Fact Check: ဒီပဲယင်း လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေမှာ ကလေးတွေမပါလို့ သတင်းမှားဖြင့် ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာစာသင်ကျောင်းမှာ KIA နဲ့ PDF ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီနင်းတိုက်ခိုက်မှုမှာ ကျောင်းတက်နေတဲ့ ကလေးငယ် ၇ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီဖြစ်စဉ်ဟာ ပြည်တွင်းမှာ အာဏာသိမ်းစစ်တပ်အပေါ် မကျေနပ်မှုပိုမိုကြီးထွားစေခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ ထုံးစံ အတိုင်းပဲ စစ်တပ်က သူတို့လုပ်ရပ်ဟာ ဘယ်တော့မှ မမှားဘူးဆိုပြီး ဝါဒဖြန့်ချိလွှမ်းမိုးဖို့ကြိုးစားခဲ့ပြီး အခြားသူကို လက်ညှိုးထိုးပြီး တန်ပြန် သတင်းထုတ်လွှင့်မှုတွေဆောင်ရွက်ခဲ့ရာမှာ ဒီဖြစ်ကြောင့် သေဆုံးရသူတွေဟာ လူကြီးတွေသာဖြစ်ပြီး ကလေးတွေ မပါဘူးဆိုတဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။ “မေပျိုဖြူ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးက စက်တင်ဘာ ၂၀ ရက်က မျှဝေထားတဲ့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ စာသား ကောက်နှုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “ဘယ်သူသေသေ ငတေမာဖို့သာ လုပ်နေတဲ့ PDF ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းမှာ ပုန်းခိုနေတဲ့ PDF အကြမ်းဖက်တွေကို […]

Continue Reading

Fact Check: NUG လူ/ကယ်ပြန်ဝန်ကြီး တပ်မ ၉၉ ဗျူဟာမှူးထံမှာ လက်နက်ချ အလင်းဝင်ဆိုတဲ့သတင်းမှား

တပ်မ ၉၉ တံဆိပ်ပါရှိတဲ့ စစ်သားတစ်ယောက် ဒေါက်တာဝင်းမြတ်အေးနဲ့ ရယ်မောစကားပြောကာ လက်ဆွဲ နှုတ်ဆက်နေတဲ့ ဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဒေါက်တာဝင်းမြတ်အေး လက်နက်ချ အလင်းဝင်ဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားမှာ ပျံနှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ NLD အစိုးရလက်ထက်မှာ လူကယ်ပြန်ဝန်ကြီး တာဝန်ယူခဲ့စဥ်က ဖြစ်ပြီး ၊ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မောင်းတောဒေသကို သွားရောက်ခဲ့စဉ် တပ်မ ၉၉ က စစ်သားတွေ အရာရှိတွေနဲ့ တွေ့ဆုံ နှုတ်ဆက် စကားပြောနေတဲ့ ဓာတ်ပုံသာ ဖြစ်ပါတယ်။ “လက်နက်ချ အလင်းဝင်ရောက်လာသည့်   NLD ဝန်ကြီးဟောင်း အား  ရှေ့တန်းတပ်မ ၉၉ နည်းဗျူဟာမှူးမှ လှိုက်လှဲစွာ ကြိုဆို”လို့  ရေးသားပြီး “ဇော် မင်း လွင်” အမည်နဲ့ […]

Continue Reading

Fact Check: အကြမ်းဖက်မှုတွေအတွက် ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်တဲ့သတင်းတု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးဝင်းထိန်က အကြမ်းဖက်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်ဆိုပြီးအပြစ်တင်ထားတဲ့သတင်းတု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပုံနှိပ်သတင်းကို ဓာတ်ပုံရိုက်ထားဟန်ပို့စ်မှာ ဦးဝင်းထိန်က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်က နေပြည်တော် ဉတ္တရခရိုင်တရားရုံး ရုံးထုတ်အပြီးမှာ ပြောခဲ့တာလိုဆိုပြီး သူ့ရဲ့ပြောကြားချက်အနေနဲ့ “ကျွန်တော်လည်း အသက် (၈၀) ပြည့်တော့မယ်၊ အေးအေးချမ်းချမ်းနေချင်ပြီဗျာ၊ ထောင်တွေတန်း တွေလည်း အကျမခံချင်တော့ဘူး၊ အစိုးရသက်သေအဖြစ်နဲ့ ကျွန်တော်သိထားသမျှတွေ ထွက်ဆိုပေးချင်တယ်၊ အဓိက မဲကိစ္စပေါ့၊ မဲမခိုးခဲ့ရင် တပ်မတော်ကလည်း အာဏာသိမ်းမှာ မဟုတ်ဘူးလေ၊ အခုက တိုင်းပြည်အခြေအနေမကောင်းဘူး၊ စီအိုင်အေ ခြေရှုပ်ခဲ့တာလည်း ပါတယ်၊ ကျွန်တော်တားတော့ ကျွန်တော့်ကို စိတ်ဆိုးတယ်၊ ဒါကြောင့် ဩစတြေးလျကို ကျွန်တော်ထွက်သွားခဲ့တာ၊ နိုဗယ်ငြိမ်းချမ်းရေးဆုကို ပိုင်ဆိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အကြမ်းဖက်တဲ့လုပ်ရပ်တွေကို တားဆီးသင့်တယ်၊ အလိုတူနေလို့ မတားတာလဲ […]

