Fact Check: ယူကရိန်းနိုင်ငံသားတွေ မြန်မာနိုင်ငံအတွက်ပါ ဆန္ဒပြပေးနေတာလား-မဟုတ်ပါ
ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရပြီး စစ်ဖြစ်နေပေမဲ့ ယူကရိန်းနိုင်ငံသားတွေဟာ မြန်မာနိုင်ငံအတွက်လည်း ဆန္ဒပြ ပေးနေတယ်ဆိုပြီးတော့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မျှဝေထားတဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းလျက်ရှိ ပါတယ်။ အမွေးပွ အနွေးထည်အင်္ကျီဝတ်အမျိုးသားက ယူကရိန်းနဲ့ မြန်မာစပ်ထားတဲ့ သရုပ်ဖော်ကတ်တစ်ခုကို ကိုင်ဆောင် ထားတဲ့ ဓာတ်ပုံ၊ယူကရိန်းကို ကယ်တင်ပါ၊ မြန်မာကိုကယ်တင်ပါလို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသား ထားတဲ့ ဓာတ်ပုံတွေအပါအဝင် ဓာတ်ပုံ ၃ ပုံနဲ့အတူ “A Lawn Thin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၂၈ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ “မြန်မာနိုင်ငံ အတွက် ပြန်လည်စိုးရိမ်ပေးတဲ့ ယူကရိန်းနိုင်ငံကို ကျေးဇူးအများကြီးတင်ပါတယ်🇲🇲🤝🇺🇦 Велике спасибі Україні за те, що висловлює занепокоєння […]
Continue Reading
