Fact Check:ရန်ကုန် ပြည်လမ်းမှာ စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး သေဆုံးတဲ့ သတင်းတု
ရန်ကုန်မှာကျင်းပတဲ့ ရွေးကောက်ပွဲလာကြည့်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်ခိုက်ခံရပြီး သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇန်နဝါရီ ၁၂ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ ၈ သိန်းဝန်းကျင် ရရှိထားတယ်။ “ရန်ကုန် ရွေးကောက်ပွဲ လာတဲ့ မင်းအောင်လှိုင် ရန်ကုန်-ပြည်လမ်းမ ပေါ်မှာ အဆုံးသတ် ခံရပြီ”(မူရင်းအရေးအသား) Original link | Archive link အလားတူစွာပဲ စစ်ခေါင်းဆောင် ရန်ကုန် ကြံ့ခိုင်ရေးရုံးချုပ်မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုပြီးတော့ ဒီချန်နယ်က မျှဝေထားပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ တခြားသော ယူကျူ့ချန်နယ်တခုကလည်း စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဖြန့်ဝေထားသေးတယ်။ […]
Continue Reading
