Fact Check: ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးထပ်လှုပ်ပြီး စစ်တပ်က ထောင်ချီသေဆုံးတဲ့ သတင်းတု 

ဧပြီ ၁၃ ရက်က ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးထပ်လှုပ်ပြီး စစ်တပ်က ထောင်ချီသေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မျာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “စစ်တပ်နေရာ အများဆုံး သေဆုံး ၇.၉ ပြင်းအားရှိ ငလျင်ကြီးထပ်လှုပ် မင်းအောင်လှိုင် ဘုရားပေါ်တက်တိုင်း ငလျင်လှုပ်နေ အမျိုးသားရေး သသ်တပ် ဘောမ ထောင်ချီ သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြရာမှာ […]

Continue Reading

Fact Check: ဧပြီ ၂၁ ရက်မှာ မြန်မာနိုင်ငံအပါအဝင် အာရှ ၅ နိုင်ငံအထိ ခံစားရမယ့် ငလျင်ကြီးထပ်လှုပ်မယ်ဆိုတဲ့ သတင်းမှား

ဧပြီ ၂၁ ရက်မှာ မြန်မာနိုင်ငံအပါအဝင် အာရှ ၅ နိုင်ငံအထိ ခံစားရမယ့် ငလျင်ကြီး ထပ်မံလှုပ်ခတ်မယ်လို့ပြော ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်တယ်။ ငလျင် ဘယ်အချိန်လှုပ်မယ်ဆိုတာ တိတိကျကျခန့်မှန်းနိုင်တဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ ဒီဗွီဒီယိုထဲမှာ ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက် ၁၂ နာရီ ၂၁ မိနစ်မှာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မလေးရှား ၅ နိုင်ငံလုံး ခံစားရမယ့် ငလျင်ကြီးလှုပ်မယ်လို့ ပြောဆိုထားပါတယ်။ မူရင်းလင်ခ့် – Facebook link  | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check:  အမေရိကန်တိုက်ဖွန်းမုန်တိုင်း၊အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုနဲ့ တရုတ်က အဆောက်အဦး ဖြိုချမှုတွေကို ထိုင်ဝမ်ငလျင်အဖြစ်မျှဝေနေ

၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်ကထိုင်ဝမ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်လို့ဆိုထားပြီး ပေါက်ကွဲမှုတခုနဲ့အတူ အဆောက်အဦး တလုံးပြီးတလုံးပြိုကျခဲ့တဲ့မြင်ကွင်း၊ မိုးကြိုးလျှပ်စီးကြောင်းနဲ့အတူ လေပြင်းတိုက်နေတဲ့ မြင်ကွင်း၊ ပေါက်ကွဲမှု တခုအပြီး မီးခိုးလုံးတွေထကာ လူတွေ ပြေးလွှာနေကြတဲ့ မြင်ကွင်းတွေပေါင်းစပ်ထားတဲ့ ဗွီဒီယိုတခုကို ဖေ့စ်ဘွတ်မှာ ပျံနှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ တကယ်တော့ မသက်ဆိုင်တဲ့ ဖြစ်စဉ်အသီးသီးက မြင်ကွင်းတွေကို ပေါင်းစပ်ပြီး မျှဝေထားတဲ့ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၅ ရက်မှာ စတင်ပျံ့နှံ့ခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၇ သိန်းကျော်ရရှိထားပြီး မျှဝေမှုပေါင်း ၆၀၀၀ နီးပါးရှိထားတယ်။ အလားတူတဲ့ ပြောဆိုမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ပြီးခဲ့သည့်ဧပြီလသုံးရက်နေ့ကထိုင်ဝမ်မှာငလျှင်လှုပ်တာကိုသံဝေဂယူကာအသိတရားတွေရသင့်ကြပေပြီ။ဘယ်နိူင်ငံ၊ဘယ်လူမျိုးတွေဖြစ်ဖြစ်စိတ်မကောင်းဖြစ်မိတာကတော့အမှန်ပါ။” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: ဒီပေါင်မုန့်ချောင်းကိုင်ထားတဲ့ အဘိုးအိုက လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က ဓာတ်ပုံဖြစ်တယ်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနိုင်ငံမှာ ငလျင်မလုပ်ခင် အိမ် ၃ လုံးပိုင်ခဲ့တဲ့ အဖိုးအိုတစ်ဦးဟာ ငလျင်လှုပ်အပြီး စက္ကန့် ၄၀ အတွင်းမှာ အိမ် ၃ လုံးလည်းမရှိတော့သလို စားသောက်စရာမရှိတော့လို့ တခြားသူတွေပေးတဲ့ မုန့်ကို ယူပြီရပ်နေရတဲ့ ဘဝကို ရောက်သွားတယ်လို့ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာဖြန့်ဝေနေကြပါတယ်။ ဓာတ်ပုံထဲမှာ ပျက်စီးနေတဲ့ အဆောက်အဦးတစ်ခုရဲ့ ရှေ့မှာ ပေါင်မုန့်ကြမ်း အချောင်းအချို့ ကိုင်ရပ်ပြီး မျက်စေကို ပွတ်နေတဲ့ အဘိုးအိုတစ်ဦးပါဝင်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီမှာ လှုတ်ခတ်ခဲ့တဲ့ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။  “6-2-2023.ရက်နေ့ တူရကီနိုင်ငံ မြေငလျင်မလုပ်ခင် စက္ကန့် လေးဆယ်အလိုမှာ အဲဒီ ပုဂ္ဂိုလ်ထံမှာ အိမ် သုံး […]

