Fact Check: သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ထိုင်းကျောင်းသားနဲ့ မိခင် အွန်လိုင်းက စကားပြောခန်းလား- အထောက်အထားမရှိပါ
ဩဂုတ်လ ၇ ရက်က ဘန်ကောက်မြို့ အနီးက ဒက်ဘ်ဆီရင် နွန်သဘူရီ(Debsirin Nonthaburi) ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းဖွယ်ပစ်ခတ်မှုမှာ အသက် ၁၄ နှစ်အရွယ် ပစ်ခတ်သူအပါအဝင် ၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ဒီသတင်းဟာ မြန်မာဘာသာနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပြောဆိုမျှဝေမှုများပြားခြင်းနဲ့အတူ ကောလာဟတွေလည်း ပျံ့နှံ့နေပါတယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှု အားကောင်းနေတဲ့ သံသယရှိသူ၊ ၎င်းရဲ့ မိသားစုနဲ့ ပတ်သက်ပြီးအတည်ပြုချက်မရှိတဲ့ ကောလာဟလတခုရဲ့ ပြောဆိုမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ပြောဆိုမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “မနေ့က စာသင်ကျောင်းမှာဖြစ်သွားတာ အားလုံးသိပြီး ဖြစ်မှာပါ။ ဒီထဲမှာမှ ကျူးလွန်သူကျောင်းသားရဲ့ သူအမေနဲ့နောက်ဆုံး စကားပြောခဲ့တဲ့ screen shot ကို စိတ်၀င်စားစရာေတွတွေ့ရတယ်။ […]
Continue Reading
