Fact Check: ချင်းပြည်နယ်မှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ကို ဟုမ္မလင်းမှာ ပစ်ချခံရတဲ့ လေယာဉ်အဖြစ် မျှဝေ
ဟုမ္မလင်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာစစ်တပ် ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့တဲ့ အပိုင်းအစပုံတွေလို့ဆိုထားတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)က ကာကွယ်ရေးဝန်ကြီးဌာနက အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာဖော်ပြခဲ့အပြီး အခုလို သတင်းဓာတ်ပုံ မှားတစ်ခုပျံ့နှံ့ လာတာပဲဖြစ်ပါတယ်။ “ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ စကစ ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့သည့် လေပျံ အပိုင်းအစ ပုံရိပ်။ Feb 3”လို့ ရေးသားပြီး “People’s Power” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – […]
Continue Reading