Fact Check: နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၇ မှုကို ပိတ်သိမ်းပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုတဲ့ သတင်းတု
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားတဲ့ အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမယ်လို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောတယ် ဆိုတဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်က ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ထဲမှာ“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် ငြိမ်းချမ်းအောင် ပြန်လုပ်ပေးပါက စွဲချက်တင်ထားသည့် အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမည်၊ နိုင်ငံတော်အေးချမ်းအောင် ပြန်လုပ်ပေးခြင်းသည် ကုသိုလ်လည်းရပါသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား” လို့ ရေးသားလျှက် “Revolution News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၃၄၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]
Continue Reading
