Fact Check: ၂၀၂၀ ခုနှစ်အတွင်းက ဆူဒန်နိုင်ငံလောင်စာပြတ်လပ်မှု မြင်ကွင်း ဓာတ်ပုံဟာ မြန်မာနိုင်ငံကအဖြစ် ပျံ့နှံ့မှုအားကောင်းနေ

ရန်ကုန်က ဓာတ်ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ကားတန်းကြီးဆိုပြီး ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ ယနေ့(ဧပြီ ၁၉ ရက်)ကစပြီး ဓာတ်ဆီအကြပ်အတည်းဖြစ်ပေါ်နေပြီး အချို့ဆိုင်တွေမှာ ကန့်သတ်ရောင်းချမှုတွေရှိပါတယ်။ (သတင်းတွေကို ဒီနေရာ၊ဒီနေရာမှာတွေ့ရပါတယ်) ဒီလိုအခြေအနေမှာပဲ ဓာတ်ဆီဆိုင်တစ်ဆိုင်လို့ ယူဆရတဲ့ နေရာတစ်ခုရှေ့မှာ ကားတွေ ဘေးပတ်ပတ်လည်က စီတန်းနေတဲ့ ဓာတ်ပုံနဲ့အတူ “The Modern Cook”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက“ရန်ကုန်မြို့ရဲ့ ဓာတ်ဆီ ဆိုင်တစ်ဆိုင်ရှေ့ နွေနေပူပူမှာ ဆီဖြည့်ဖို့ တမျှော်တခေါ် တန်းစီနေကြရတဲ့ ကားတန်းကြီး … Photo – Aung Myo Htay” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၁၀ ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading