Fact Check: သီတင်းကျွတ်လပြည့် ရွှေတိဂုံဘုရားဗုံးပေါက်ကွဲဆိုတဲ့သတင်းမှား

သီတင်းကျွတ်လပြည့်နေ့ မနက်က ရွှေတိဂုံစေတီဗုံးပေါက်လို့မသာပေါ်ကုန်ပြီလို့ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ခေါင်းစဉ်တုခေါင်းစဉ်အမှားတွေ ဖန်တီးပြီး လူတွေ စိတ်ဝင်စားမှုကို ရယူထားတဲ့  ဗွီဒီယိုသာဖြစ်ပါတယ်။ “လပြည်နေ့သေ ့ကုန်ပြီ။မနက်ပဲရှိသေးရွှေတိဂုံစေတီဗုံးပေါက်လို့မသာပေါ်ကုန်ပြီ။”လို့ ရေးသားပြီး “HNC hotline” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းမီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ သတင်းဌာန တွေမှာ သီတင်းကျွတ်လပြည့်နေက ရွှေတိဂုံဘုရားမှာဗုံးပေါက်ကွဲမှုအကြောင်းသတင်းမတွေ့ရပါဘူး။ ၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုကိုထပ်မံလေ့လာကြည့်ရာမှာ ဗွီဒီယိုထဲမှာရွှေတိဂုံဘုရားဗုံးပေါက်ကွဲမှုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်စုံတစ်ရာမပါဝင်ပါဘူး။ ဗွီဒီယိုအသံဖိုင်မှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့ဖေ့စ်ဘွတ်အကောင့်မှာ အောက်တိုဘာ […]

Continue Reading

Fact Check: ရွှေတိဂုံဘုရားဗုံးပေါက်၊ပြည်သူ ၆၈ ဦးသေဆုံးမှုဆိုတဲ့ သတင်းတု သတင်းမှား

ဒီကနေ့ ဇူလိုင် ၁၂ နေ့ဟာ ဝါဆိုလပြည့်နေ့မှာ ရွှေတိဂုံဘုရားပေါ်မှာ ဗုံးပေါက်လို့  ပြည်သူ ၆၈ ဦးသေဆုံးခဲ့ပြီး ကား ၈ စီးပြာကျသွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှား တစ်ခု ဖြစ်ပါတယ်။ “လပြည့်နေ့ရွှေတိဂုံဘုရားဗုံးပေါက်လို့ အကုန်မသာပေါ်”လို့ ရေးသားပြီး “A161” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဘုးရားဖူးတွေ၊ဗုံးပေါက်ကွဲမှု၊လူနာတင်ယာဉ်တွေနဲ့ စစ်ကားတွေပါဝင်တဲ့ ဓာတ်ပုံ ၄ ပုံကိုပေါင်းစပ်ထားတဲ့ မြင်ကွင်းဓာတ်ပုံပေါ်မှာ“လပြည့်နေ့သေကုန်ပြီ ရွှေတိဂုံ ဘုရားဗုံးပေါက် ပြည်သူ ၆၈ ဦးနဲ့ ကား ၈ စီးပြာကျ”လို့ရေးသားထားပြီး ဝင်ကြည့်ရမယ့်လင်ခ့်လည်းပါ ဝင်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အွန်လိုင်းအသုံးများပြီး […]

Continue Reading

Fact Check: ဖေဖော်ဝါရီအတွင်းက မီးရထားဝန်ထမ်းများ ဆန္ဒပြပုံကို သီတင်းကျွတ် ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပုံအဖြစ် မျှဝေ

သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြတယ်လို့ရေးသားလျှက် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြု ထောင်ဂဏန်းက မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ ဖေဖော်ဝါရီလအတွင်းက မီးရထားဝန်ထမ်းများ ဆန္ဒပြစဉ်ဓာတ်ပုံဖြစ်ပါတယ်။ “ရွှေတိဂုံစေတီတော်ပေါ်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း သီတင်းကျွတ်လပြည့်နေ့၌ အင်အားအလုံးအရင်းဖြင့် ဆန္ဒပြ အောက်တိုဘာ(၂၀)၊ ရန်ကုန်။”လို့ ရေးသားပြီး “Simulation”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေ ထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက်ဟာ  ၁ထောင် ၈ရာ ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေကြည့်မှာ ဒီဓာတ်ပုံကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ဖေဖော်ဝါရီ လထဲမှာ မီးရထားဝန်ထမ်းတွေ […]

Continue Reading

Fact Check: ကိုရီးယားအူးလ်ဆန်မီးလောင်မှုက Project K ဖျော်ဖြေမှု့ အပြီး ဖြစ်ပွားခဲ့ဆိုတဲ့ သတင်းမှား

