Fact Check: KNU ဆီက ထွက်ပြေးသွားတဲ့ PDF တွေကို ထိုင်းရဲက ဖမ်းဆီးမှုလား – အထောက်အထားမရှိပါ 

KNU လက်အောက်ကနေ ထွက်ပြေးသွားတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီးမှု လို့ဆိုပြီး ဓာတ်ပုံတပုံနဲ့ အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး။ KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး” Original link | Archive […]

Continue Reading

Fact Check: ဧပြီ ၁ ရက်က စပြီး စုံ/မ ကန့်သတ်ချက်ဖျက်သိမ်းပြီး ၅ ရက်တခါ ဆီထည့်ခွင့်ပြုမယ့် အစီအစဉ်ဆိုပြီး ကောလာဟလ ပျံ့နှံ့

ဧပြီ ၁ ရက်က စပြီး မော်တော်ယာဉ်တွေ စုံရက် မရက် ကန့်သတ်ချက်နဲ့ အပြင်ထွက်ခွင့် ဖျက်သိမ်းလိုက်သလိ ကားနံပါတ်နဲ့ နေ့အလိုက် သတ်မှတ်ချက်ရောင်းချမှာကြောင့် ယာဉ်တစီးဟာ ၅ ရက်တခါပဲ ဆီဆိုင်တွေမှာ ဆီဖြည့်နိုင်တော့မယ် ဆိုပြီးတော့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနောတွေ့ရတယ်။ ကောလာဟလ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ဧပြီလ (၁) ရက်နေ့မှစ၍ ဓာတ်ဆီကားများအတွက် သတင်းကောင်း! စုံ၊ မ စနစ် မခွဲခြားဘဲ ထွက်ခွင့်ရမည်။ ဧပြီလ ၁ ရက်နေ့ကစပြီး ဓာတ်ဆီကားတွေဟာ စုံ/မ နံပါတ်စနစ်ကို လိုက်နာစရာမလိုဘဲ ပုံမှန်အတိုင်း သွားလာခွင့်ရရှိမှာဖြစ်ပါတယ်။ 🌟 […]

Continue Reading

Fact Check: ဦးသန်းရွှေနဲ့ ဦးသိန်းစိန်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းတု

ဦးသန်းရွှေနဲ့ ဦးသိန်းစိန်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပြီဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာတချို့က ဖြန့်ဝေနေတာဟာ သတင်းတုတခုသာဖြစ်တာတွေ့ရတယ်။  ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဓာတ်ပုံထဲမှာ လက်ရှိဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်းက အရပ်ဝတ်နဲ့ ဦးသန်းရွှေကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်လာပါတယ်။ တူညီတဲ့ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါ။ “တပ်တွင်းသတင်း ဦးသန်ရွှေ နဲ့ သိန်းစိန် ကို အကျယ်ချုပ်နဲ့ ဖမ်းလိုက်ပြီတဲ့”  Original link | Archive link အချက်အလက်စိစစ်ချက် အခုလို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို အကျယ်ချုပ်ဖမ်းဆီးလိုက်တဲ့  ဒီသတင်းကို ဒီရက်ပိုင်းမှာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တခုတလေမျှ ဖော်ပြခဲ့ခြင်းမရှိပါဘူး။  ဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: ကော်သူးလေနိုင်ငံရဲ့ ငွေစက္ကူလား- မဟုတ်ပါ 

ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei) ကို တည်ထောင်လိုက်ကြောင်း KTLA ခေါင်းဆောင် စောနယ်ဒါးမြက ဇန်နဝါရီ ၅ ရက်နေ့မှာ အငြင်းပွားဖွယ် ထုတ်ပြန်ကြေညာချက်အပြီးမှာ ဒီနိုင်ငံရဲ့ ငွေကြေးဆိုပြီးတော့ စောနယ်ဒါးမြရဲ့ ပုံနဲ့ ငွေစက္ကူပုံစံတချို့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလာပြီး ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “ကောသူးလေပိုက်ဆံထွက်ပါပြီ တန်‌ဖိုးကတော့ ကောသူးလေပိုက်ဆံ 5000ကို အမေရိကန်ဒေါ်လာ 100နဲ့ ညီမျှသည်ဟုဆို” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ကော်သူးလေသမ္မတနိုင်ငံတော်တည်ထောင်လိုက်ကြောင်းကြေညာချက်အပါအဝင် KTLA ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ Kaw Thoo Lei […]

