Fact Check: သေနတ်ကျည်ထိမှန်ကျဆုံးခဲ့သည့် ဆေးကျောင်းသား ကိုခန့်ညားဟိန်းကို ဒေါက်တာဇော်ဝေစိုးရဲ့ သားအဖြစ်ဖော်ပြနေ
တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်က တာမွေရဲစခန်းရှေ့မှာ မတ်လ ၁၄ ရက်နေ့က ကျဆုံးသွားတဲ့ ဆေး (၁) ကျောင်းသား မောင်ခန့်ညားဟိန်းဟာ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနဲ့ သားအဖတော်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူအကြားမျှဝေနေတာတွေ့ရပါတယ်။ သို့သော်လည်း ဆန္ဒပြရင်း ကျဆုံးခဲ့တဲ့ကိုခန့်ညားဟိန်းရဲ့ ဖခင်ဟာ ဉီးသိန်းဇော်ဖြစ်တာတွေ့ရပါတယ်။ “online ပေါ်က သီချင်းကောင်းများ” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ဆရာဇော်ဝေစိုးသားအသတ်ခံလိုက်ရပြီ လူကို ခွေးကိုက်ခြင်း တခု”လို့ ရေးသားပြီး မတ်လ ၁၅ ရက်နေ့က ရေးသားမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်ဟာ ဒေါက်တာဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြခဲ့တဲ့ […]
Continue Reading