Fact Check: နယ်နိမိတ်ကျော်ပျံသန်းမှုနဲ့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းစစ်တပ် ပစ်ချဆိုတဲ့ သတင်းတု 

နယ်နိမိတ်ကျော်ပျံသန်းမှုနဲ့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းစစ်တပ် ပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “နယ်ကျော်မှုနဲ့ ထိုင်းစစ်တပ်မှ ပစ်ချ ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ပျံသန်းနေတဲ့ မြန်မာ ကြမ်းဖက်စစ်တပ် တိုက်လေယာဉ် ထိုင်းစစ်တပ်မှ ပစ်ချ” Original link | Archive link အချက်အလက်စိစစ်ချက် မြန်မာစစ်တပ်တိုက်လေယာဉ်ကို နယ်ကျော် ပျံသန်းလာလို့ ထိုင်းစစ်တပ်က ပစ်ချလိုက်တယ်လို့ဆိုထားပေမဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဒီသတင်းဖော်ပြချက် အထောက်အထား မတွေ့ရပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ […]

Continue Reading

Fact Check: စပါးရိတ်နေတဲ့ဘုန်းကြီးတွေ ဓာတ်ပုံက မြန်မာနိုင်ငံကမဟုတ်ပါ

စစ်ဘေးရှောင်နေရသူတွေရဲ့ စပါးခင်းတွေကို ဘုန်ကြီးတွေက ကူညီရိတ်သိမ်းပေးနေတဲ့ပုံဆိုပြီးတော့ ဓာတ်ပုံ တစ်ပုံ ၄ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းကပြန်လည်မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိပြီး စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံအခြေ အနေနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ ဒေသအများအပြားမှာ စစ်ဘေးရှောင်နေကြရပါတယ်။  ဒီလိုအခြေအနေမှာ “ပီယ ပီယ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဒကာ ဒကာမများက စစ်ဘေးရှောင်နေကြတယ်… စပါးများက တခင်းလုံး မှည့်လို့ ဝါထိန်နေကြတယ်… ရဟန်း သံဃာများက ကူရိတ်သိမ်းပေးနေကြတယ်… ” တရားလည်း ဖက်တယ်   စပါးလည်း ထွက်တယ် “ ကြည်ညိုစရာ ကောင်းလိုက်တာ… အရှင်ဘုရားတို့အား ရိုသေစွာ ရှေ့ခိုးကန်တော့လိုက်ပါတယ် ဘုရား။ Photo crd.”လို့ […]

Continue Reading

Fact Check: ကိုဗစ်ပျောက်ဖို့ ဘုန်ကြီးပြုတ်ရေလုပ်နေတာလား-မဟုတ်ပါ

မီးထိုးထားတဲ့ ဒယ်အိုးတစ်အိုးပေါ်မှာ ဘုန်းကြီးတစ်ပါးထိုင်နေဓာတ်ပုံတစ်ပုံနဲ့အတူ ကိုဗစ်-၁၉ ပျောက်ဖို့အတွက် ဘုန်းကြီးပြုတ်ရည်သောက်ဖို့အတွက် ဘုန်းကြီးကို အတင်းဝိုင်းထမ်းခေါ်လာပြီး ဒယ်အိုးနဲ့ ပြုတ်နေပုံအဖြစ် ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  ဒီလိုမျှဝေမှုဟာ ဟာသသဘောဖြစ်သော်လည်း နားလည်မှုလွဲစေနိုင်တာတွေ့ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကြောင့် ကိုဗစ်-၁၉နဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “မိုက်ရိုင်းလိုက်ကြတဲ့ တောသားတွေကွာ…😡 ဘယ်ကောင်မြှောက်ပေးလိုက်လည်းမသိဘူး ကိုဗစ်ပျောက်ချင်ရင် ဘုန်းကြီးပြုတ်သောက်ရတယ်ဆိုပီး….သူဟာသူ နေမကောင်းလို့လှဲနေတဲ့ ရွာဦးကျောင်းက ဆရာတော်ကို အတင်းဝိုင်းထမ်းခေါ်လာပီး လူပုံအလယ် မိုးပြဲဒယ်ထဲထည့်ပြုတ်နေကြတာ… ဆရာတော်ခမျာ လက်အုပ်ခလေးချီပီးတောင်းပန်ရှာပါသေးတယ်… ဒါပေမယ့် တောသားတွေက မရတော့ဘူး ကိုဗစ်ပျောက် ချင်တယ်..ဘုန်းကြီးပြုတ်သောက်မယ်ဆိုတာချည်းဘဲ…😡😡”စသည်ဖြင့် ရေးသားပြီး “Mee Nge”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link […]

Continue Reading