Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ ရုတ်သိမ်းတဲ့ သတင်းတု
နိုင်ငံတကာဖိအားတွေကြောင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ရုတ်သိမ်းလိုက်ပြီလို့ဆိုထားတဲ့ သတင်းတု ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ “အထူးသတင်းကောင်း စစ်မှုထမ်းဥပဒေရုတ်သိမ်းပြီ နိုင်ငံတကာဖိအားတွေကြောင့်ရုတ်သိမ်းရန် မင်းအောင်လှိုင်မှမဖြစ်မနေရုတ်သိမ်းလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Yangon Khit Thit”အမည်နဲ့ ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာလုပ်ငန်းတခုဖြစ်တဲ့ “ရန်ကုန် ခေတ်သစ်သတင်းဌာန”ရဲ့ အမည်နာမ တုပထားပြီး သတင်း ဌာနတွေက ကနဦးဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖတ်ကြားကာ ထင်ယောင်ထင်မှား ဖြစ်ဖွယ် သတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။ အခုလည်း […]
Continue Reading
