် မြိုင်ဂဲ ရဲစခန်းက စစ်ခုံရုံးအတင်ခံတဲ့ရဲတပ်ဖွဲ့ဝင်တွေအဖြစ်ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်ကတည်းကပျံ့နှံ့လျက်ရှိတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရ ပါတယ်။ “23-6-22 ယင်းမာပင်..မြိုင်.ဂဲစခမ်း.. သတင်းပေး..ပိုက်ဆံယူ…အကျင့်ပျက်..ဖရဲသီးတွေ.. စစ်ခုံရုံးတင်…. Sittway Thitsar .@.ကရင်ပြည်နယ်”စသည်ဖြင့် ရေးသားပြီး “Min Thwe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ ဒီရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ၂၀၂၀ ခုနှစ်အတွင်းက တအာင်းလွှတ်မြောက်ရေးတပ်ဖွဲ့(TNLA)ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မိုးကုတ်က ရဲတပ်ဖွဲ့ဝင် ၂ ဦးဖြစ်တာတွေ့ရပါတယ်။  ပြီးခဲ့တဲ့နှစ်မှာ […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကိုအစိုးရအဖြစ်အသိအမှတ်ပြုဖို့ ကုလသမဂ္ဂဆုံးဖြတ်ဆိုတဲ့ သတင်းတုသတင်းမှား

အာဏာသိမ်း မြန်မာစစ်တပ်ကို မြန်မာနိုင်ငံအစိုးရအဖြစ် ကုလသမဂ္ဂကအတည်ပြုလိုက်ပြီဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက ကုလသမဂ္ဂက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားပြီးဖြစ်ပါတယ်။ “* 21.6.2022 . သတင်ထူးပြီ * ~~~~~~~~~~~~~~~~~~ နစကအစိုးရကိုတရားဝင်အစိုးရပါတဲ့ အမျိုးတို့ရေ😍😍😍 အားလုံး ပျော်ကြရဲ့လားဝေ့ နစက အားတရားဝင်အစိုးရအဖြစ် သတ်မှတ်ရေး အဆိုကို ကုလသမဂ္ဂအစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရာမှာ ထောက်ခံမဲအများစုဖြင့်  “နစက”အား မြန်မာနိုင်ငံအစိုးရအဖြစ် အတည်ပြု👌    ထုံးစံအတိုင်းကန့်ကွက်တာက တူရကီ × ကြားနေတာက USA ; UK , နဲ့အနောက်နိုင်ငံအချို့😎 နစကအားအစိုးရအဖြစ် အတည်ပြုထောက်ခံတာက တရုပ် အိန္ဒိယ ရုရှား အာဆီယံ  ၁၀နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉….ကမ္ဘာ့လူလည် ငပွတွေ စောက်ရှက်ကွဲကုန်ပီ…”စသည်ဖြင့် ရေးသားပြီး “Min […]

Continue Reading

Fact Check: မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံမှာ စတွေ့ပြီလား-မဟုတ်ပါ

မျောက်ကျောက်ရောဂါ ပြည်တွင်းရောက်လာပြီဒီနေ့တစ်ယောက်စတွေ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ဇွန် ၁ရက်စပြီးပျံ့နှံ့ခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “မျောက်ကျောက်ရောဂါ ပြည်တွင်းရောက်လာပြီဒီနေ့တစ်ယောက်စတွေ့တာ ရောဂါက”လို့ ရေးသားပြီး “Ei pone pone tik tok”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဝက်ဘ်ဆိုဒ်လင့်ခ်တစ်ခုကိုမျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည် မျှဝေမှုပေါင်း ၄၀၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အခြားသောပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ ဖေ့စ်ဘွတ်ပို့စ်ပါမျှဝေထားတဲ့ လင့်ခ်တွေနှိပ်ပြီး ဝင်ရောက်ဖတ်ရှု့ရာမှာ “မျောက်ကျောက်နဲ့ ကိုယ်တွေ့ကြုံ အပြင်ထွက်ရင် ယခင်ကလိုပဲနှာခေါင်းစည်းတပ်ကြပါ လက်ကိုမကြာခဏဆေးပါ။ Bus ကားစီးပြီး လက်ကိုင်ကွင်း တန်းတွေလေဖျခါလက်ရန်းတွေ နဲ့လူအများထိတွေ့ကိုင်တွယ်ထားတဲ့ အရာတွေကိုမဖြစ်မနေ ထိတွေပြီးရင် လက်ကိုသေချာ ဆေးကြောပါ။ဘာပဲဖြစ်ဖြစ် မပေါ့ဆကြပါနဲ့။ကျနော့သားကြီးမှာ ယခုလို လက္ခဏာတွေ့ရတာ ၂ ရက်ရှိပါပြီ။လက်ရှိချိန်ထိ လူကတော့ […]

