Fact Check: နိုင်ငံတကာဖိအားကြောင့် အာဏာလွှဲလိုက်ပြီလို့ NUG ကိုယ်တိုင်ပဲ ထုတ်ပြန်ဆိုတဲ့ သတင်းတု

နိုင်ငံတကာဖိအားတွေမခံနိုင်တော့လို့ စစ်တပ်က အာဏာလွှဲလိုက်ပြီး NUG ကိုယ်တိုင်ပဲ ထုတ်ပြန်လိုက် တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ယနေ့ဖြန့်ဝေလာပါတယ်။ သတင်းတုဖြစ်ပါတယ်။ “December 24, တနိုင်ငံလုံအောင်ပွဲခံလို့ရပြီ”လို့ ရေးသားပြီး “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ “ညနေပိုင်းထူးရှယ်သတင်း နိုင်ငံတကာဖိအားမခံနိုင်လို့ အခုပဲအာဏာလွှဲလိုက်ပြီတဲ့ NUG ကိုယ်တိုင်အခုပဲထုတ်ပြန်”စသည်ဖြင့်လည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်သေဓာတ်ပုံက စာသားမှာလည်း ရေးသားထားပြီး NUG သမ္မတ ဓာတ်ပုံနှင့်အတူတကွက်ဖော်ပြထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “နိုင်ငံတကာဖိအားတွေမခံနိုင်တော့လို့ အာဏာလွှဲလိုက်ပြီး NUG ကိုယ်တိုင်အခုပဲထုတ်ပြန်”လို့ ဗွီဒီယို ဖိုင်ထဲမှာရေးသထားပေမဲ့ ဗွီဒီယိုဖိုင်တစ်ခုလုံးမှာ ဒီအကြောင်းအရာတစ်စုံတရာမပါဝင်ပါဘူး။ ဗွီဒီယိုတစ်ခုလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်၊ပျူစောထီးတွေအကြား နိုင်ငံတဝှမ်းတိုက်ပွဲဖြစ်ပွားမှုတွေ သတင်းတွေ […]

Continue Reading

Fact Check: NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်ဆိုတဲ့သတင်းမှား

NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ“NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာ”လို့ ရေးသားထားသလို ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာတော့ “(၁၉)ရက်နေ့ NLD ပါတီ ဖျက်သိမ်းကြောင်း ကြေညာ မအလ အထူးယုတ်မာပြီ” စသည်ဖြင့်ရေးသားထားပါတယ်။  “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် NLD ပါတီ ဖျက်သိမ်းပြီလို့ ကြေညာမရှိပါဘူး။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေပြီး […]

Continue Reading

Fact Check: AA ခေါင်းဆောင် ၈ ဦးအသတ်ခံရဆိုတဲ့ သတင်းခေါင်းစဉ်တု

 AA ခေါင်းဆောင်၈ ဦးကို စစ်တပ်က ဆွေးနွေးဖို့ ခေါ်ပြီး သတ်ပစ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိပါတယ်။သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ “NUG ကို သစ္စာ ဖောက်တဲ့ ထွန်းမြတ်နိုင် ပေးဆပ်လိုက်ရပြီ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာတော့ “AA ထွန်းမြတ်နိုင် လမ်းရွေးမှားပြီ ဆွေးနွေးရန်ခေါ်ပြီး AA ခေါင်းဆောင် ၈ ဦး သတ်ဖြတ်ခံရ ရခိုင်လူမျိုးတွေ လုံးဝမမေ့ဟုတုန့်ပြန်”စသည်ဖြင့်ရေးသားထားပြီး ရက်စွဲအနေနဲ့ “12/122”လို့လည်းဖော်ပြထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ အထက်ပါအတိုင်းရေးသားထားပေမဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ ရခိုင်ပြည်နယ်မှာ နှစ်ဖက် အပစ်ရပ်လိုက်ပေမဲ့ လမ်းတွေပိတ်ထားဆဲဆိုတဲ့ ဒီဇင်ဘာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ယာဉ်တန်းနဲ့ ရန်ကုန်ပို့လိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု 

စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ဗွီဒီယိုရဲ့ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအရာရှိဟောင်းကို ထောင် ၁၀ နှစ်ချ မှတ်မှုသတင်းကို သတင်းခေါင်းစဉ်တုတွေအသုံးပြုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “စစ်သားရာချီဝန်းရံပြီးအမေစုကိုရန်ကုန်ပြန်ပို့ပါပြီ။အခြေနေတွေပြောင်းပြန်ဖြစ်ကုန်ပြီ။”လို့ ရေးသားပြီး “နွေဦးတော်လှန်ရေး” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယို thumb nail ဓာတ်ပုံမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကားထဲက ပြုံးနေတဲ့ဓာတ်ပုံနဲ့ သူ့ရဲ့ကားနောက်မှာ လုံခြုံရေးတပ်ဖွဲ့ကားမြင်ကွင်းပါဓာတ်ပုံကိုအသုံးပြုထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီ”လို့ရေးသားထားတဲ့ ဗွီဒီယိုကို ဝင်ရောက် ကြည့်ရှု့ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်က မြန်မာနောင်းသတင်းဌာန ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ထောင် ၁၀ နှစ်ချခံရ”ဆိုတဲ့ […]

Continue Reading

Fact Check: စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော်ပျောက်ဆုံးနေဆိုတဲ့ သတင်း ခေါင်းစဉ်အတု

စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် အသင်းအစနမရ ပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယို ပို့စ်တစ်ခု ကိုမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၂၇၀၀ ကျော်ရှိခဲ့ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ခေါင်းစဉ်အတုပေးပြီး လူတွေစိတ်ဝင်စားအောင်လုပ်ထားတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။  “မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၇ ရက်က အောက်ပါအတိုင်းရေးသား မျှဝေထားတာတွေ့ရပါတယ်။ “စစ်တိုင်းမှူး ၅ဦးနှင့်တပ်သား ၂၇၀ကျော် ‌သတင်းအစနမရပျောက်ဆုံးနေ နေပြည်တော် တပ်တွင်းကယက်ထကုန်ပြီ”လို့ ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါ စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် […]

Continue Reading

Fact Check: ကိုမင်းကိုနိုင် မြဝတီမှာဖမ်းဆီးခံရဆိုတဲ့သတင်းမှား

စစ်တပ်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကို မြဝတီမြို့မှာ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား တစ်ခုဖြစ်ပါတယ်။ “မင်းကိုနိုင်(ခ)ခေါကြီးအား အမှတ် 3ရပ်ကွက် ကြံခင်းလမ်း ငွေကြယ် စင်ဖုန်းဆိုင် လမ်းကြားသို့မဟုတ်  ကရင်စာပေခြံနောက် 5လမ်း မြဝတီ မြို့တွင် ယခု 19း50တွင်ဖမ်းဆီးရမိ”လို့ ရေးသားပြီး “ဇော် မင်း လွင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၁၇ ရက်ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံသူတွေက နိုင်ငံရေးအကျပ်အတည်းကြောင့် ကောလာဟလထုတ်လွှင့်ပြီး လူထု ကို အာရုံလွှဲတာဖြစ်နိုင်ကြောင်းနဲ့ အဖမ်းခံရတယ်ဆိုတာ မဟုတ်မှန်ကြောင်း ကိုမင်းကိုနိုင်ကအတည်ပြုတယ်လို့ Khit […]

Continue Reading

Fact Check: ဒီဓာတ်ပုံက KIA ထံမှ မြို့သစ် မိုက်ခရိုဝေ့စခန်းအား စစ်ကောင်စီတပ် ပြန်သိမ်းစဉ်ကပုံသာဖြစ်တယ်

ကရင်ပြည်နယ် သုံးထပ်ကွေ့တိုက်ပွဲအောင်ပွဲမှာ စခန်းသိမ်းခဲ့တဲ့ မြန်မာစစ်သားများဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ မြန်မာစစ်တပ်စစ်သားတွေက စခန်းကုန်း တစ်ခုပေါ်မှာ မြန်မာနိုင်ငံအလံကိုကိုင်ထားတဲ့ ဓာတ်ပုံနဲ့အတူ “ကရင်ပြည်နယ်၊ သုံးထပ်ကွေ့အောင်ပွဲ”လို့ ရေးသားထားမျှဝေ ထားပါတယ်။ ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်တိုက်ကပွဲတစ်ခုအတွင်းက ဓာတ်ပုံဟောင်းတစ်ခုသာ ဖြစ်ပါတယ်။ “ဗိုလ် အောင် ဒင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဩဂုတ် ၂၇ ရက်က မျှဝေထားတဲ့ ပို့စ်ကိုအောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ တူညီတဲ့ဓာတ်ပုံကို မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ အင်္ဂလိပ်ဘာသာ ဖော်ပြတဲ့ The Global New Light of Myanmar သတင်းဝက်ဘ်ဆိုဒ်တစ်ခုမှာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ပင်စင်ယူမယ့်ရက်ကြေညာဆိုတဲ့ သတင်းတု

