Fact Check: မြန်မာစစ်တပ်ကိုယ်စားလှယ်ကို ကုလသမဂ္ဂကခွင့်ပြုဆိုတဲ့သတင်းတု သတင်းမှား
မြန်မာစစ်တပ်က ကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့တဲ့ ဦးမင်းသိန်းကို ကုလသမဂ္ဂက တရား၀င် အသိမှတ်ပြု လိုက်ပြီဆိုတဲ့ပို့စ်တစ်ခု စက်တင်ဘာ ၁၇ ရက်ကဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)ကို ကိုယ်စားပြုတဲ့ ဦးကျော်မိုးထွန်းတက်ရောက်နေတာတွေ့ရပါတယ်။ “ကုလသမဂ္ဂက မြန်မာသံအမတ်ကြီး ဦးမင်းသိန်းကိုတရား၀င်အသိမှတ်ပြုလိုက်ပြီ”လို့ ရေးသားပြီး “သတင်းတမန် သတင်းတမန်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်(နယူးယောက်စံတော်ချိန် စက်တင်ဘာ ၁၃ ရက် ညနေ ၃ […]
Continue Reading