Fact Check: စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ပြောတဲ့ သတင်းတု

စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ကြေညာတယ်ဆိုတဲ့ ဗွီဒီယိုတွေ “Local Celegram”အမည်နဲ့ ယူကျူ့ ချန်နယ်က ဆက်တိုက်ဖြန့်ဝေနေတာဟာ သတင်းတုတွေ သာဖြစ်တယ်။  ဒီယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ စာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ယနေ့ အာဆီယံအစည်းအဝေးပွဲမှာ ထူးပြီဟေ့ အာဏာပြန်လွဲတော့မည်ဟု ကြေညာ ကမ္ဘာ့နိုင်ငံအားလုံး အံ့ဩထိတ်လန့်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့နိုင်တယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲ ဒါမှမဟုတ် လုပ်ကြံသတင်းတွေနဲ့ ရောနှော ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo […]

Continue Reading

Fact Check: စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး မိသားစုလိုက်ပါလာတဲ့လေယာဉ် ပစ်ချခံရတဲ့ သတင်းတု

စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်း‌ဒွေး မိသားစုလိုက်ပါလာတဲ့လေယာဉ် နေပြည်တော်မှာ ပစ်ချခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  Also read – Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု ပျံ့နှံ့မှုအားကောင်းနေတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၄ သိန်းကျော် ရှိထားတယ်။ “အထူးလေယာဉ်ပစ်ချခံရ အောင်လင်း‌ဒွေမိသားစုလိုက်ပါလာသည့်အထူးလေယာဉ်  နေပြည်တော်မှာယနေ့နေလည်အချိန်ပစ်ချခံလိုက်ရ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ […]

Continue Reading

Fact Check: နေပြည်တော်မှာ အာဏာသိမ်းမှုတကယ်ဖြစ်ခဲ့သလား- မဟုတ်ပါ

နေပြည်တော်မှာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်ဆိုပြီး ကောလာဟလ သတင်းပျံ့နှံ့ခဲ့ပြီးနောက်မှာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုဖြန့်ချိလေ့ရှိတဲ့ ယူကျူ့ချန်တွေက ထပ်မံချဲ့ကားဖြန့်ဝေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုဖြန့်ဝေရာမှာ မူလပြောဆိုချက်ဖြစ်တဲ့ စစ်ခေါင်းဆောင် လက်အောက်ခံ ဗိုလ်ချုပ်ကြီး ၃ ဦးက အာဏာသိမ်းမှုအဖြစ် ကနေ အာဏာသိမ်းမှုကို အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အတည်ပြုလိုက်တယ်ဆိုသည်အထိ  နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။  ဩဂုတ် ၁၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုတွေထဲက တခုကို အောက်မှာကြည့်ပါ။ ဒီချန်နယ်မှာပဲ အခြားသော အလားတူတဲ့ရေးသားမျှဝေမှုဆက်တိုက်ဖြန့်ချိခဲ့ပြီး ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။   “မအလကြင်စိုး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဦးသန်းရွှေနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး အတည်ပြုကြေငြာ”(မူလအရေးအသား) မူရင်းလင်ခ့် – […]

Continue Reading

Fact Check: နေပြည်တော်ကို သိမ်းပိုက်ဖို့ တရုတ်စစ်ကူ ၅၀၀၀ လားရှိုးရောက်နေဆိုတဲ့ သတင်းတု

နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် တရုတ်စစ်ကူ ၅၀၀၀ လာရှိုးကို ရောက်ရှိနေပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။   အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်း ဖြစ်တယ်။  “စစ်ကောင်စီကို တရုတ်စစ်ကြေငြာ စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကိုတိုက်ခိုက်ဖို့  တရုတ်စစ်ကူ(၅၀၀၀)လာရှိုးသို့ရောက်ရှိနေ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကလည်း ဖော်ပြချက်မရှိပါဘူး။ အခုလို ဗွီဒီယို ဖြန့်ဝေထားတဲ့ “Khit Thit News” အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည် ကူးယူပြီး ခေါင်းစဉ်တု ဒါမှမဟုတ် လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ကာ […]

Continue Reading

Fact Check: ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သားထောက်ပံ့မယ်လို့ စစ်ကောင်စီ ကြေညာဆိုတဲ့ သတင်းတု

ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သားထောက်ပံ့မယ်လို့ စစ်ကောင်စီက ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု  ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ပါ စာသားကို အောက်မှာကြည့်ပါ။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ယုံတောင်မယုံနိုင်ဘူးဟေ့ ပြည်သူတိုင်းကို ငွေ (၁၀)သိန်းနဲ့ ရွှေ (၂)ကျပ်သား ကူညီထောက်ပံ မယ်လို့စစ်ကောင်စီကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သား ကူညီထောက်ပံ့မယ်လို့ စစ်ကောင်စီကြေညာလို့ ဆိုထားပေမဲ့ လွတ်လပ်တဲ့ မီဒီယာတွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီသတင်းကို […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသေဆုံးမှု သတင်း ခေါင်းစဉ်တု