Continue Reading

Fact Check: TNLA က စစ်ကိုင်းကို ပေးပို့မယ်လက်နက်တွေလား – မဟုတ်ပါ 

TNLA က စစ်ကိုင်းမြို့သိမ်းတိုက်ပွဲအတွက် ပေးပို့မယ့် လက်နက်တွေကို စစ်တပ်က သိမ်းဆည်းရမိတယ် ဆိုတဲ့ပြောဆိုချက်နဲ့အတူ လက်နက်နဲ့ ခဲယမ်းဓာတ်ပုံတွေနဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုနဲ့ ဓာတ်ပုံဟောင်းတွေကို ပြန်လည်ဖြန့်ချိနေခြင်ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “TNLA မှ စစ်ကိုင်းသို့ပေးပို့လက်နက်များ ဖမ်းမိ ပမာဏအလွန်များပြား။ ထို ဖမ်းဆီးခံရမှုကြောင့် PDF များ၏ စစ်ကိုင်းမြို့သိမ်း စစ်ဆင်ရေးမျှော်လင့်ချက် အရောင်မှိန်သွားခဲ့သည်။ ဒီလက်နက်တွေ လမ်းမှာသာ မမိခဲ့ရင် အခုချိန် စစ်ကိုင်းအတွက် မတွေးရဲစရာပဲ 🇲🇲#ဘကြီးအောင်” Original link | Archive link […]

Continue Reading

Fact Check: လေဖြတ်တာကို လက်ထိပ်အပ်နဲ့‌‌‌‌ဖောက်ပြီး ကုသနိုင်သလား- မဟုတ်ပါ

လေဖြတ်လူနာကို လက်ထိပ်မှာ အပ်နဲ့ သွေးထွက်အောင်ဖောက်ပေးပြီး အိမ်မှာပဲ ကုသနိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “ရုတ်တရက် လေဖြတ်သွားတဲ့ လူနာကိုတွေ့ရင် ဒီနည်းလေးအတိုင်း ကယ်ဆယ်ပေးလို့ရတာမို့ သေချာဖတ်ရှုပြီး မှတ်သားထားကြပါနော်။လူတစ်ယောက် ရုတ်တရက်လေဖြတ်သွားပြီဆိုရင် ဦးနှောက်သွေးကြောတွေ တဖြည်းဖြည်းပြန့်ကားသွားတတ်ပြီး အရေးပေါ်ကုသပေးဖို့ လိုအပ်ပါတယ်။ အောက်ပါနည်းလမ်းလေးတွေက လူတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ် ပေးနိုင်ပါတယ်။ လေဖြတ်သွားတဲ့လူနာက ဘယ်နေရာမှာပဲရှိနေပါစေ လုံးဝနေရာမရွှေ့ပေး ပါနဲ့။ သင်သူ့ကို နေရာရွှေ့လိုက်မယ်ဆိုရင် ဦးနှောက်ထဲ သွေးယိုစိမ့်မှုဖြစ်ပြီး ဦးနှောက်သွေးကြောပြတ်နိုင်ပါတယ်။ အိမ်မှာ အေးထိုးအပ်ရှိရင် ပိုကောင်း ပါတယ်။ […]

Continue Reading

Fact Check: ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ဟင်း သွေးတိုးရောဂါကို အမြတ်ပြတ် စေသလား- အထောက်အထားမရှိပါ

ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ကို ၁၀ ရက်ဆက်တိုက် ချက်စားရင် သွေးတိုးရောဂါအမြစ်ပြတ် ပျောက်ကင်းတယ် ဆိုပြီး ပို့စ်တွေဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှု တွေသာဖြစ်တယ်။ တကယ်တော့ သိပ္ပံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ငါးနုသန်းဟာ မြန်မာအခေါ်အဝေါ် ကြောင်ငါးလို့ လူသိများတဲ့ နှုတ်ခမ်းမွေးပါတဲ့ ငါးအုပ်စုဝင်ဖြစ်တယ်။  ငါးတွေဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အိုမီဂါ-၃ ပါဝင်သလို ဒန့်သလွန်ရွက်ဟာလည်း သွေးတိုးကျစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဖလာဗိုနွိုက်(flavonoids)၊ ဖိနောလစ်(phenolics)နဲ့ အက်စထွာဂလင်း(astragalin)တို့ပါဝင်တယ်။ ဒါပေမဲ့ […]