Continue Reading

Fact Check: ဒေါ်လာသန်း ၄၀၀ ကိုဟတ်ကင်းလုပ်ပြီး ဒုက္ခသည်တွေကို လှူဒါန်းခဲ့သူလား-မဟုတ်ပါ

ဘဏ်ပေါင်း ၂၀၀ ကျော်ကို ဟတ်ကင်းလုပ်ပြီး ရတဲ့ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ကို တစ်ပြားမှ မသုံးဘဲ အာဖရိကနဲ့ပါလက်စတိုင်း ဒုက္ခသည်တွေကို လှူဒါန်းခဲ့တဲ့  ကွန်ပျူတာပညာရှင် ဟမ်းဇာဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ရှိပါတယ်။ ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး တည်ဆောက်ဖို့ အတွက် အသုံးမချဘူးဆိုရင် ငွေကြေးနဲ့ရာထူးအာဏာဆိုတာအလကားပဲလို့ သူဟာ ကြိုးမိန့်ပေးခဲ့ရပေမဲ့ နောက်ဆုံးအချိန်မှာ အခုလို ရယ်ပြုံးပြီးတော့ပြောခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ပို့စ် မှာပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ လူမှုကွန်ယက်ပို့စ်ပါစာသားများဖြစ်ပါတယ်။ “ဒို့နိုင်ငံကအဘတွေထက် မင်းမြတ်တယ် ဟမ်း —————————- ဟမ်ဇား၏ ကမ္ဘာကိုပြောခဲ့သောစကား *************************** သူ့နာမည်က ဟမ်ဇား ဘဏ်ပေါင်း ၂၁၇ ခုကို ဟက်ကင်းလုပ် ထိုးဖောက်၀င်ရောက်ပြီးး ကန် ဒေါ်လာ သန်း ၄၀၀ ကျော် ခိုးယူခဲ့ပါတယ်… ပြီးတော့ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက အိန္ဒိယစစ်တပ်က ဒုံးကျည်စမ်းသပ်မှုဗွီဒီဒီယိုသာဖြစ်တယ်

အသံထက်မြန်တဲ့ ဒုံးကျည်တစ်စင်းကို မြန်မာတပ်မတော်က စမ်းသပ်ပစ်လွှတ်အောင်မြင်ခဲ့တယ်ဆိုတဲ့ ဗွီဒီယို ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယစစ်တပ်ရဲ့ မြန်နှုန်း မြင့်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသာဖြစ်ပါတယ်။ “BRAHMOS Super Sonic Crusie Missile  တစ်စင်း၊ မြန်မာ့တပ်မတော်တွင် စမ်းသပ်ပစ်လွှတ် အောင်မြင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် တင်ပြပါရစေ.(ကိုကိုးကျွန်း) Crd ဆရာဗိုလ်ကြီး”လို့ ရေးသားထားပြီး “Sit Min Lwin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဧပြီ ၄ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၉၀၀ ကျော်ရှိထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်း၊ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းတွေ အသုံးပြုပြီး ရှာဖွေရာမှာ […]

Continue Reading

Fact Check: ဘားလမ်းဘက်စ်ကားမှတ်တိုင်ဗုံးခွဲမှုနဲ့ပတ်သက်ပြီး People Defence Force Yangon(PDF)အမည်နဲ့ ထုတ်ပြန်ချက်အတု 

