Fact Check: ဒီပုံတွေက ပဲခူးမှာသေနတ်နဲ့ အပစ်ခံရတဲ့ စစ်ဗိုလ်ရဲ့ကားပုံ မဟုတ်ပါ
ပဲခူးမှာ တပ်ကဗိုလ်ကြီးကားနဲ့ ရဲမူးကား အပြန်အလှန်ပစ်ခတ်မူဖြစ်ပွားပြီးတိမ်းမှောက်သွားတဲ့ကားအဖြစ် ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပဲခူးမှာ ရဲနဲ့ အပြန်အလှန် ပစ်ခတ်ပြီးနောက် ကားမှောက်သေဆုံးခဲ့တဲ့ စစ်ဗိုလ်သတင်းကို ဒီမှာတွေ့ရပါတယ်။ မျှဝေလျက်ရှိတဲ့ပို့စ်မှာ သေနတ်ကျဉ်ပေါက်များစွာထိမှန်ထားတဲ့ အိမ်စီးကားတစ်စီးနဲ့ ကားမှန်ကွဲနေတဲ့ ကားပုံတွေပါဝင်ပါတယ်။သို့သော်လည်း ဒီကားပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးတဲ့ ဓာတ်ပုံတွေဖြစ်ပြီး မြန်မာနိုင်ငံလည်းသက်ဆိုခြင်း မရှိပါဘူး။ “ပဲခူးမှာ တပ်ကဗိုလ်ကြီးကားနှင့်ရဲမူး ကားအဝေမတည့်၍fast and furious ဇာတ်ကားထဲကလို ကားတေပေါ်မှ hollywood ဇာတ်ကားထဲမှ စတန့်ဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ ကားမောင်းရင်းသေနတ်များဖြင့် အပြန်အလှန် အညိုးတကြီး ပစ်ခတ်ကြခြင်းဖြစ်ကြောင်းကြားသိရပါတယ်ခမျ ဗိုလ်ကြီးကား နှင့် ရဲမှူးကားတို့ သနပ္ပင်လမ်းမတလျောက်သေနတ်ဖြင့်လိုက်ပစ် ရာမှ နာရီစင်ရှေ့ရောက်တွင် ဗိုလ်ကြီးကားမှာ ဘလောက်တုံးများဝင်တိုက်မိ၍ မှောက်လျက်သားဖြစ်သွား။(မူရင်းအရေးအသား)”စသည်ဖြင့့်ေရးသားပြီး “Thant Zaw Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက […]
Continue Reading