Fact Check: AA ခေါင်းဆောင် ၈ ဦးအသတ်ခံရဆိုတဲ့ သတင်းခေါင်းစဉ်တု

False နိုင်ငံရေး

 AA ခေါင်းဆောင်၈ ဦးကို စစ်တပ်က ဆွေးနွေးဖို့ ခေါ်ပြီး သတ်ပစ်လိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိပါတယ်။သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

“NUG ကို သစ္စာ ဖောက်တဲ့ ထွန်းမြတ်နိုင် ပေးဆပ်လိုက်ရပြီ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာတော့ “AA ထွန်းမြတ်နိုင် လမ်းရွေးမှားပြီ ဆွေးနွေးရန်ခေါ်ပြီး AA ခေါင်းဆောင် ၈ ဦး သတ်ဖြတ်ခံရ ရခိုင်လူမျိုးတွေ လုံးဝမမေ့ဟုတုန့်ပြန်”စသည်ဖြင့်ရေးသားထားပြီး ရက်စွဲအနေနဲ့ “12/122”လို့လည်းဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစမှာ အထက်ပါအတိုင်းရေးသားထားပေမဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ ရခိုင်ပြည်နယ်မှာ နှစ်ဖက် အပစ်ရပ်လိုက်ပေမဲ့ လမ်းတွေပိတ်ထားဆဲဆိုတဲ့ ဒီဇင်ဘာ ၁ ရက်က လွတ်လပ်တဲ့အာရှအသံက သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာလည်း AA ခေါင်းဆောင်ထွန်းမြတ်နိုင် သို့မဟုတ် ခေါင်းဆောင် တွေသတ်ဖြတ်ခံရတယ်ဆိုတဲ့အကြောင်းမပါဝင်ပါဘူး။

မူရင်းလင်ခ့် – RFA BurmeseArchive link  

အခြားသောဒီဗွီဒီယိုပါသတင်းတွေဟာလည်း လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေသာဖြစ်ပါတယ်။ သတင်း လုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက် မည်သည့်သတင်းဌာန ကမျှ AA AA ခေါင်းဆောင်ပိုင်း ၈ ဦးသတ်ဖြတ်ခံရတဲ့ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ ထို့အပြင် AA နဲ့ စစ်တပ်ဟာ ကြားလူတွေက ဝင်ရောက်စေ့စပ်ပေးတာကြောင့်ယာယီအပစ်ရပ်ထားတယ်လို့သာ AA ပြောခွင့် ရပုဂ္ဂိုလ် ခိုင်သုခက ပြောကြားထားပါတယ်။ နှစ်ဖက်ခေါင်းဆောင်ပိုင် တွေ့ဆုံခဲ့တယ်ဆိုတဲ့အထောက် အထားမရှိပါဘူး။

သုံးသပ်ချက်

 စစ်တပ်နဲ့ AA ယာယီအပစ်ရပ်တဲ့ သတင်းဟာ လူမှုကွန်ယက်မှာရေပန်းစားနေတာတွေ့ရပါတယ်။ ဒီလိုအခြေ အနေမှာ AA ခေါင်းဆောင် ၈ ဦးကို စစ်တပ်က ဆွေးနွေးဖို့ ခေါ်ပြီး သတ်ပစ်လိုက်တယ်ဆိုတာ သတင်းတုဖြန့် ချိနေခြင်းဖြစ်ပါတယ်။ 

Avatar

Title:Fact Check: AA ခေါင်းဆောင် ၈ ဦးအသတ်ခံရဆိုတဲ့ သတင်းခေါင်းစဉ်တု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *