Fact Check: မြန်မာပြည်အောက်ပိုင်းက လူ ၁ ဒသမ ၃ သန်း ရေဘေးခံစားရမယ်လို့ မိုးလေဝသပညာရှင် ခန့်မှန်းတဲ့ သတင်းတု
မြန်မာနိုင်ငံအောက်ပိုင်းက ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ လူ ၁ ဒသမ ၃ သန်းအထိ ထိခိုက်ခံစားရနိုင်တဲ့ ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ စက်တင်ဘာ ၁၄ ရက်ကစပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျှက်ရှိတာဟာ သတင်းတု သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းခဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “မြန်မာနိုင်ငံ လူဉီးရေ ၁.၃ သန်းနီးပါး ရေဘေးကြုံတွေ့ရမယ့် အခြေအနေ (ရေထပ်ကြီးနိုင်တဲ့ ဒေသများ စာရင်း) သတိပေးနှိုးဆော်ချက်…😔 ဧရာဝတီတိုင်းအတွင်းမှ ဓနုဖြူ၊ ဟင်္သာတ၊ အင်္ဂပူ၊ ကြံခင်း၊ ကျောင်းကုန်း၊ လေးမျက်နှာ၊ မြန်အောင်၊ ညောင်တုန်း၊ ပန်းတနော်၊ […]
Continue Reading
