Fact Check: ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဆူးလေဟိုတယ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီ ဆူးလေဟိုတယ်မှာ လုပ်ကြံသတ်ဖြတ်ခံရတယ် လို့ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ မှုပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “ဆူးလေ ဟော်တယ်မှာ သတ်ခံရ ဗိုလ်ချုပ်အောင်ဆန်း ကို လုပ်ကြံတာထက် ဆိုးတယ် ကြံ့ခိုင်ရေး ဥက္ကဌ ဦးခင်ရီ ကို သတ်သွားတာ အားရ” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ USDP  ဥက္ကဌ လုပ်ကြံခံရတယ်ဆိုတဲ့ ဖော်ပြချက် မတွေ့ရပါဘူး။  ဒီလိုပြောဆိုပြီး […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က Line Walker ရိုက်ကူးရေးပုံရိပ်ကို ဆူးလေမှာ ပစ်ခတ် မှုဖြစ်ပုံအဖြစ်မျှဝေနေ

ဆူးလေမှာ ပစ်ခတ်မှုဖြစ်ပွားတယ်လို့ရေးသားပြီး ကားတွေတိမ်းမှောက်လျှက် လမ်းမထက်မှာ ဖရိုဖရဲ ဖြစ်နေတဲ့ ဓာတ်ပုံ ၄ ပုံကို  လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံတွေမှာ ရန်ကုန်မြို့လယ် ဆူးလေလမ်းမှာ အဖြူရောင်ကား တစ်စီး လမ်းမထက်မှာ တိမ်းမှောက်နေပုံ၊ အမည်းရောင်ကား တစ်စီး လမ်းဘေး ပလက်ဖောင်းမှာ ပက်လက်လန်နေပုံတွေနဲ့အတူ လမ်းမထက်မှာ ဖရိုဖရဲဖြစ်နေတဲ့ပုံ၊ လူတွေဝိုင်းအုံကြည့်နေတဲ့ပုံတွေပါဝင်ပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာ Line Walker 2 အမည်ရ ဇာတ်ကားရဲ့ ဇာတ်လမ်း ရိုက်ကူးရေးက ပုံတွေဖြစ်ပါတယ်။  “01-06-2021 ယနေ့ နေ့လည် 12:00 လောက်က ဆူးလေ မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား”လို့ ရေးသားပြီး“Søe Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၉၇၀ […]

Continue Reading