Fact Check: မန္တလေးမြို့သိမ်းတိုက်ပွဲစနေပြီ၊ လုံခြုံရေးကောင်စီကို လက်နက် အမြန်ပေးဖို့ NUG သမ္မတတောင်းပြီဆိုတဲ့ သတင်းတုသတင်းမှား

မန္တလေးမြို့သိမ်းတိုက်ပွဲစနေပြီ အပြင်လုံးဝမထွက်ကြပါနဲ့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိရာ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “မန္တလေးမြို့သိမ်းတိုက်ပွဲစပြီ   အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ”လို့ ရေးသားပြီး “PDF Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ ထို့အပြင် ဒုံးကျဉ်တွေပစ်နေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံနှစ်ခု ပေါင်းထားတဲ့ ဓာတ်ပုံပေါ်မှာ“NUG မှ ကုလလုံခြုံရေးကောင်စီကို လက်နက်အမြန်ပေးဖို့ NUG သမ္မတတောင်းပြီ မန္တလေးမြို့ သိမ်းတိုက်ပွဲစပြီ အပြင်လုံးဝမထွက်နဲ့”လို့ထပ်မံရေးသားထာပါတယ်။  မူရင်းလင်ခ့် – FB link | Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အခြားသောဘလော့ဂ်စာမျက်နှာ တစ်ခုနဲ့ Youtube ချန်နယ်တစ်ခုမှာလည်း ဖြန့်ဝေနေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ အတွေးအမြင်နဲ့ သတင်းတွေကို ဗွီဒီယိုပုံစံပြုလုပ် လူစိတ်ဝင်စားဖွယ် ခေါင်းစဉ် အတု၊ ခေါင်းစဉ်အမှားတွေပေးပြီး ဝင်ငွေရှာနေတဲ့ဘလော့ဂ် စာမျက်နှာတွေကအခုလိုမျှဝေနေတာဖြစ်ပါတယ်။ လင့်ခ်ကို […]

Continue Reading

Fact Check: မန္တလေးဆန္ဒပြခေါင်းဆောင် ကိုတေဇာဆန်း ပစ်သတ်ခံရလို့ သတင်းတု သတင်းမှားဖြန့်

မန္တလေးဆန္ဒပြခေါင်းဆောင်ကိုတေဇာဆန်းကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်တယ်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ တကယ်တော့ ဒီသတင်းဟာ မှားယွင်းပါတယ်။  “အခုလေးတင်ဖြစ်သွားတာ ကိုတေဇဆန်း ကောင်းရာ ဘဝ ရောက်ပါစေဗျာ”လို့ ရေးသားပြီး ကိုတေဇာဆန်းကို ဖမ်းဆီးပြီး ပစ်သတ်လိုက်တယ်လို့လည်း “News218Media”အမည်နဲ့ ဘလော့စာမျက်နှာက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မေ ၂၉ ရက်က ကိုတေဇာဆန်းကိုဖမ်းဆီးပြီး ပစ်သတ်ခံရတယ်လို့ ရေးသားထားပေမဲ့ မန္တလေးက သပိတ် စစ်ကြောင်းဦးဆောင်သူ ကိုတေဇာဆန်းဟာ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မေ ၃၀ ရက်အထိ မန္တလေးမှာ ပုံမှန်သပိတ်စစ်ကြောင်းတွေ ထွက်နေဆဲဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ […]

Continue Reading

Fact Check: KNU နာမည်သုံးပြီး လက်နက်ကိုင်စုဆောင်းမှုလုပ်နေတယ်ဆိုတဲ့ သတင်းမှားဖြန့်

ပြည်တွင်းသုံးဖုန်း၊ ထိုင်းနိုင်ငံသုံးဖုန်းနံပါတ်တွေနဲ့အတူ ကရင်အမျိုးသားအစည်းအရုံး(KNU)က စစ်သားသစ် စုဆောင်း နေတယ်လို့ ရေးသား မျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေ တာတွေ့ရပါတယ်။ ပျံ့နှံလျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ ကရင်အမျိုးသားအလံကိုင်ဆောင်ထားသော လက်နက်ကိုင်တပ်ဖွဲ့ပုံနှင့်အတူ “သင့်အား KNU မှအလိုရှိသည် ထိုင်းနိုင်ငံကရင်အမျိုးသားဆက်ဆံရေးရုံး ရုံးချုပ်တာဝန်ခံဖုန်း။  ။0944710652                                0920897951                                0827982475                                0846517739”လို့ရေးသားထားထားပါတယ်။ “ဝင်ချင်တဲ့သူဆက်သွယ်လိုက်ပါKNU ကြိုဆိုနေပါတယ် Cerdit”လို့ ရေးသားပြီး “Van Duh Thang ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြူသူက အဆိုပါဓာတ်ပုံနှင့်တကွ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၉ ထောင်ကျော်ရှိခဲ့ပါတယ်။ အလားတူ မျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပြီး […]

