Fact Check: ဒီဓာတ်ပုံတွေက စစ်အာဏာသိမ်းဆန္ဒပြနဲ့ သက်ဆိုင်ခြင်းမရှိပါ

Misleading နိုင်ငံရေး

ယခုရက်ပိုင်းအတွင်းမှာ စစ်အာဏာသိမ်းမှုကို ရန်ကုန်အပါအဝင် မြို့အများအပြားမှာဆန့်ကျင် ဆန္ဒပြလျက်ရှိ တာတွေ့ရပါတယ်။

ဒီလိုအခြေအနေမှာ နိုင်ငံတဝှမ်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုအဖြစ် ဓာတ်ပုံတွေကို လူမှုကွန်ယက်မှာမျှဝေလတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။

တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ မသွားခင် ထောက်ခံပွဲတုန်းကပုံတွေဖြစ်သလို မန္တလေးက သံဃာအပါး ၃၀၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲက ပုံတွေလည်းပါဝင်ပါတယ်။

“အပြည်ပြည်ဆိုင်ရာ တရားရုံးကလူကြီးမင်းများ သိပါစေ

နိုင်ငံတကား လူအများသိပါစေ 

#WeStandWithDawAungSanSuuKyi

#Myanmar 

#photocrd #crd”လို့ ရေးသားပြီး “Daw EiEi Mon” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၂ သောင်းဝန်းရှိပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link 

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံးသွားရောက်စဉ်က ထောက်ခံပွဲတုန်းက ဓာတ်ပုံဖြစ်တာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Free4readersArchive link

ထို့အပြင် မန္တလေးက ထောက်ခံပွဲအဖြစ်ဖော်ပြနေတဲ့ ပုံဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၈ ရက်က သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲ (မန္တလေးမြို့) ကမ္ဘာ့ အကြီးဆုံး သံဃာဆွမ်းလောင်းလှူ ပွဲကြီးက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ဗွီဒီယိုကို အောက်ပါလင့်ခ်မှာကြည့်ရှူ့နိုင်ပါတယ်။

သုံးသပ်ချ

အာဏာသိမ်းမှုမဖြစ်ခင် တစ်နှစ်ကျော်က ပုံတွေကို အသုံးပြုပြီး လျက်ရှိဆန္ဒပြမှုအဖြစ် မျှဝေနေခြင်းဖြစ်သလို ဆွမ်းဆန်စိမ်းလောင်းလှူပွဲက ပုံကိုလည်းထောက်ခံပွဲအဖြစ်ဖော်ပြထားခြင်းဖြစ်ပါတယ်။

Avatar

Title:ဒီဓာတ်ပုံတွေက စစ်အာဏာသိမ်းဆန္ဒပြနဲ့ သက်ဆိုင်ခြင်းမရှိပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *