Fact Check: ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို PDF က မီးရှို့လို့သတင်းမှား ဖြန့်ဝေ
ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က မီးရှို့ခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်(Facebook)အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ သီတင်းရွာ(သတင်းရွာ)ရုပ်စုံကျောင်းမီးရှို့ခံတာမှန်ပေမဲ့ PDF ကလုပ်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ “ဒို့မြန်မာတွေရဲ့အသဲနှလုံးကြေမွဖျက်ဆီးကုန်ပြီဗျာ ================================== ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို အကြမ်းဖက် pdf များမှ မီးရှို့ခဲ့ကြောင်းသိရှိရသည်။ AS#”စသည်ဖြင့်ရေးသားပြီး “စမ်းချင်သလိုစမ်း ဘဂျမ်း”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google နဲ့ ဖေ့စ်ဘွတ်မှာ အဓိကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ ပုလဲမြို့နယ် သီတင်းရွာ(သတင်းရွာ)ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က မီးရှို့သွားတာလို့ […]
Continue Reading