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ပင်စင်ယူမယ့်ရက်ကို အတိအကျကြေညာ လိုက်ပြီးရေးသားလျှက် မျှဝေထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဇူလိုင် ၂၄ ရက်ကစတင်ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။  “july 24ပင်စင်ယူမယ့်ရက်တိကျကြေငြာလိုက်တဲ့မအလ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို youtube မှာ မျှဝေထားတာရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့သူပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၆ ခုနှစ်ကတည်းက ဉပဒေအရ အနားယူရမှာဖြစ်ပေမဲ့ သူ့ဘာသာသူ နောက်ထပ် ၅ နှစ်သက်တမ်းတိုးခဲ့ပါတယ်မင်းအောင်လှိုင်ဟာ။ ထပ်မံတိုးမြင့်ထားတဲ့ စစ်ခေါင်း ဆောင်ရဲ့ ၅ နှစ် သက်တမ်းဟာလည်း ၂၀၂၁ ခုနှစ် ဇူလိုင်မှာသက်တမ်းကုန်မှာဖြစ်ပါတယ်။ သို့သော် […]

Continue Reading

Fact Check: ကရင်ပြည်နယ်မှာ မြန်မာစစ်သားတွေ ပြန်လည်မြှုပ်နှံမှုကို စစ်ကိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ်ပျံ့နှံ့

စစ်ကိုင်းတိုင်းမှာ ပြည်သူတွေကို သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားတွေက အလောင်းဖျောက်နေတဲ့ ရုပ်သံ မှတ်တမ်းဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းက ကရင်ပြည်နယ် ကနဲလေးကျေးရွာအနီးမှာ မြန်မာစစ်သားတွေကို KNDO ကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ရွံ့ညွှန်တွေပေကျံနေတဲ့ လူသေအလောင်းတွေကို မြင်တွေ့ရပြီး စစ်ယူနီဖောင်းနဲ့ စစ်သားတွေက မြေကျင်းတစ်ခုထဲကို ပြန်လည်ချနေတာတွေ့ရပါတယ်။  “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် ရုပ်သံမှတ်တမ်း သား​လေး”လို့ ရေးသားပြီး “Thuya Zaw” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၇၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အခြားသောပြောဆိုချက်တွေမှာ “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် […]

Continue Reading

Fact Check: ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်စပြီး လျှပ်စစ်မီတာခတိုးကောက်မယ်ဆိုတဲ့ သတင်းမှား

ဇူလိုင် ၁ ရက်ကစပြီးတော့ လျှပ်စစ်မီတာခတွေ ၂ ဆခွဲတိုးကောက်တော့မယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းဟောင်းတစ်ခုသာဖြစ်ပါတယ်။ “မြန်မာတွင် ဇူလိုင် ၁ ရက်နေ့ကစပြီး မီတာခတိုးမြှင့်ကောက်ခံမည် မြန်မာနိုင်ငံတွင် လာမည့် ဇူလိုင် ၁ ရက် (၂၀၂၂) မှစ၍ မီတာခကို ၂ ဆခွဲတိုးမြှင့်ကောက်ခံမည်ဟု သိရ သည်”လို့ ရေးသားပြီး “Mingalarpar”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှု ၂၄၀၀ ကျော်ရှိပါတယ်။ ဈေးတက်မယ့်သတင်းမှာ “Kyaw Htay Win” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က ဖော်ပြထားဖြစ်တယ်လို့လည်း ဒီစာမျက်နှာကရေးသားထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   “Kyaw Htay Win”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်မှာလည်းဒီအကြောင်းအရာကိုမျှဝေထားတာတွေ့ရပြီး ၁၄ နာရီအတွင်း ပြန်လည်မျှဝေမှုပေါင်း […]

Continue Reading