Continue Reading

Fact Check: မြဝတီ အာရှလမ်းမကြီး မြေပြိုမှု ဗွီဒီယိုလား-မဟုတ်ပါ

ဇွန် ၁ ရက်က မြဝတီ အာရှလမ်းမကြီးမှာ မြေပြိုမှုဆိုပြီးတော့ ဗွီဒီယိုတခု မြန်မာဘာသာ အသုံးပြုသူတွေ အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။ ဗွီဒီယိုဟာ အဖြစ်အပျက်မှန် တခုမဟုတ်ဘဲ ဉာဏ်ရည်တုနည်းပညာအသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူ မြဝတီအာရှလမ်းမကြီး မြေပြိုပျက်စီမှုလို့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “အရင်ပြည်နယ်▪︎မြဝတီ 1•6•2025”(မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ဉာဏ်ရည်တုနည်းပညာ အသုံးပြုပြီး ဗွီဒီယိုတွေ ဖန်တီးသူ တဦးက စတင်ဖြန့်ဝေလာတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ မူလ ဗွီဒီယိုဖော်ပြချက်ကို  မေ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စစ်ခေါင်းဆောင် တရုတ်သမ္မတကို ကတိပေးတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပေးလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားတာ တွေ့ရပါတယ်။  တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်တယ်။ ရုရှားစစ်ရေးပြ အခမ်းအနားတက်ရောက်ချိန် ဘေးပေါက် တွေ့ဆုံမှုအနေနဲ့ မြန်မာစစ်တပ်ခေါင်း‌ဆောင်နဲ့ တရတ်သမ္မတတို့ တွေ့ဆုံဆွေးနွေးမှုမှာ ဒီအကြောင်းအရာတွေ ပါဝင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစခရင်ရှော့ကတော့ မေ ၉ ရက်မှာ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ ဒီဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  “စစ်ကောင်းဆောင် ဂတိပေးလိုက်ရပြီ အပစ်ခတ်အားလုံး ရပ်တန့်ရန် တရုတ်သမ္မတ အမိန့်ပေး ဒေါ်စုကို အရေးပေါ် လွှတ်ရန်သဘောတူလိုက်ရပြီ” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: မန္တလေး PDF သင်္ကြန်တွင်းမှာ မြို့ထဲကို ဝင်လာတယ်ဆိုတဲ့ သတင်းမှား

မန္တလေး PDF  က ယခုနှစ် သင်္ကြန်တွင်းမှာ မြို့ထဲဝင်လာတဲ့ ဓာတ်ပုံတွေအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး သင်္ကြန်လည်ပတ်ရာမှာ အသုံးပြုလေ့ရှိတဲ့ မာဇဒါဂျစ်ကားပေါ်က သေနတ်လို့ ယူဆရတဲ့ အရာတွေလွယ်ထားတဲ့ လူရွယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားဖြန့်ဝေထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ် သင်္ကြန်ရေကစားတဲ့ ဖက်ရှင်ပုံတခုသာဖြစ်တယ်။  “မန္တလေး လပခ လုံခြုံရေးအားနည်းချက်ကတော့ MDY PDF က သက်ြန်တွင်းကြီး မြို့ထဲဝင်လာတာ မသိလိုက်ဘူးတဲ့လား။ ဟုတ်ဟုတ် မဟုတ်ဟုတ် လက်နက်အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် လခရ အားနည်းလို့ သူများကဲ့ရဲ့စရာဖြစ်နေတာ။ လပခ တိုင်းမှူး မလှုပ် မရှုပ် မပြုတ် လုပ်နေတာလား။ #အောင်စစ်သည်စစ်သတင်းနှင့်ဗဟုသုတ” Original link | Archive link […]

Continue Reading