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသေဆုံးသွားပြီ ဆိုထားတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့နေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ပျော်လို့ရပြီ ပျော်လို့ရပြီ 😁 ဝန်ကြီးချုပ် လီရှန်လွန်းနှင့် နိုင်ငံခြားရေး ၀န်ကြီး George Yeo တို့သည် မြန်မာနိုင်ငံ ယာယီ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့သည်။ ကွယ်လွန်သူ ဗိုလ်ချုပ်စိုးဝင်း၏ ဈာပနအခမ်းအနား၌ စင်ကာပူနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ ဘလာဂျီ ဆာဒါဆီဗန် မှ […]

Continue Reading

Fact Check: ပြည်သူထံအာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအမိန့်ချဆိုတဲ့ သတင်း‌တု

ပြည်သူထံ ချက်ချင်းအာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအမိန့်ချလိုက်တယ်၊ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဆက်တိုက်ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဒီယူကျူ့ချန်နယ်ကပဲ အလားတူတဲ့ ဖြန့်ဝေမှုကို ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ “လူထုကို ချက်ချင်းအာဏာပြန်ပေးဖို့အမိန့်ချ ကုလအထူးရဲ့လုပ်ပိုင်ခွင့်ထုတ်သုံးပြီ၊ ချက်ချင်းအာဏာလွှဲခိုင်းလို့ ဗိုလ်ချုပ်တွေ ကယောင်ကရမ်းဖြစ်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ တပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ […]

Continue Reading

Fact Check: NUG နဲ့စစ်ကောင်စီ အာဏာလွှဲဖို့သဘောတူဆိုတဲ့ သတင်းတု

NUG ကိုအာဏာလွှဲပြီးစစ်မှုထမ်းဥပဒေဖျက်သိမ်းဖို့ NUG နဲ့စစ်ကောင်စီ လျှို့ဝှက်ဆွေးနွေးမှုအောင်မြင်မှုရရှိခဲ့ပြီး စစ်ခေါင်းဆောင်ဟာလည်း တပ်ချုပ်ရာထူးမှ ရုတ်တရက်နှုတ်ထွက်မယ်လို့ ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက် ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၄ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၄ သိန်းကျော်ရှိထားတယ်။  “NUG နဲ့လျှို့ဝှက်ဆွေးနွေးမှုအောင်မြင်  တပ်ချုပ်ရာထူးမှ ရုတ်တရက်နှုတ်ထွက်ပြီး NUG ကိုအာဏာလွှဲပြီးစစ်မှုထမ်းဥပဒေဖျက်သိမ်းမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story (Myanmar)”အမည်နဲ့ ကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို အိန္ဒိယတပ်ချုပ် လက်နက်ချခိုင်း၊မလိုက်နာရင် AA နဲ့ NUG ကို ကူညီမယ်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင်ကို အိန္ဒိယတပ်ချုပ် လက်နက်ချခိုင်းပြီး မလိုက်နာရင် AA နဲ့ NUG ကို ကူညီမယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “အိန္ဒိယတပ်ချုပ်နဲ့အဖွဲ့ရောက်ချလာ မင်းအောင်လှိုင် လက်နက်ချဖို့ပြောလို့ ဒုက္ခကြီးတွေ့ပြီ  မလိုက်နာရင် AA နဲ့ NUG ကို စစ်ကူရလိမ့်မယ်တဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “KK Audiobooks”အမည်နဲ့ ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်း ဌာနတွေက ကနဦးဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖတ်ကြားကာ ထင်ယောင်ထင်မှား ဖြစ်ဖွယ် သတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရပါတယ်။ Fact Crescendo […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ ရုတ်သိမ်းတဲ့ သတင်းတု

နိုင်ငံတကာဖိအားတွေကြောင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ရုတ်သိမ်းလိုက်ပြီလို့ဆိုထားတဲ့ သတင်းတု ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “အထူးသတင်းကောင်း  စစ်မှုထမ်းဥပဒေရုတ်သိမ်းပြီ  နိုင်ငံတကာဖိအားတွေကြောင့်ရုတ်သိမ်းရန်  မင်းအောင်လှိုင်မှမဖြစ်မနေရုတ်သိမ်းလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Yangon Khit Thit”အမည်နဲ့ ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာလုပ်ငန်းတခုဖြစ်တဲ့ “ရန်ကုန် ခေတ်သစ်သတင်းဌာန”ရဲ့ အမည်နာမ တုပထားပြီး သတင်း ဌာနတွေက ကနဦးဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖတ်ကြားကာ ထင်ယောင်ထင်မှား ဖြစ်ဖွယ် သတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။  အခုလည်း […]

Continue Reading