Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သေဆုံးမှု သတင်းတု
အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင် သေပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ သတင်းတုတခုသာဖြစ်တယ်။ ၂၀၂၂ ခုနှစ်ထဲမှာ သထုံက စိုးဝင်းအမည်နဲ့ ပျူစောထီးခေါင်းဆောင် တယောက် သေဆုံးမှုသတင်းကို ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ဝေနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ပို့စ်တခုက ရယူထားခြင်း ဖြစ်တယ်။ “29ရက် မနက် 12နာရီ စိုးဝင်းသေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ Fact Crescendo Myanmar က ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ […]
Continue Reading
