Fact Check: ဘီလာရုစ်သမ္မတကို ယူကရိန်းထောက်လှမ်းရေးက ဖမ်းသွားတဲ့ပုံဟာ AI အသုံးပြုဖန်တီးထားခြင်းဖြစ်တယ်
ယူကရိန်းနိုင်ငံရဲ့ ထောက်လှမ်းရေးအထူးတပ်ဖွဲ့ဝင်တွေဟာ ဘီလာရုစ်သမ္မတ လူကာရှင်ကို(Lukashenko)ကို သူ့နိုင်ငံထဲအထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုဖြန့်ဝေမှုတခုဖြစ်ပြီး ဓာတ်ပုံဟာ ဉာဏ်ရည်တု နည်းပညာ(AI)အသုံးပြု ပြုလုပ်ထားခြင်းဖြစ်တာတွေ့ရတယ်။ ဒီလိုပြောဆိုချက်တွေပါဝင်တဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ပြောဆိုမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ယူကရိန်းတိုက်ခိုက်ရေးသမားများက ဘီလာရုစ်နိုင်ငံပိုင်နက်အတွင်းမှ လူကာရှင်ကိုကို တိုက်ရိုက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုထားသည်။ SBU နှင့် HUR အထူးတပ်ဖွဲ့ဝင်အုပ်စုတစ်စုသည် ဤစစ်ပွဲအတွင်း အရဲရင့်ဆုံး စစ်ဆင်ရေးများထဲမှ တစ်ခုကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ယူကရိန်းတပ်ဖွဲ့ဝင်များသည် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး လူကာရှင်ကို၏ နေအိမ်လုံခြုံရေးတပ်ဖွဲ့ကို လျင်မြန်စွာ ချေမှုန်းကာ အလက်ဇန္ဒား လူကာရှင်ကိုကို ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။ စစ်ဆင်ရေးသည် […]
Continue Reading
