Fact Check: ကန့်ဘလူ ပျူစောထီးခေါင်းဆောင် ဦးဝါသဝ သေဆုံးမှု သတင်းတု

ကန့်ဘလူက သင်္ဃန်းဝတ် ပျူစောထီးခေါင်းဆောင် ဦးဝါသဝ သေဆုံးသွားပြီ၊ စခန်းကျသွားပြီ၊ လက်နက်ချပြီ ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယျူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဩဂုတ် ၁၅ ရက်ကမျှဝေထားတဲ့ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃ ‌သောင်း‌ကျော်ရှိပါတယ်။ “August 15,ဦးဝါသဝ ပွဲသိမ်းသွားပြီ” မူရင်းလင်ခ့် – Youtube link  | Archive link အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ကန့်ဘလူအခြေစိုက် ၅၅၀ ဆရာတော်လို့ လူသိများခဲ့တဲ့ မဘသ ခေါင်းဆောင် ဦးဝါသဝဟာ စစ်တပ် ထောက်ခံသူ အဖြစ် လူသိများခဲ့ရာကနေ စစ်အာဏာသိမ်းအပြီး လက်နက်ကိုင်တော်လှန်ရေးပေါ်‌ပေါက်လာ ချိန်မှာ စစ်တပ်က ဒေသတွင်းတော်လှန်ရေးအင်းအားစုတွေကို […]

Continue Reading

Fact Check: ဒီဓာတ်ပုံပါ ကလေးငယ်တွေဟာ ဒီမော့ဆို စစ်ရှောင်းစခန်းကဖြစ်ပြီး ကန့်ဘလူ ပဇီကြီးရွာကမဟုတ်ပါ

ကန့်ဘလူ ပဇီကြီးရွာက အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေး ရုံးဖွင့်ပွဲ အခမ်းအနားတစ်ခုကို မြန်မာစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်နဲ့ အမျိုးသမီးများအပါအဝင် ရာဂဏန်းထက်မနည်း ထိခိုက်သေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ပဇီကြီးရွာကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ကလေးငယ်တွေ ထမင်းစားနေစဉ်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။  တကယ်တော့ ဓာတ်ပုံတွေဟာ ကယားပြည်၊ ဒီမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ကလေးငယ်တွေ့ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။  “ကန့်ဘလူမြို့၊ ပဇီကြီးရွာကအခင်းမဖြစ်ပွားမှီကလေးငယ်များ ထမင်းစားနေကြပုံ😥😥 #credit”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံကို ကြည့်ပါ။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ […]

Continue Reading