Fact Check: နစကအစိုးရဖျက်သိမ်းလိုက်ကြောင်းမင်းအောင်လှိုင်ကြေညာတဲ့ သတင်းတု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) အစိုးရကို ဖျက်သိမ်းလိုက်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြေညာဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၂)ရက်နေ့ အထူးသတင်း နကစအစိုးရ ဖျက်သိမ်းလိုက်ကြောင်း မင်းအောင်လှိုင် ရှုံးမဲမဲနဲ့ ကြေညာပြီ” လို့ဆိုပြီး  “Share Local Media” အမည်နဲ့ယူကျု့ချန်နယ်ကနေ ရေးသားဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ အလားတူ တူညီတဲ့ ဗွီဒီယိုပို့စ်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းခေါင်းစဉ်မှာ တပ်ထားသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နကစ) အစိုးရကို ဖျက်သိမ်းလိုက် ကြောင်း မင်းအောင်လှိုင်ကြေညာဆိုတဲ့ အကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက်ကို မတွေ့ရှိရပါဘူး။  ဗွီဒီယိုထဲမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။ ဗွီဒီယိုထဲမှာပါဝင်တဲ့ သတင်းအကြောင်းအရာတွေက […]

Continue Reading

Fact Check: အာဏာသိမ်းစစ်တပ်ကို အမေရိကန် စစ်ကြေညာမှု သတင်းတု

မြန်မာအာဏာသိမ်းစစ်တပ်ကို အမေရိကန်က စစ်ကြေညာမှု သတင်းတုဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံဖြစ်တယ်။ အလားတူတဲ့ဖြန့်ဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။  “အမေရိကန် က စစ်ရေးနဲ့စကားပြောပြီ ဒေါ်စု ချက်ချင်းလွှတ်ရမည် နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံ မလွှတ်ရင် ယူကရိန်းလိုမျိုး NUG ကို တရားဝင်လက်နက် တပ်ဆင်‌ပေးမည်” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ပြောဆိုချက်မှာလည်း ဒီလိုပါပဲ။ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေမှုမှာတော့ မြန်မာစစ်တပ်ကို အမြစ်ဖြတ်ဖို့ လက်နက်နဲ့တိုက်ခိုက်မှရမယ်လို့ အမေရိကန်က တရားဝင်စစ်ကြေညာလိုက်ပြီလို့ ရေးသားထားရာ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရရှိထားပါတယ်။ ဒီနေရာမှာ ကြည့်ပါ။ “စစ်တပ်ကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ပြီ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး စျာပန လာရောက်ပုံလား-မဟုတ်ပါ 

စစ်တပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သရဲ့ စျာပနကို စစ်‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ပုံလို့ ဆိုလိုထားတဲ့ ဓာတ်ပုံတပုံ လူမှုကွန်ယက် စာမျက်နှာတွေက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်က နေပြည်တော် လယ်ဝေးက ဆရာတော်တပါးပျံလွန်တော်မူစဉ်က သွားရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒါဘိဝံသ မဟန ​(ငြိမ်း) ဆရာတော်ကို PDF တွေက ပစ်ခတ်ပါတယ်ဆိုပြီး အ သူ့လက်အောက်ခံ နိုင်ငံပိုင်သတင်းဌာနတွေကတဆင့် တစ်နိုင်ငံလုံးကို လိမ်လည်ခဲ့ပြီး ပဲခူးဆရာတော်နဲ့အတူ ကားပေါ်မှာ လိုက်ပါလာတဲ့ ကံသုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်အရသာ အဖြစ်မှန်ကို သိရှိခဲ့ရကြောင်း၊ ဒီလိုစစ်တပ်ရဲ့ […]

Continue Reading

Fact Check: ရေစကြိုနဲ့မြိုင်အစပ် စိုင်သေနဲ့ သံပြာချောင်းရွာအား စစ်တပ်ကမီးရှို့မှုကို PDF ကမီးရှို့မှုအဖြစ်ဖြန့်ဝေ

အောက်တိုဘာ ၂၉ ရက်က PDF တွေက ရေစကြိုမြို့နယ်၊ စိုင်သေရွာနဲ့သံပြာချောင်းရွာတို့အား ဝင်ရောက် ဖျက်ဆီး မီရှို့နေပြီး စိုင်သေကျေးရွာမှာ အိမ်ခြေသုံးပုံနှစ်ပုံခန့်မီးလောင်ကျွမ်းခံထားရတာ နစကအထက် လူကြီးများ သိစေရန်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိပါတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှားတစ်ခု ဖြစ်ပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့မှုအဖြစ် လွတ်လပ်တဲ့ မီဒီယာအများအပြားကဖော်ပြပါတယ်။ အောက်ပါပို့စ်ကတော့ ဒီလိုဖော်ပြပါရှိတဲ့ ပို့စ်တစ်ခုက စာသားတွေပဲ။ “နစက အထက်လူကြီးမင်းများသိစေရန် =============================== မကွေးတိုင်း၊ ရေစကြိုနယ်နှင့် မြိုင်နယ်အစပ်ရှိ  စိုင်သေရွာနှင့် သံပြာချောင်းကျေးရွာများအား  pdf များမှ ဝင်ရောက်ဖျက်ဆီးမီးရှို့နေ၍  ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း  ဒေသခံများမှ ​ သတင်းပေးပို့လာပါတယ် ယနေ့  (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီခန့်က စတင်ကာ pdf များသည် […]

