
စစ်ကိုင်းမှာ PDFရန်ကြောင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာရသူတွေများပြားလာပြီဆိုပြီးတော့ စစ်ဘေးရှောင် မိသားစုလို့ ယူဆရတဲ့ ဓာတ်ပုံတစ်ပုံနှင့် ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။
သို့သော် ပြောဆိုချက်ဟာ မှားပါတယ်။ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မေလအတွင်းက ကရင်စစ်ဘေးရှောင်မိသားစု ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“PDFရန်ကြောင့် ဘုန်းကြီးကျောင်းသို့ထွက်ပြေးသူများပြားလာ
မတ် ၂၃/၂၀၂၂
စစ်ကိုင်းတိုင်းကျေးလက်ဒေသအများတွင် PDF. မွေးတဲ့စစ်မီးကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး နေစရာအခက်ခဲဖြစ်သောကြောင့် ကျေးရွာရှိဘုန်းကြီးကျောင်းများနှင့် စစ်ကိုင်း မုံရွာစတဲ့မြို့ပေါ်ဘုန်းကြီး ကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရှိရပါသည်
ရွာလည်းမပြန်ရဲ မြို့ပေါ်မှာနေပြန်တော့လည်း လက်တစ်လောဘာလုပ်ကိုင်စားသောက်ရမှန်း မသိသေးသော ကြောင့်ဘုန်းကြီးကျောင်းတွေမှာ ခေတ္တနေနေရသည်ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောကြားလိုက်ပါတယ်။”လို့“မလေးသူဇာ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ ယခုအချိန်ဟာ စစ်ကိုင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေအကြား ထိတွေမှုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေချိန်ဖြစ်ပါတယ်။
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် မတ် ၂၉ ရက်စွဲနဲ့ Reuters သတင်းဌာနက ရေးသားခဲ့တဲ့ နှစ်လအတွင်း စစ်အာဏာရှင်စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြရင်း သေဆုံးသည့်အရေအတွက် ၅၀၀ အထက်ရှိလာပြီဆိုတဲ့ သတင်းတစ်ပုဒ်မှာတွေ့ရပါတယ်။
ဓာတ်ပုံစာသားနေရာမှာ “လူမှုကွန်ရက်က ရရှိသော ဒီဓာတ်ပုံတွင် ကရင်ပြည်နယ်က စစ်ဘေးတိမ်းရှောင်လားတဲ့ ရွာသားတွေကို ၂၀၂၁ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံကို ၂၀၂၁ ခုနှစ် မတ် ၂၈ ရက်က ရိုက်ကူးခဲ့ တာဖြစ်ပြီး နေရာအတိအကျဖော်ပြထားခြင်းမရှိပါ။ ကရင်ဆရာများ အလုပ်အဖွဲ့က Reuters ကို ပေးပို့သည်”

မူရင်းလင်ခ့် – Reuters | Archive link
သုံးသပ်ချက်
အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းလည်း အပါအဝင်ဖြစ်ပါတယ်။ တိုက်ပွဲနဲ့ စစ်တပ်ကစစ်ကြောင်းထိုးလို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်းရှိပါတယ်။ သို့သော်လည်း ၂၀၂၁ ခုနှစ် မတ်လအတွင်းက ကရင်ပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာရတဲ့သူတွေကို စစ်ကိုင်းတိုင်း အတွင်းက PDF ရန်ကြောင့် ပြောင်းရွှေ့လာရတဲ့သူတွေအဖြစ် မျှဝေနေခြင်းဟာ လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။

Title:Fact Check: ဒီဓာတ်ပုံက စစ်ကိုင်းက PDFရန်ကြောင့် ဘုန်းကြီးကျောင်းကို ထွက်ပြေးလာရသူတွေလား-မဟုတ်ပါ
Fact Check By: Zun ZeeResult: Misleading