Continue Reading

Fact Check: တရုတ်မှာ အဆောက်အဦးဖြိုချမှုဗွီဒီယိုကို တူရကီမှာ ငလျင်ကြောင့် ပြိုကျမှုအဖြစ် ဖြန့်ဝေ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနဲ့ဆီးရီးယားမှာ  မြေငလျင်လှုပ်ခတ်တာကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေဆိုပြီးတော့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ အက်ကွဲနေတဲ့ လမ်းမတွေ၊ ပြိုကျသွားတဲ့အဆောက်အဦးတစ်လုံး၊ အထပ်မြင့်အဆောက်အဦးတွေ ပြိုကျမှုမြင်ကွင်းစတဲ့ ဗွီဒီယိုအစိတ်အပိုင်းတွေပါဝင်ပြီး စုစုပေါင်း ၂ မိနစ် ၅၀ စက္ကန့်ရှည်လျားပါတယ်။ ဒီပို့စ်ကို တူရကီငလျင်ဖြစ်ပွားပြီးနောက် ၂ ရက်အကြာ ဖေဖော်ဝါရီ ၈ ရက်က မျှဝေထားရာမှာ လက်ရှိအချိန်အထိ ဖေ့စ်ဘွတ်အသုံးပြုသူတွေ ၂၅၀၀၀ က ပြန်လည်မျှဝေထားပြီး ကြည့်ရှု့မှုပေါင်း သန်းချီရှိပါတယ်။  “တူရကီနိုင်ငံနှင့်ဆီးရီးယားတို့တွင် ကမ္ဘာ့အကြီးမားဆုံး မြေငလျင်လှုပ်ခတ်ခြင်း 6•2•2023”စသည်ဖြင့် ရေးသားလျှက် “ဘုရားတရားသံဃာ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ၂၀၁၁ ခုနှစ် ဂျပန်ငလျင်က မှတ်တမ်းဗွီဒီယိုဖြစ်တယ်

တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကို ကားပေါ်က မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုအဖြစ် ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၁ ခုနှစ် မတ်လအတွင်းက ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်က မှတ်တမ်းဖြစ်ပါတယ်။ တူရကီနဲ့ ဆီးရီးယားမှာ ဖေဖော်ဝါရီ ၆ ရက်က ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့အပြီးမှာ ဖေဖော်ဝါရီ ဒုတိယပတ်အထိ အပျက်အစီးများကြားကနေ သေဆုံးသူပေါင်း ၂၅၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လူ တစ်သန်းလောက် အတိဒုက္ခရောက်ခဲ့ရပါတယ်။ ဒီလိုအခြေအနေနဲ့အတူ “တူရကီနိုင်ငံမှာ/လှုပ်ခဲ့သော အားပြင်းမြေငလျင်”လို့ ရေးသားပြီး “THaw Ham” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြု သူက ဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားရာ ပြန်လည်မျှဝေမှုပေါင်း ၃၃၀၀ ကျော်ရှိတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ […]

