Fact Check: ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာကသေဆုံးသူရဲ့နာရေး အဖြစ် ဖြန့်ဝေတဲ့ ဓာတ်ပုံအမှား
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ကာဘိုးရွာက ပြည်ခိုင်ဖြိုးပါတီနဲ့ ပဋိပက္ခအတွင်း သေဆုံးခဲ့ရသူရဲ့ နောက်ဆုံးခရီးလို့ရေးသားပြီး NLD အင်္ကျီဝတ်ပြီး နာရေးချတဲ့ အခမ်းအနားဓာတ်ပုံတစ်ခုကို လူမှုကွန်ယက်မှာမျှဝေလျက်ရှိတာတွေ့ရပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံနှင့်အတူ ကြံ့ခိုင်ရေးပါတီလက်ချက်ကြောင့် ကာဘိုးရွာက ဆုံးပါးသွားခဲ့ရတဲ့ သူတစ်ဉီးရဲ့ နောက်ဆုံးခရီးလို့ ရေးသားထားတာတွေ့ရပြီး အသုဘထမ်းစင်နှင့် ခေါင်းမှာ ပတ်တီးစည်းနဲ့ ဆေးသွင်းနေရသူ တစ်ဉီးရဲ့ ပုံပါဝင်ပါတယ်။ ကာဘိုးရွာက အသုဘအခမ်းအနား အဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ အောက်တိုဘာ ၇ ရက်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ကာဘိုးရွာက ဝိုင်းဝန်းရိုက်နှက်ခံရတဲ့သူဟာ အောက်တိုဘာ ၂၄ ရက်မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေနဲ့ အတူ “#RIP ပါညီလေးရေ…မင်းဟာ ဒီမိုကရေစီအတွက် သမိုင်းဝင်ရဲဘော်တစ်ယောက်ပါ။ အလေးပြုပါတယ်။ ကြံ့ခိုင်ရေးလူသတ်ပါတီရဲ့ လက်ချက်ကြောင့် ဆုံးပါသွားရတဲ့ […]
Continue Reading