Continue Reading

Fact Check: ဆန္ဒပြစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေပုံလား-မဟုတ်ပါ

မန္တလေးမှာ ဆန္ဒပြရင်းပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေတဲ့အထောက် အထားအဖြစ် စစ်သားတွေမြေကျင်းတူနေဟန်ပုံတွေကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မကြယ်စင်အပါအဝင် မတ် ၁၁ ရက်အထိ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း သေနတ်ထိမှန် သေဆုံးခဲ့ရသူ ၇၀ ကျော်ရှိပြီဖြစ်ပါတယ်။ မကြယ်စင်ဟာ သူ့မသေခင်ဖေ့စ်ဘွတ်မှာ ရေးသားချက်တွေနဲ့ သေနတ်နဲ့ အပစ်ခံရအပြီး သေဆုံးခဲ့ရချိန်မှာ လူမှုကွန်ယက်အသုံးပြုသူများအကြား တမုဟုတ်ခြင်း ပျံ့နှံ့ခဲ့ပါတယ်။ ထို့အပြင် သေဆုံးသူမကြယ်စင်ရုပ်လောင်းကို စစ်တပ်က ပြန်လည်တူးယူခဲ့တာလည်းတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ မကြယ်စင်ရဲ့ အလောင်းကို တူးဖော်နေတဲ့ပုံတွေမဟုတ်ပါဘူး။ “မကြယ်စင် ရုပ်အလောင်းဖွင့်ဖောက်ခြင်း 5-3-2021(ည)”လို့ ရေးသားပြီး “ပြည်တွင်း ပြည်ပ နေ့စဉ်သတင်းများ နှင့် သုတရသ ဗဟုသုတများ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ […]

Continue Reading

Fact Check: အာဖဂန်နှင့်အီရန်အကြား ဆီသယ်ယာဉ်ကားမီးလောင်မှုပုံကို တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမီးရှို့မှုအဖြစ်သတင်းမှားဖြန့်

တရုတ်သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း မီးရှို့ခံရတယ်ဆိုပြီးတော့ မီးလောင်နေတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ဖေ့စ်ဘွတ် မှာ ရေးသားမျှဝေနေပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းပုံမဟုတ် သလို သတင်းဟာလည်း အထောက်အထားမရှိပါဘူး။ “အခုပါ ရန်ကုန် မန္တလေး အမြန်လမ်း ဓါတ်ငွေ စက်ရုံ နဲ့ ၆၅ မိုင်အကွာ မန္တလေး အဝင်ဘက်အခြမ်း မိုင် ိုင် ၂၃၆/၂၃၇ × ၄ဖာလုံ မှာပါ ဖေဖဝါရီ ၂၀ မနက် ဆယ်နာရီ မိနစ်သုံးဆယ် ခန့် ကလောင်သွားတာပါ မီးအရမ်းများပါတယ် မီးသတ်များက CDM မှာပါနေလို့ မီးသတ်မယ့်သူမရှိဟု ဒေသခံတွေကပြောပါတယ် ကားတစ်စီးနဲ့ လူတစ်စု မနက် ခြောက်နာရီလောက်ထဲက ပိုင်လိုင်းနားမှာ ယောင်လည်လည် ဖြစ်နေတယ်လို့ မျက်မြင်တစ်ဦးက […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်က မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိလမ်း/ကျူးအိမ် ၉ လုံးအား ဖျက်သိမ်းခဲ့မှုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