Continue Reading

Fact Check: ဆန္ဒပြသူတွေကို ရပ်ကွက်ကတုတ်၊ဓါးနဲ့လိုက်ရိုက်နှက်တဲ့ဗွီဒီယိုလား- မဟုတ်ပါ

ရပ်ကွက်အတွင်းလာရောက်ဆူပူအော်ဟစ်ပြီးနောက် ရပ်ကွက်သူ၊ရပ်ကွက်သားတွေက တုတ်၊ဓားတွေနဲ့ လိုက်ရိုက် လို့ ထွက်ပြေးရတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဇန်နဝါရီ ၁၂ ရက်ကစတင်ပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ၉ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုထဲမှာ ဆန္ဒပြသူတွေဟာ “အောင်ရမည်”လို့ သံပြိုင်ရွတ်သံပါဝင်ပြီး ရှေ့မှာ ဗျောအိုးတစ်ခုက ဗျောက်ပေါက်ကွဲသံလည်းပါဝင်ပြီး “ခွဲ”၊ “ခွဲ”ဆိုပြီးစကားသံလည်းပါဝင်ပြီး အလျှင်အမြန်လူစုခွဲခဲ့ကြတာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ မီဒီယာတစ်ခုမှာဖော်ပြပါရှိတဲ့ လျှပ်တပြတ်ဆန္ဒပြဗွီဒီယိုတစ်ခုသာဖြစ်ပြီး ရပ်ကွက်က တုတ်၊ဓားနဲ့လိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ စစ်တပ်ကဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲမှု တွေကြောင်း ဧပြီလနောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ လျှပ်တပြတ်ဆန္ဒပြပွဲတွေသာ လုပ်ဆောင်လေ့ရှိတာ တွေ့ရပါတယ်။ “ရပ်ကွက်အတွင်း လာရောက်ဆူပူအော်ဟစ်သူများအား  ရပ်ကွက်သူ/ရပ်ကွက်သားများက တုတ်၊ဓါးများဖြင့်  ခြောက်လှန့်မောင်းထုတ်ခဲ့သဖြင့် ဆူပူအ​​​ကြမ်းဖက်သူများအ​​ဖြင့် အောင်ရမည်ဟု ဆုံးအောင် ရွတ်ဆိုနိုင်ခြင်းမရှိပဲ ထွက်ပြေးခဲ့ရ ရန်ကုန်၊ ဇန်နဝါရီ ၁၂ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက စစ်အာဏာသိမ်းဆန္ဒပြနဲ့ သက်ဆိုင်ခြင်းမရှိပါ

ယခုရက်ပိုင်းအတွင်းမှာ စစ်အာဏာသိမ်းမှုကို ရန်ကုန်အပါအဝင် မြို့အများအပြားမှာဆန့်ကျင် ဆန္ဒပြလျက်ရှိ တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ နိုင်ငံတဝှမ်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုအဖြစ် ဓာတ်ပုံတွေကို လူမှုကွန်ယက်မှာမျှဝေလတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ မသွားခင် ထောက်ခံပွဲတုန်းကပုံတွေဖြစ်သလို မန္တလေးက သံဃာအပါး ၃၀၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲက ပုံတွေလည်းပါဝင်ပါတယ်။ “အပြည်ပြည်ဆိုင်ရာ တရားရုံးကလူကြီးမင်းများ သိပါစေ နိုင်ငံတကား လူအများသိပါစေ  #WeStandWithDawAungSanSuuKyi #Myanmar  #photocrd #crd”လို့ ရေးသားပြီး “Daw EiEi Mon” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂ သောင်းဝန်းရှိပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို […]

Continue Reading

About Us

Fact Crescendo (www.factcrescendo.com) is an independent digital journalism initiative and is a part of Crescendo Transcription Private Limited (CTPL) a private limited company registered in India. (www.crescendotranscriptions.com)  Fact Crescendo (www.factcrescendo.com) is an independent digital news platform and has a separate dedicated team solely working for fact checking news/claims. “Fact Crescendo is an independent, unbiased fact-checking […]

Continue Reading