Continue Reading

Fact Check: ပြည်ပရောက် KBZ PAY အသုံးပြုသူတွေပိတ်ဆို့ခံရဆိုတာမဟုတ်ပါ

ပြည်ပရောက် KBZ PAY အသုံးပြုသူတွေဟာ ဒီငွေကြေးဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်တော့မှာ မဟုတ် ကြောင်း KBZ PAY ကထုတ်ပြန်လိုက်တယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ KBZ PAY အသုံးပြုသူတွေဟာ ပြည်ပမှာ KBZ PAY ကိုအသုံးပြုနိုင်မှာမဟုတ်ဘဲ ပြည်တွင်း ပြန်လည်ရောက်ရှိချိန်မှသာလျှင် သူတို့ရဲ့ ငွေတွေကို ပြန်လည်အသုံးပြုနိုင်မယ်ဆိုပြီး KBZ PAY ကပေးပို့တယ်ဆို တဲ့ စာသားဓာတ်ပုံတစ်ခုလည်းပါဝင်ပါတယ်။ “MDY news center”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ တူညီတဲ့ပြောဆိုချက်တွေပါဝင်တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပြည်ပရောက် KBZ PAY အသုံးပြုသူများ ဆက်လက်အသုံးပြု့နိုင်မည်မဟုတ်ပဲ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိချိန်မှသာလျှင် Login ပြန်လည်ဝင်ရောက် အသုံးပြု့နိုင်မှာဖြစ်ကြောင်း KBZ pay မှထုတ်ပြန်လိုက်ကြောင်းသိရှိရ” […]

Continue Reading

Fact Check: KIA ရုံးချုပ် လိုင်ဇာက သိမ်းဆည်းရမိတဲ့လက်နက်တွေ ဓာတ်ပုံလား-မဟုတ်ပါ

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ လိုင်ဇာမြို့က ကာကင်းကုန်း ၃ ကုန်းကို မြန်မာတပ်မတော်က သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိတဲ့အခြေအနေဆိုကာ တန်းစီထားတဲ့ လက်နက်ဓာတ်ပုံ အပါအဝင် ဓာတ်ပုံ ၄ ပုံနဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်ပါတယ်။ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကတည်းက အကြောင်းအရာအမျိုးမျိုးနဲ့ ပျံ့နှံ့လျှက် ရှိတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါစာသားတွေပဲဖြစ်ပါတယ်။ “တပ်မတော်၏ထိုးစစ်ကြောင့် အကြမ်းဖက် kia အဖွဲ့ခေါင်းဆောင် အင်ဘန်လှ  တရုတ်နိူင်ငံ ခွေးမှင်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရပြီး  လိုင်ဇာမြို့ရဲ့ ကာကင်းကုန်း(၃)ကုန်းကို တပ်မတော်က သိမ်းပိုက် အပြီးမြန်မာ့တပ်မတော်ကို အလှူကြီးပေးခဲ့တဲ့ဓါတ်ပုံတွေကို အခုလိုတွေ့ရပါတယ် ၊ ဒီလက်နက်တွေကို ရှမ်းနီ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက်ပေးအပ်သွားမယ်လို့သိရပါတယ် ၊ Aung Min”လို့ ရေးသားပြီး “ထွန်း ထွဋ် ဝင်း” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ […]

Continue Reading

Fact Check:  စစ်ကိုင်းကျွန်းလှတိုက်ပွဲက ဓာတ်ပုံတွေကို ရခိုင်ပြည်နယ် မောင်းတော တိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်တွေအဖြစ်ပျံ့နှံ့

