Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဆွေးနွေးဖို့ ကမ်းလှမ်းဆိုတဲ့ သတင်းတု
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က ဆွေးနွေးဖို့ ကမ်းလှမ်းပြီး ချမှတ်ထားတဲ့ ပြစ်မှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားတွေသာဖြစ်တယ်။ အောက်ပါကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုပါစာသားကောက်နုတ်ချက်နဲ့ ဖြန့်ဝေထားပုံကို စခရင်ရှော့ရယူထားခြင်းဖြစ်တယ်။ “ဒေါ်စုရဲ့အမှုအားလုံးရုပ်သိမ်းပြီး ရာသက်ပန်လွှတ်ပြီ မင်းအောင်လှိုင် ဆွေးနွေးနေရပြီ(ရုပ်/သံ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ် တခုတလေကမျှလည်း ဒီလိုပြောဆိုဖော်ပြချက်မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင်က ကမ်းလှမ်းသယောင် ဖြန့်ဝေနေတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း […]
Continue Reading