Fact Check: ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို PDF က မီးရှို့လို့သတင်းမှား ဖြန့်ဝေ

Misleading နိုင်ငံရေး

ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က မီးရှို့ခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်(Facebook)အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ 

ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ သီတင်းရွာ(သတင်းရွာ)ရုပ်စုံကျောင်းမီးရှို့ခံတာမှန်ပေမဲ့ PDF ကလုပ်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။

“ဒို့မြန်မာတွေရဲ့အသဲနှလုံးကြေမွဖျက်ဆီးကုန်ပြီဗျာ

==================================

ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို

အကြမ်းဖက် pdf များမှ မီးရှို့ခဲ့ကြောင်းသိရှိရသည်။

AS#”စသည်ဖြင့်ရေးသားပြီး “စမ်းချင်သလိုစမ်း ဘဂျမ်း”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ 

C:\Users\Mi\Downloads\Screenshot 2022-05-03 at 21-17-18 Facebook.png

မူရင်းလင်ခ့် – Fb linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

Google နဲ့ ဖေ့စ်ဘွတ်မှာ အဓိကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ ပုလဲမြို့နယ် သီတင်းရွာ(သတင်းရွာ)ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က မီးရှို့သွားတာလို့ လွတ်လပ်တဲ့မီဒီယာတွေက ဖော်ပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ)။

ထို့အပြင် PDF က ပုလဲမြို့နယ် သတင်းရွာ(သီတင်းရွာ)ကို မီးရှို့မှုအဖြစ် ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်မှာ ယခုလို သတင်းမှား မဖြန့်ဝေခင်မှာ တူညီတဲ့ ဓာတ်ပုံတွေကို Burma VJ သတင်းဌာနက တစ်ရက်စောပြီးဖော်ပြတဲ့ သတင်းတစ်ပုဒ်မှာ အသုံးပြုထားတာတွေ့ရပါတယ်။ 

“သတင်းရွာတိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်သားတွေရဲ့ ဆိုင်ကယ်အစီး၅၀‌ကျော် မီးရှို့ခံရ”လို့ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာ ဓာတ်ပုံစာသားအဖြစ် “ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို စကစတွေဝင်ရောက်မီးရှို့ခဲ့ပုံ”လို့ ရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။ 

C:\Users\Mi\Downloads\Screenshot 2022-05-03 at 22-37-52 သတင်းရွာက - Search Results Facebook.png

မူရင်းလင်ခ့် – Burma VJArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ပုလဲမြို့နယ် သီတင်းရွာ(သတင်းရွာ)က ရှေးဟောင်းရုပ်စုံကျောင်းကို PDF က မီးရှို့မှုဆိုပြီး သတင်းမှားဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို PDF က မီးရှို့လို့သတင်းမှား ဖြန့်ဝေ

Fact Check By: Nayar Maung 

Result: Misleading