ရခိုင်ပြည်နယ် မောင်းတောတိုက်ပွဲ (မိုင်တိုင်မှတ် ၃၅ )မှ သိမ်းဆည်းရမိသော စစ်ကောင်စီဘက်မှ လက်နက်ခဲ ယမ်းများဟုဆိုကာ လက်နက်ခဲယမ်းပုံ၊ စီတန်းထောင်ထားတဲ့ လက်နက်ပုံတွေနဲ့ တပ်မ ၃၃ တံဆိပ်နဲ့ စစ်ကောင်စီဝတ်စုံတွေကို ရိုက်ယူထားတဲ့ ဓာတ်ပုံ ၃ ပုံဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု့ရှိခဲ့ပါတယ်။  တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဩဂုတ်လ ၂၈ရက် နေ့က စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်စဉ်ကပုံများဖြစ်ပါတယ်။ ” ၉.၉.၂၀၂၂ မောင်တော(မိုင်တိုင်မှတ်၃၅) တိုက်ပွဲတွင်သိမ်းဆည်းရမိသော စကစလက်နှက်ခဲယမ်းများ စကစဖက်မှ၃၀ထက်မနည်းကျဆုံးပြီး အရှင်၃ကောင်ဖမ်းမိ” ဆိုပြီး  ဓာတ်ပုံဟောင်းကို အသုံးပြုပြီး  “ 𝐓𝐇𝐀𝐍 𝐓𝐖𝐀𝐍 𝐒𝐎𝐄 – 𝐏𝐑𝐀𝐘 𝐓𝐖𝐀𝐍 “ဆိုတဲ့အကောင့်အမည်နဲ့ ဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading

Fact Check: Voice of Mandalay ဖေ့စ်ဘွတ်စာမျက်နှာစီမံခန့်ခွဲသူ အဖြစ်ဖော်ပြ နေတဲ့ဓာတ်ပုံအမှား

Voice of Mandalay page ရဲ့ admin တစ်ဦးဖြစ်တဲ့ မယုဝေမြင့် မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေးခံထားရပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အဝါရောင် ရင်စေ့အင်္ကျီနဲ့ လှလှပပအမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံနဲ့ အခြားရိုက်နှက်ထုထောင်းခံ ထားရလို့ မျက်နှာမှာဖူးယောင်နေပြီး မျက်လုံးလုံးဝဖွင့်လို့မရဘဲ ဒူးထောက်လက်မြှောက်ပုံစံနဲ့ ဓာတ်ပုံရိုက်ခံထား ရသူတစ်ဦးရဲ့ဓာတ်ပုံတစ်ပုံပါဝင်ပါတယ်။  တစ်ပုံဟာ မယုဝေမြင့်အဖြစ်မှန်ကန်ပေမဲ့ ကျန်တဲ့တစ်ပုံဟာ ကလေးမှာ စစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ကိုနေသူထွန်း(ခ) ပုပုဖြစ်ပါတယ်။ “Voice of Mandalay page ရဲ့ admin လို့ စွပ်စွဲခံရတဲ့ Yuh Wai Myint ကို မနေ့က မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေး ခံထားရ❗ စက်တင်ဘာ ၁၄ #bahaninformation #DMZ”လို့ ရေးသားပြီး “Zaw […]

Continue Reading

Fact Check: မြောက်ဦးနန်းမြို့ရိုးဟောင်းအား AA ဗုံးခွဲဖျက်ဆီးခဲ့သလား

ရှေးဟောင်းအမွေအနှစ် မြောက်ဦးနန်းမြို့ရိုးဟောင်းကို ရခိုင့်တပ်တော်(AA)က ဗုံးဖောက်ခွဲပြီး ဖျက်ဆီးပစ် တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိရာနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာမတွေ့ရပါဘူး။ “AA မှ မြောက်ဦးနန်းမြိုရိုးဟောင်းအား ဗုံးခွဲဖျက်ဆီး မြောက်ဦး နန်းမြိုရိုးဟောင်းကို AA က ဒီမနက် ၉ နာရီ ၂၀ ခန့်က ဗုံးခွဲခဲ့တာဖြစ်ပါတယ်။ AA က ရခိုင်ရိုးရာ ရှေးဟောင်းအမွေအနှစ်ကို အခုလို ဖောက်ခွဲဖျက်ဆီးတာဖြစ်ပါတယ်။ မြောက်ဦးမြိုထဲမှာလည်း AA အဖွဲတွေ အများအပြားရောက်ရှိနေပြီး မြောက်ဦးမြိုကို မီးရှိဖို လုပ်နေတယ်လို သိရတယ်။ ဒီလုပ်ရပ်တွေကို AA က လုပ်ပြီး တပ်က လုပ်တယ်ဆိုပြီး မဟုတ်မမှန် ဝါဒဖြန့်မှုတွေကိုပါ လုပ်ဆောင်နေတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း ထွန်းမြတ်နိုင် ကလည်း တပ်က အရပ်ဘက်ပစ်မှတ်တွေကို ပစ်မှတ်ထားနေတယ်ဆိုပြီး ပြောဆိုထားတာနဲ့မကြာခင်မှာ […]

