Fact Check: ဒီဓာတ်ပုံက စစ်ကိုင်းက PDFရန်ကြောင့် ဘုန်းကြီးကျောင်းကို ထွက်ပြေးလာရသူတွေလား-မဟုတ်ပါ
စစ်ကိုင်းမှာ PDFရန်ကြောင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာရသူတွေများပြားလာပြီဆိုပြီးတော့ စစ်ဘေးရှောင် မိသားစုလို့ ယူဆရတဲ့ ဓာတ်ပုံတစ်ပုံနှင့် ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။ သို့သော် ပြောဆိုချက်ဟာ မှားပါတယ်။ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မေလအတွင်းက ကရင်စစ်ဘေးရှောင်မိသားစု ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “PDFရန်ကြောင့် ဘုန်းကြီးကျောင်းသို့ထွက်ပြေးသူများပြားလာ မတ် ၂၃/၂၀၂၂ စစ်ကိုင်းတိုင်းကျေးလက်ဒေသအများတွင် PDF. မွေးတဲ့စစ်မီးကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး နေစရာအခက်ခဲဖြစ်သောကြောင့် ကျေးရွာရှိဘုန်းကြီးကျောင်းများနှင့် စစ်ကိုင်း မုံရွာစတဲ့မြို့ပေါ်ဘုန်းကြီး ကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရှိရပါသည် ရွာလည်းမပြန်ရဲ မြို့ပေါ်မှာနေပြန်တော့လည်း လက်တစ်လောဘာလုပ်ကိုင်စားသောက်ရမှန်း မသိသေးသော ကြောင့်ဘုန်းကြီးကျောင်းတွေမှာ ခေတ္တနေနေရသည်ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောကြားလိုက်ပါတယ်။”လို့“မလေးသူဇာ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ ယခုအချိန်ဟာ စစ်ကိုင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေအကြား ထိတွေမှုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေချိန်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ […]
Continue Reading