Project K အဖွဲ့ရွှေတိဂုံဘုရားပုံနဲ့ ဖျော်ဖြေမှု့အပြီး တောင်ကိုရီးယားနိုင်ငံမှာ မီးလောင်မှုကြီးဖြစ်ပွားခဲ့တယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ Project K အဖွဲ့ရွှေတိဂုံဘုရားပုံနဲ့ဖျော်ဖြေမိခဲ့ခြင်းကို ဒီနေရာမှာ ဖတ်ရှူ့နိုင်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ Project K အဖွဲ့ဟာ ရွှေတိဂုံပုံတော်ကို ခြေနဲ့နင်းဖျော်ဖြေခဲ့ပြီးနောက်မှာ တောင်ကိုရီးယား နိုင်ငံ အူးလ်ဆန်တာဝါ မီးလောင်ခဲ့တယ်လို့ရေးသားထားပြီး အထပ်မြင့် အဆောက်အဦးတစ်ခု မီးလောင်နေတဲ့ ဓာတ်ပုံပါဝင်ပါတယ်။  ကိုရီးယားနိုင်ငံ အူးလ်ဆန်(Ulsan)မြို့မှာ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့တာမှန်ကန်သော်လည်း မျှဝေလျက်ရှိတဲ့ ပို့စ်မှာပါသလို Project K ဖျော်ဖြေမှုအပြီးမှာဖြစ်ပျက်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ “ရွှေတိဂုံပုံတော်ကို ခြေနဲ့နင်းခဲ့တဲ့ Project K ဖျော်ဖြေမှု့အပြီး တောင်ကိုရီးယားနိုင်ငံ အူးလ်ဆန်တာဝါ မီးလောင်မှု့”လို့ ရေးသားပြီး ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ “We […]

Continue Reading

Fact Check: ဂျာမနီ Condor လေကြောင်းလိုင်းဖွင့်ပွဲက ရွှေတိဂုံပုံစံတူ ကိတ်မုန့် ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ဆင်နွှဲမှုအဖြစ် ဖော်ပြနေ

ရွှေတိဂုံပုံစံတူ ကိတ်မုန့်တစ်ခု နိုင်ငံခြားသားများခွဲနေဟန်ပုံကို  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပွဲဆင်နွှဲမှုအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ဂျာမနီအခြေစိုက် လေကြောင်းလိုင်းတစ်ခုက ရန်ကုန်သို့ ပြေးဆွဲမှုစတင် ဖွင့်လှစ်ခြင်းအခမ်းအနားမှ မှတ်တမ်းဓာတ်ပုံဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရွှေတိဂုံဘုရားပုံကိတ်ကို နိုင်ငံခြားသားတွေလှီးပေးခဲ့တယ်လို့ရေးသားထားတဲ့ ဓာတ်ပုံပို့စ် “အရှင် အာသဘ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းနဲ့ အသုံးပြုပြီးရှာဖွေရာမှာ ဒီပို့စ်ပါဓာတ်ပုံကို ၂၀၁၄ ခုနှစ် ဧပြီဝန်းကျင်က ဘလော့ဂ်ပို့စ် အများအပြားမှာ တွေ့ရပါတယ်။ “ဂျာမနီနိုင်ငံ ဖရန့်ဖတ် လေဆိပ်ကနေ ရန်ကုန် လေဆိပ်ကို မရပ်မနား တိုက်ရိုက်ပျံသန်းမယ့် Condor ဂျာမနီ လေကြောင်း […]

Continue Reading

Fact Check: Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းတု

ရွှေတိဂုံစေတီပုံစံနောက်ခံဆလိုက်မီးနဲ့ ကကွက်တင်ဆက်မှုမှာ ဘုရားပုံရိပ်ကို ခြေထောက်နဲ့နင်းတယ်ဆိုပြီးတော့ ဝေဖန်ခံနေရပါတယ်။ ဒီလို အခြေအနေမှာ ဘုရားပုံရိပ်ကို ခြေနဲ့နင်းတဲ့ကိစ္စဟာ တီထွင်ဆန်းသစ်မှုပဲဖြစ်ပြီး တကယ်ဘုရားကို နင်းတာမျိုး မဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီး ပို့စ်တွေ ပျံ့နှံလျက်ရှိပါတယ်။ ဒီပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Project K အဖွဲ့တွေ့ဆုံနေပုံ အပါအဝင် ဓာတ်ပုံ သုံးပုံနဲ့ အတူမျှဝေထားတာ ဖြစ်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ ဒီဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံဟောင်း တွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က Project K ဘက်က ကာကွယ်ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ “ပန်းချီကားလိုပုံဖော်ထားတာကို နင်းပြီးက တာ တကယ့်ဘုရားကိုနင်းတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ခေါင်းစဉ်တပ်ထားတဲ့ပို့စ်ကို “သိမ့်သိမ့် စိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၇ ရာ‌ကျော်ရှိခဲ့ပါတယ်။ ဒီနေရာနဲ့ […]

Continue Reading