Continue Reading

Fact Check: NUG အတွက်လက်နက်မှောင်ခိုသွင်းသူ Mr.Notorious Dutch ဖူးခတ်မှာဖမ်းမိဆိုတဲ့သတင်းတုသတင်းမှား

 NUG အတွက်လက်နက်များကို ပွဲစားလုပ်တင်သွင်းပေးနေသူ စပိန်လက်နက်ကုန်သည်တစ်ဦးကို ဖမ်းမိပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံး ပြုသူတွေအကြာမှာ ပျံ့နှံ့လျှက်ရှိပါတယ်။ Mr.Notorious Dutch လို့ခေါ်တဲ့ လက်နက်ပွဲ စားကို ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှာ ဖမ်းမိတာဖြစ်ပြီး သူနဲ့ ချိတ်ဆက်နေတဲ့ မြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန် တစ်ဦးရဲ့ ဓာတ်ပုံကို ထိုင်းတော်ဝင်ထောက်လှမ်းရေးမှထုတ်ဖော်ရရှိတယ်လို့လည်း ရေးသား ထားပါတယ်။ သတင်းတုတစ်ခုသာဖြစ်ပါတယ်။ အောက်ပါစာသားနဲ့ Screenshot ကတော့ ဩဂုတ် ၂၇ ရက်က မျှဝေခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ပါအကြောင်း အရာဖြစ်ပါတယ်။ “NUG အတွက် လက်နက်များကို ပွဲစားလုပ်တင်သွင်းပေးနေသူစပိန်လက်နက်မှောင်ခိုကုန်သည်တစ်ဦးအား ဖူးခက်ကျွန်းတွင် ဖမ်းမိ၊ ၎င်းနှင့် လျှို့ဝှက်ချိတ်ဆက်နေသောမြန်မာနိုင်ငံသားစပိန်ဧည့်လမ်းညွှန်တစ်ဦး၏ ဓာတ်ပုံကို ထိုင်းတော်ဝင်ထောက်လှမ်းရေးမှ ထုတ်ဖော်  á‚၀၂၁ ၊ စက်တင်ဘာ  á‚၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ Dusit Patra […]

Continue Reading

Fact Check: ချေးငွေလုပ်ငန်းအယောင်ဆောင်ဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်တယ်-မယုံပါနဲ့

မြန်မာနိုင်ငံက နာမည်ရှိ စီးပွားရေးလုပ်ငန်းတွေရဲ့အမည်ကို ဆင်တူယိုးမှားအသုံးပြုပြီး အွန်လိုင်းကနေ ငွေချေးနိုင်တယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါင်းများရှိနေပါတယ်။ ပိုက်ဆံ အမှန်တကယ် လိုအပ်နေတဲ့ မသိနားမလည်သူတွေကို ပစ်မှတ်ထားပြီးလိမ်လည်လှည့်ဖြားနေတဲ့စာမျက်နှာတွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ချေးငွေလုပ်ငန်းအယောင်ဆောင်စာမျက်နှာတစ်ခုက ဖော်ပြထားတဲ့စာသား တွေပဲဖြစ်ပါတယ်။ ဒီစာသားတွေနဲ့အတူ ကျပ် ၁၀၀၀၀ တန်တွေ အထုပ်လိုက်တင်ထားတဲ့ ခုံရှည်တစ်ခုရှေ့မှာ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးယောက်ရပ်နေတဲ့ပုံကိုလည်းပါဝင်ပါတယ်။ “မင်္ဂလာပါရှင့် 🙏🙏 မြစိမ်းရောင်ချေးငွေလုပ်ငန်း မှ လူကြီးမင်းတို့ လုပ်ငန်းအတွက်လိုအပ်တဲ့ချေးငွေကိုလျောက်ထားနိုင်ပါပြီရှင် နေ့စဉ် နံနက် (7:30) မိနစ် မှ ညနေ (6:30) မိနစ်အထိရုံးဖွင့်လှစ်ထားပါတယ် (အတိုးငွေမှာ (1) ks တိုးနှုန်းဖြစ်ပါတယ်) (5)သိန်းကျပ် မှစတင်၍ ကျပ်သိန်း(500)ထိ ချေးငွေထုတ်ယူနိုင်ပါသည် (လစဉ်ပုံမှန်သာအတိုးကိုပေးဆောင်ရပါမည်) (ချေးငွေလျောက်ထားရန် အချက်လက် ဘာတွေလိုမလည်း) 1=အမည် နေရပ်လိပ်စာ အလုပ်အကိုင် 2=မှတ်ပုံတင်/ရှေ့/နောက်/နှစ်ပုံ 3=အိမ်ထောင်စုစရင်း […]

Continue Reading