Fact Check: ဒေါ်အောင်ဆန်းစုကြည်က PDFတွေကို လက်နက်ချခိုင်းတယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို ချက်ချင်း လက်နက်ချဖို့ပြောထားတယ်ဆိုတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုရှိခဲ့ပါတယ်။  “အမေစုကိုယ်တိုင်PDFတွေကိုလက်နက်ချခိုင်းပြီ။မကောင်းတဲ့လမ်းကိုမရွေးနဲ့ (ရုပ်_သံ)”လို့ရေးသားပြီး “News In Burmese”အမည်နဲ့ You tube channel က အောက်ပါအတိုင်းမျှဝေထား ပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံထဲမှာလည်း ၉ ရက် အမေစုဒဲ့ပြောပြီ PDFတွေချက်ချင်းလက်နက်ချပါ၊ ”လို့လည်း ရေးသားထားပါတယ် မူရင်းလင်ခ့် – youtube link |  Archive link   အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၄မိနစ်ကျော်ရှိတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ “ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) တွေကို ချက်ချင်း လက်နက်ချခိုင်း”တယ်ဆိုတဲ့ အကြောင်းအရာမပါဝင်ပါဘူး။ အမှန်တကယ်တော့ ဒီဇင်ဘာ ၈ ရက်နေ့က […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် စစ်တပ်သတ်လို့ ကွယ်လွန်တဲ့သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်လို့ ကွယ်လွန်သွားပြီလို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”လို့ ရေးသားပြီး “Tsx mar07” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒေါ်အောင်းဆန်းစုကြည် လုပ်ကြံ သတ်ဖြတ်ခံရတယ်ဆိုတဲ့အကြောင်းအရာမပါဝင်ဘူး။ ၇ မိနစ်ကျော်ရှည်လျားတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ်(၅၄) ပြန်ရောက်ပြီဆိုတဲ့ သတင်းတု

ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်ပြန်ရောက်ပြီဆိုတဲ့ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာတွေ့ရပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစု ခြံအမှတ်(၅၄)ပြန်ရောက်ပီတဲ့#ကခုန်လို့ရပြီ”လို့ ရေးသားပြီး “Rambo new” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၄၄၀၀ ရှိပါတယ်။ ဗွီဒီယိုအဖွင့် ရုပ်သေဓာတ်ပုံစာသားထဲမှာလည်း “အတည်ပြုပြီ (၉)ရက်နေ့ မင်းအောင်လှိုင် အမိန့်အတိုင်း အမေစု ပြန်လွတ် လာပြီတဲ့ ခြံအမှတ်(၅၄)မှာ လူထောင်ချီကြိုဆိုနေကြပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။  နိုဝင်ဘာ ၉ ရက်နေ့ကစတင်မျှဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ကြည့်ရှု့မှုပေါင်း ၈ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် ဒီစာမျက်နှာကပဲ “ခြံအမှတ် -၅၄ နေအိမ် အမေစုပြန်ရောက်ပြီဟု သူ့ရှေ့နေအတည်ပြုပြောကြား […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်း ၁၀၀ကျော်ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထုတ်ပြန် လိုက်ပြီဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ပါတယ်။ သတင်းဟောင်းတွေကို စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “အမေစုအပါအဝင် နိုင်ကျဉ်း(၁၀၀)ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထုတ်ပြန်လိုက်ပြီ#သတင်းထူး”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းမျှဝေထားရာမှာ ၈ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် စစ်တပ်က ထုတ်ပြန် လိုက်တယ်ဆိုတဲ့ သတင်းမျိုး သတင်းဌာနတွေက ဖော်ပြတာမတွေ့ရပါဘူး။ ယခုဖြန့်ဝေနေတဲ့ ဗွီဒီယိုပို့စ်စာသားနဲ့ ဗွီဒီယိုထဲမှာ “အမေစုအပါအဝင် နိုင်ကျဉ်း(၁၀၀)ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာ ထုတ်ပြန်လိုက်ပြီ #သတင်းထူး”လို့ ရေးသားထားပေမဲ့ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ “ပူတာအို နမ်ဟော့အကျဥ်းထောင်တွင် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၁ ရက်မှာ ပြန်လွတ်မယ်ဆိုတဲ့ သတင်းမှား

၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး လူထုနဲ့တွေ့မယ်လို့ ရေးသား ထားတဲ့ ဗွီဒီယိုကို တစ်တော့(tiktok)အသုံးပြုသူတစ်ဦးက မျှဝေထားရာမှာ ဗွီဒီယိုဟာ တစ်ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပြီး ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၁၂ ရက်အထိ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံထားရပြီး နောက်ထပ်အမှုတွေလည်း ဆက်လက်ရင်ဆိုင် နေရဆဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ “10.11.2022 ရက်နေ့ အမေဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုနဲ့ အတူတွေ့ဆုံခွင့်ရ တော့မည် သတင်းအမှန်ပါ။ Copy ယူပြီးလူများများသိအောင် ရှယ်ပေးခဲ့ပါ”လို့ ရေးသားပြီး “nayminkok59” အမည်နဲ့တစ်တော့ အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – မူရင်းလင့်ခ်|  Archive link   အချက်အလက်စိစစ်ချက် ဒီ “nayminkok59”အမည်နဲ့အကောင့်ကိုလေ့လာကြည့်ရာမှာ အောက်တိုဘာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ယာဉ်တန်းနဲ့ ရန်ကုန်ပို့လိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု 

စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ဗွီဒီယိုရဲ့ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအရာရှိဟောင်းကို ထောင် ၁၀ နှစ်ချ မှတ်မှုသတင်းကို သတင်းခေါင်းစဉ်တုတွေအသုံးပြုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “စစ်သားရာချီဝန်းရံပြီးအမေစုကိုရန်ကုန်ပြန်ပို့ပါပြီ။အခြေနေတွေပြောင်းပြန်ဖြစ်ကုန်ပြီ။”လို့ ရေးသားပြီး “နွေဦးတော်လှန်ရေး” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယို thumb nail ဓာတ်ပုံမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကားထဲက ပြုံးနေတဲ့ဓာတ်ပုံနဲ့ သူ့ရဲ့ကားနောက်မှာ လုံခြုံရေးတပ်ဖွဲ့ကားမြင်ကွင်းပါဓာတ်ပုံကိုအသုံးပြုထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီ”လို့ရေးသားထားတဲ့ ဗွီဒီယိုကို ဝင်ရောက် ကြည့်ရှု့ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်က မြန်မာနောင်းသတင်းဌာန ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ထောင် ၁၀ နှစ်ချခံရ”ဆိုတဲ့ […]

Continue Reading

Fact Check: ဂျော့ဆိုးရော့စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အ‌‌ပေးအယူပေါက်ကြားဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျော့ဆိုးရော့စ်(George Soros)တို့အ‌ပေးယူလုပ်ခဲ့တဲ့အချက်အလက်တွေကို ရုရှား အစိုးရဟတ်ကာတွေက ခိုးယူပြီး နစက(နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ)ထံပေးအပ်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးအပြုသူတွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ နိုင်ငံရေးအရတိုက်ခိုက်ဖို့အတွက် လုပ်ကြံရေးသားထားတဲ့အကြောင်းအရာဖြစ်ပြီး ဒီလိုအထောက်အထားတစ်စုံတစ်ရာမတွေ့ရပါဘူး။  ဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ ဂျော့ဆိုးရော့စ်ရဲ့ Open Society ကနေ အချက်အလက် ၂၀၀၀ ကျော်ကို ရုရှားဟတ်ကာ တွေက ခိုးယူ(hack)ခဲ့ပြီး ဒီအချက်အလက်တွေထဲမှာ နိုင်ငံတော်ရဲ့ နိုင်ငံရေးမဟာဗျူဟာတွေ၊ နိုင်ငံတွေရဲ့ အားနည်းချက်တွေ၊ ရွှေ့ပြောင်းနေထိုင်တဲ့ကိစ္စတွေ အမေရိကန် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို(FBI)ကို အစီရင်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂျော့ဆိုးရော့စ်နဲ့ အ‌ပေးအယူလုပ်ခဲ့တဲ့အချက်အလက်ပေါင်း ရာချီပါဝင်တယ်လို့ရေးသားထားပြီး အမေရိကန်ကလည်း ဒီလိုခိုးယူခံရတာကို ဝန်ခံတယ်လို့လည်းဆိုပါတယ်။ “Kyaw Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၈ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၂၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: အကြမ်းဖက်မှုတွေအတွက် ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်တဲ့သတင်းတု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးဝင်းထိန်က အကြမ်းဖက်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်ဆိုပြီးအပြစ်တင်ထားတဲ့သတင်းတု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပုံနှိပ်သတင်းကို ဓာတ်ပုံရိုက်ထားဟန်ပို့စ်မှာ ဦးဝင်းထိန်က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်က နေပြည်တော် ဉတ္တရခရိုင်တရားရုံး ရုံးထုတ်အပြီးမှာ ပြောခဲ့တာလိုဆိုပြီး သူ့ရဲ့ပြောကြားချက်အနေနဲ့ “ကျွန်တော်လည်း အသက် (၈၀) ပြည့်တော့မယ်၊ အေးအေးချမ်းချမ်းနေချင်ပြီဗျာ၊ ထောင်တွေတန်း တွေလည်း အကျမခံချင်တော့ဘူး၊ အစိုးရသက်သေအဖြစ်နဲ့ ကျွန်တော်သိထားသမျှတွေ ထွက်ဆိုပေးချင်တယ်၊ အဓိက မဲကိစ္စပေါ့၊ မဲမခိုးခဲ့ရင် တပ်မတော်ကလည်း အာဏာသိမ်းမှာ မဟုတ်ဘူးလေ၊ အခုက တိုင်းပြည်အခြေအနေမကောင်းဘူး၊ စီအိုင်အေ ခြေရှုပ်ခဲ့တာလည်း ပါတယ်၊ ကျွန်တော်တားတော့ ကျွန်တော့်ကို စိတ်ဆိုးတယ်၊ ဒါကြောင့် ဩစတြေးလျကို ကျွန်တော်ထွက်သွားခဲ့တာ၊ နိုဗယ်ငြိမ်းချမ်းရေးဆုကို ပိုင်ဆိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အကြမ်းဖက်တဲ့လုပ်ရပ်တွေကို တားဆီးသင့်တယ်၊ အလိုတူနေလို့ မတားတာလဲ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းတုသတင်းမှား        

​ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေရာကနေပြန်လွတ်ပြီး နေပြည်တော်နေအိမ်ပြန်လည်ရောက်ရှိလာပြီ လို့ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားဖြစ်ပါတယ်။ “အမေစု နေပြည်တော် နေအိမ်ပြန်လည်ရောက်ရှိ ။ပြည်သူတွေ မျက်ရည်ပါကျတယ်”လို့ ရေးသားပြီး “Third News ll” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း သတင်းတင်ဆက်သူက “မင်္ဂလာပါရှင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ပြန်ရောက်ခဲ့ ပါပြီ။တရားရုံးတော်ကယနေ့ မှာပဲအကျဉ်းချုပ်ကနေအိမ်အကျယ်ချုပ်သို့ပြောင်းလဲသတ်မှတ်လိုက်ပြီဟု အမိန့်ချမှတ်လိုက်ပါတယ်။ အားလုံးပဲဝမ်းသာစရာသတင်းဖြစ်မယ်လို့မျှော်လင့်မိကြပါတယ်။”စသည်ဖြင့် ကြေညာခဲ့လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အတူ ဒီဗွီဒီယိုကို တူညီစွာရေးသားပြီး “Today new”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်းမျှဝေထားရာ ဒီဗွီဒီယိုပြန်လည်မျှဝေမှုပေါင်း ၃၀၀၀ ကျော်၊ ဗွီဒီယိုကြည့်ရှူ့မှုပေါင်း ခုနှစ်သိန်းဝန်းကျင်ရှိပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် ပွင့်လင်းမြင်သာမှုမရှိတဲ့ စစ်တပ်အလိုကျတည်ထောင်ထားတဲ့ အထူးတရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ ၂ ရက်မှာပဲ နောက်ထပ်ထောင်သုံးနှစ် ထပ်မံချမှတ်ခဲ့ပါတယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုတဲ့သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှားတစ်ခု ခမာဘာသာနဲ့ “ផ្កាយ” လို့ရေးသားထားတဲ့ စာမျက်နှာကဖြန့်ဝေလျှက်ရှိပါတယ်။ ဒီစာမျက်နှာဟာ “အမေစုပြန်လွတ်ပြီ”လို့ ရေးသားထားသလို မျှဝေထား တဲ့ဗွီဒီယိုရုပ်ကပ်မှာလည်း “၁၃ ရက် လွတ်ပြီ ဟေ့ စိုးဝင်းတရားဝင်လက်မှတ်ရေး ထိုးလိုက်ပြီလို့ရေးသား ထားပါသေးတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဒီစာမျက်နှာဟာ ခေါင်းစဉ်အတုတွေပေးပြီး လူတွေကို စိတ်ဝင်စားမှုရယူ ဗွီဒီယိုကို ကြည့်ရှူ့မှု များအောင်လုပ်နေတဲ့ စာမျက်နှာတစ်ခုသာဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ KNU ထိန်းချုပ်မှုအောက်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအင်တာဗျူးတစ်ခုကို ဖြေဆိုနေတဲ့ ဗွီဒီယိုဖိုင်သာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ  အာဏာသိမ်းစစ်တပ်က စွပ်စွဲထားတဲ့ အမှုပေါင်းများစွာနဲ့ တရားရင်ဆိုင်နေရသလို စစ်တပ်ထိန်းချုပ်မှု အောက်မှာရှိတဲ့ တရားရုံးကနေ ထောင်ဒဏ်အများအပြားလည်း ချမှတ်ခံထားရပါတယ်။ […]

Continue Reading