ယနေ့(၂၀၂၂ ခုနှစ်မေ ၃၁ ရက်) ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် ဘားလမ်းဘက်စ်ကားမှတ်တိုင် ဗုံးခွဲခံ ရမှုမှာ People Defence Force Yangon(PDF)က သူတို့လုပ်ရပ်ဆိုပြီးတော့ ထုတ်ပြန်ချက် ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာမျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဝါဒဖြန့် သတင်းတုပြုလုပ်ဖြန့်ချိနေခြင်းဖြစ် တာတွေ့ရပါတယ်။ ဒီဗုံးပေါက်ကွဲမှုမှာလူ ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။   “၃၁-၅-၂၀၂၁ ရက်နေ့ ညနေ (၃)နာရီ (၂၀)အချိန် အစ္စလာမ်ဘာသာဝင် (၁)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ ဘားလမ်းထိပ်တွင် ဖြစ်ပွားခဲ့သော ဗုံးကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ People Defence Force Yangon (PDF) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။”လို့ ရေးသားပြီး “Naing Thein […]

Continue Reading

Fact Check: ဖားပြုတ်ကိုက်လို့သေဆုံးဆိုတဲ့သတင်းဟောင်း ပျံ့နှံ့မှုအားကောင်းနေ

၂၀၁၈ ခုနှစ်အတွင်းပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖားပြုတ်ကိုက်လို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်က အမျိုးသမီးတစ်ယောက်အကြောင်းဟာ လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်ဖြန့်ဝေမှုတွေရှိလာပြီးနောက် ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ “ထမီအောက်၀င်နေသော ဖားပြုပ် အကိုက်ခံရ၍ အမျိုးသမီးတစ်ဦးtay ဆုံးမှု ဖျာပုံမြို့နယ်၌ ဖြစ်ပွား”လို့ခေါင်းစဉ်တပ်ရေးသားထားပြီး “ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ၊ချောင်းတွင်း ကျေးရွာအုပ်စု၊ ရွာမ(၁)တွင် ဧပြီလ (၁၇)ရက် မွန်လွဲ ၃ နာရီခွဲ အချိန်ခန့်က အသက် (၂၆)နှစ်အရွယ် မစုစုဝင်း ဟာ ထမီအောက်မှာဝင်နေတဲ့ ဖားပြုပ်အကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီသတင်းဟာ ၂၀၁၈ ဧပြီ ၁၈ ရက်က […]

Continue Reading

Fact Check: PDF တွေကို ကျည်ပြီးဆေးထိုးပေးမယ်လို့ ဒေါက်တာဇော်ဝေစိုးပြောဆိုတဲ့ သတင်းတု

ရှေ့တန်းက တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို ကျည်မတိုးဆေးထိုးပေးမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုး(NUG)ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုပြီး သတင်းစာဖြတ်ပိုင်းပုံ screenshot တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုပြုလုပ်မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့နေတဲ့ Screenshot ဓာတ်ပုံထဲမှာ ဒေါက်တာဇော်ဝေစိုးဓာတ်ပုံနဲ့အတူ မေ ၁၉ ရက်ကလုပ်တဲ့ NUG နဲ့ CRPH တို့ရဲ့အစည်းအဝေးမှာ သူကပြောကြားခဲ့တာဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ “တစ်နှစ်တာကာလအတွင်း ဆရာတို့ တီထွင်မှုတွေ တိုးတက်မြင့်မားလာ တာအထူးပဲဝမ်းမြောက်ရပါတယ်။”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   ဒီလိုမျှဝေထားတဲ့ပို့စ်တွေကို ဖေ့စ်ဘွတ်အသုံးပြုသူကပေးတဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အပြောင် အပျက်အနေနဲ့ မျှဝေထားကို အများစုက […]

Continue Reading

Fact Check: KNU ကအလင်းဝင်လာတဲ့ဗိုလ်မှူးနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ဆိုပြီးတော့ သတင်းတုဖြန့်