Continue Reading

Fact Check: ထိုင်ဝမ်က ၁၀၁ ထပ်အဆောက်အဦးလှုပ်ရမ်းနေတဲ့ ဗွီဒီယိုဟာ တကယ် မဟုတ်ပါ

ထိုင်ဝမ်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ အထပ် ၁၀၁ ထပ်ရှိတဲ့ Taipei 101 ဟာ စက်တင်ဘာ ၁၈ ရက်ငလျင်ကြောင့် လှုပ်ရမ်းနေတဲ့ပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ဒီဂျစ်တယ်နည်းလမ်းနဲ့ပြုပြင်ထားတဲ့ ဗွီဒီယိုသာဖြစ်ပြီး တကယ်မဟုတ်ဘူးလို့ ကုမ္ပဏီဘက်က တုံ့ပြန်ခဲ့ တာတွေ့ရပါတယ်။  Taipei 101 အဆောက်အဦးဟာ ၂၀၀၉ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးဖြစ်ပြီး လက်ရှိအချိန်မှာလည်း ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ “ဒီနေ့ ငလျင်ကြောင့်ထိုင်ပေ (၁၀၁)ထပ်ကြီး ယိမ်းက နေတာ”လို့ ရေးသားပြီး “Tin MoeAye” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ကျွန်းနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ဟာ […]

Continue Reading

Fact Check: ဒီပုံတွေက ၂၀၁၈ ခုနှစ် ထိုင်ဝမ်ငလျင်က အပျက်အစီး ဓာတ်ပုံတွေဖြစ်တယ်

ထိုင်ဝမ် ၅ မိနစ်အတွင်း အင်အားပြင်းငလျင် ၃ ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးတွေအဖြစ် အထပ်မြင့်တိုက် တွေယိုင်လဲနေတဲ့ဓာတ်ပုံ ၃ ပုံနှင့်အတူ ပို့စ်တစ်ခုကို မျှဝေထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ကြပါတယ်။ ထိုင်ဝမ်မှာ မြန်မာစံတော်ချိန် ၂၀၂၂ ခုနှစ် မတ် ၂၃ ရက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့တာမှန်ပေမဲ့  ဓာတ်ပုံတွေ က ၂၀၁၈ ခုနှစ် ငလျင်က ဓာတ်ပုံတွေဖြစ်တာတွေ့ပါတယ်။  “ထိုင်ဝမ် ၅ မိနစ်အတွင်း M6.9 / 6.1/ 5.7 အင်အားပြင်းငလျင် ၃ ကြိမ်လှုပ် ”လို့ရေးသားပြီး “Myanmar Journal”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှု အကြိမ်အရေအတွက် ၁ ထောင် ၂ ရာဝန်းကျင်ရှိပါတယ်။ […]

Continue Reading

Fact Check: ဇူလိုင် ၂၉ ရက်က ပြင်းအား ၈ ဒသမ ၂ ရှိတဲ့ အလက်စကာငလျင်အပြီး ပျက်စီးမှုဓာတ်ပုံလား- မဟုတ်ပါ

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ ဇူလိုင် ၂၉ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈ ဒသမ ၂ ရစ်ချ်တာ စကေးရှိတဲ့ ငလျင်က အပျက်အစီးအဖြစ် ထက်ပိုင်းကျိုးနေတဲ့ လမ်းမထက်မှာ ကားတစ်စီး ရပ်လျှက်တင်နေတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ် အလက်စကာငလျင်က ဓာတ်ပုံဖြစ်ပါတယ်။ အလက်စကာမှာ ရစ်တာစကေး ၈ ဒသမ ၂ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ကားတစ်စီးဟာ ထက်ပိုင်းကျိုးနေတဲ့ လမ်းပေါ်မှာ တင်ကျန်နေခဲ့တဲ့ပုံအဖြစ် “Win Htein” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၂၃၉ ကြိမ်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading