Fact Check: မန္တလေးငလျင်ကြီး ထပ်လှုပ်ပြီး အသေအပျောက်များတဲ့ သတင်းတု
မန္တလေးမှာ အဓိက ငလျင်ကြီးတခု ထပ်လှုပ်ပြီး လူအသေအပျောက် များတယ်ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတွေသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “8.6 ငလျင်ကြီး နမခ လှုပ်ခတ် Breaking news ဟေ့ အသေများပြီ စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်း ဌါနချုပ်တည့်တည့် ငလျင်လှုပ်နေ ၂မိနစ်လောက် ကြာပြီး အသေအပျောက်ရမ်းများ တပ်မှာ အကုန်အော်နေငိုနေကြ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Mandalay Khithit”နဲ့ “မန္တလေးခေတ်သစ်”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတယ်။ ဒီချန်နယ်တွေနဲ့ […]
Continue Reading