အလင်းဝင်လာတဲ့ ဗိုလ်မှူးတင်လင်းအောင်၊တပ်သားဟိန်းမင်းထွေးတို့မှာစစ်တပ်က သူရဲကောင်းမှတ်တမ်း ရရှိထားသူတွေဖြစ်လို့ သတိထားဖို့နဲ့ စစ်တပ်က လာရောက်ပူးပေါင်းတဲ့သူတွေကို သတိထားစောင့်ကြည့်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်ချက်ဆိုပြီးတော့ထုတ်ပြန်ချက်အတုတစ်ခုပျံ့နှံ့ခဲ့ပါတယ်။ “May La Minn”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“အလင်းဝင်ရောက်လာသူ  ဗိုလ်မှူးတင်လင်းအောင် နဲ့ ပတ်သတ်ပြီး  ကရင်အမျိုးသားအစည်းအရုံး(KNU) ၏အသိပေးထုတ်ပြန် ကြေညာချက်,,, #crdphoto  (3•4•2022)mlm” စသည်ဖြင့် ရေးသားပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် KNU ဒူးပလာယာခရိုင်က အလုပ်အမှုဆောင်ကော်မတီက ဒီထုတ်ပြန်ချက်ဟာ အတုဖြစ်တယ်လို့ ၎င်းတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာက တစ်ဆင့်ရှင်းလင်းထားတာတွေ့ရပါတယ်။  “ယခု ထုတ်ပြန်ချက်သည် စာအတုဖြစ်ပြီး KNU ကော့ကရိတ် မြို့နယ်၏ ထုတ်ပြန်ချက် မဟုတ်ကြောင်း အသိပေးအပ်ပါသည်” မူရင်းလင်ခ့် – ဒူးပလာယာခရိုင် |  Archive link   KNU […]

Continue Reading

Fact Check: နွေဦးတော်လှန်ရေးမှ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်ဆိုတဲ့ သတင်းတုသတင်းမှား

နွေဦးတော်လှန်ရေးမှာ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်လို့ ဒေါက်တာဇော်ဝေစိုးပြော တယ်ဆိုပြီး”NUG CRPH PDF CDM Support”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေလျက်ရှိပါတယ်။ သို့သော် ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “နွေဦးတော်လှန်ရေးတွင်မပါသော AAအပါ အဝင် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကို ဥပဒေနဲ့အညီအရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုး ပြောကြား။ နွေဦးတော်လှန်ရေးမှာမပါတဲ့ရခိုင့်တပ်မတော်အပါအဝင်လက်နက်ကိုင်အဖွဲ့၅ဖွဲ့ကိုဥပဒေနဲ့အရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုးက Video Call ကနေတဆင့်ပြောကြားခဲ့သည်။ ဒေါက်တာဇော်ဝေစိုးကိုဆက်သွယ်မေးမြန်းရာတွင် ဒေါက်တာဇော်ဝေစိုးက ‘အခုနွေဦးတော်လှန်ရေးမှာမပါတဲ့AAနဲ့တခြားအဖွဲ့ ၅ ဖွဲ့ အားလုံးပေါင်း ၆ ဖွဲ့ကို ကျွန်တော်တို့ ဥပဒေနဲ့အညီ အရေးယူပြီးသွားတာနဲ့ လက်နက်ဖျက်သိမ်းခိုင်းမှာပါ၊ လက်နက်မဖျက်သိမ်းရင်တော့ နိုင်ငံတော်ပုန်ကန်မှုနဲ့သူတို့တွေကို တရားစွဲပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးသွားမှာပါ’ဟု ဆိုခဲ့သည်။ လက်ရှိအချိန်တွင် NUGဦးဆောင်သောPDFတပ်ဖွဲ့ဝင်များသည်အရေအတွက်အားဖြင့်၅သိန်းခန့်ရှိကာမြန်မာ့တပ်မတော်ပြီးလျှင်လက်နက်အင်အားအတောင့်တင်းဆုံးအဖွဲ့ဖြစ်ပြီးနိုင်ငံတကာအသိမှတ်ပြုသောတစ်ခုထဲသောမြန်မာနိုင်ငံရှိအစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့စည်းဖြစ်သည်။ #voiceofchina_myanmar Mar 26,2022”လို့ ရေးသားပြီး “NUG CRPH PDF […]

Continue Reading