Fact Check: – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားများ ဆက်တိုက်ဖြန့်ဝေ
ဆရာ၊ဆရာမတွေ မဲခိုးလို့ ရွေးကောက်ပွဲသိက္ခာကျရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဉက္ကဌက ပြောတယ်ဆိုတဲ့သတင်းမှားပို့စ်တစ်ခု လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ဆရာ၊ဆရာမတွေ မဲခိုးပေးလို့ နာမည်ပျက်ရတာလို့ UEC ဉက္ကဌကပြောတယ်၊ ဒီကိစ္စဟာ ဆရာ၊ဆရာမတွေကို စော်ကားမှုဖြစ်သလို မဲခိုးတယ်လို့ ဝန်ခံမှုလည်းဖြစ်တယ်စသည်ဖြင့် ပြောဆိုရေးသားမျှဝေနေတာဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးကတည်းက ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာ Fact Crescendo Myanmar အနေနဲ့ တွေ့ရပါတယ်။ ပို့စ်ပါအကြောင်းအရာဟာ အတုအယောင်ဖန်တီးထားတာဖြစ်ပါတယ်။ ဆရာ၊ဆရာမတွေနဲ့ပတ်သက်သော လူမှုကွန်ယက်မှာဒီလိုပျံ့ဝေနေတဲ့ ပို့စ်ပါအကြောင်းအရာတွေဟာ သတင်းတုသတင်းမှား ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ တူညီစွာရေးသားမျှထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားပါတယ်။ မူရင်းလင်ခ့် – […]
Continue Reading