မန္တလေး- စစ်ကိုင်း ကားလမ်းမပေါ်ရှိ လမ်း/ကျူးအိမ် ၉ လုံး အား ဖျက်သိမ်းလို့ ခေါင်းစဉ်တပ်ထားတဲ့  live ဗွီဒီယိုတစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပြီး  ဒီဗွီဒီယိုကို လူမှုကွန်ယက်အသုံးပြုသူ  ၂ ထောင်ကျော်က  ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုမှာ အိမ်တစ်လုံးကို စည်ပင်သာယာရေးဝန်ထမ်းတွေက ဖြိုဖျက်နေပြီး ကလေးငယ်တစ် ယောက်ကို ပွေ့ချီထားတဲ့ အမျိုးသမီးက ဝန်ထမ်းတွေကို တားဆီးရင် ရန်လုပ်နေပုံနဲ့ ရဲတပ်ဖွဲ့တွေက ဖြန်ဖြေ ခေါ်ယူနေ ပုံတွေပါဝင်ပါတယ်။ ဒီဗွီဒီယိုပို့စ်အကြောင်းအရာဟာ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၇ ရက်က အဖြစ်အပျက်တစ်ခုဖြစ်ပြီး လက်ရှိအဖြစ်အပျက် မဟုတ်တာကို  Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီပို့စ်ရဲ့အောက်ခြေမှာ လူမှုကွန်ယက်အသုံးပြုသူ တစ်ဦးကလည်း ၂၀၁၉ ခုနှစ်က အဖြစ်အပျက်ကို အခုမှ ပြန်ထုတ်လွှင့်နေတယ်လို့ မှတ်ချက်ပြုထားတာတွေ့ရပါ တယ်။ […]

Continue Reading

Fact Check: ရင်ခေါင်းအထူးကုဒေါက်တာအောင်သက်ဇော်ကွယ်လွန်ဆိုတဲ့ သတင်းတုတစ်ကျော့ပြန်ပျံ့နှံ့

စဉ့်ကိုင်ကနေ ရန်ကုန်ကို Volunteer လာတဲ့ အဆုတ်နဲ့ရင်ခေါင်းအထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်သက် ဇော်ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲခြင်းလို့ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှု ကွန်ယက်မှာ ပျံ့နှံ့လျက် ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “ #အထူးဝမ်းနည်းကြေကွဲခြင်းနှင့်အတူလေးစားဂုဏ်ပြုလျက်ပါ . ဒေါက်တာအောင်သက် ဇော် (၃၇)နှစ် စဉ့်ကိုင်ကနေ ရန်ကုန်ကို Volunteer လာတဲ့ အဆုတ်နဲ့ရင်ခေါင်းအထူးကုဆရာဝန်ကြီးနှင့် မန္တလေး မှ ရန်ကုန်သို့ Volunteer အဖြစ်သွားရောက်ကူညီတဲ့ ဆရာမတစ်ဦး ကွယ်လွန်…။ ( ၁၆ . ၁၁. ၂၀၂၀ ) ၊ ရန်ကုန် တိုင်းပြည်အတွက် . . . ပြည်သူအတွက်အသက်ပေးသွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ။ ကောင်းရာသုဂတိ ရောက်ပါစေ။”(မူရင်းအရေးအသားအတိုင်း)လို့ရေးသားထားပါတယ်။ ဒီပို့စ်ဟာ သတင်းတုသတင်းမှားတစ်ခုဖြစ်ပြီး အောက်တိုဘာ ပထမပတ်ကလည်းပျံ့နှံ့ခဲ့ဖူးတာတွေ့ရပြီး Crescendo […]

Continue Reading

Fact Check: COVID-19 ကူးစက်ခံပြီး မြေပြင်မှာလဲကျနေပုံတွေလား -မဟုတ်ပါ

ယခုရက်ပိုင်းများအတွင်း နေ့စဉ်နီးပါးအတည်ပြုလူနာ ထောင်ဂဏန်းတွေ့ရှိမှုနဲ့အတူ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအတည်ပြုလူနာ ၂၂၀၀၀ ကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၅၃၅ ဦးထက်မနည်းရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ COVID-19 ကူးစက်ခံလို့လဲကျနေသူတွေအဖြစ် ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ မြေပြင်မှာလဲနေတဲ့သူတွေပုံတွေပါဝင်ပြီး ဓာတ်ပုံထဲက ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ သူအချို့မှာ PPE ဝတ်စုံဝတ်ဆင်ထားတာလည်းတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက နေရာသီးသီးမှာလဲကျနေတဲ့သူတွေဟာ COVID-19 ကူးစက်ခံရပြီး လဲကျခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကိုအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေထဲက မီးခိုးရောင်အင်္ကျီ၊ ပုဆိုးဝတ်၊နှာခေါင်းစီးနဲ့လဲကျနေတဲ့ အမျိုးသားဟာ အောက်တိုဘာ ၄ ရက်နေ့က “မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ -Mahar Rescue”ဖေ့စ်ဘွတ်စာမျက်နှာမှာတွေ့ရပြီး “၄.၁၀.၂၀၂၀  […]

Continue Reading