Fact Check: ၂၀၁၈ ခုနှစ်က KIA က ပြန်လွှတ်ပေးခဲ့တဲ့ တပ်မတော်သား ၃ ဦးကို လက်ရှိအဖြစ်အပျက်သဖွယ် ပြန်လည်မျှဝေ
ကချင်လက်နက်ကိုင်အဖွဲ့(KIA)က စစ်သား ၃ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ရေးသားပြီး ဓာတ်ပုံ ၃ ပုံနှင့်အတူ ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်အတွင်းက KIA က ပြန်လွှတ်ပေးလိုက်တဲ့ စစ်သားသုံးယောက်ရဲ့ ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။ “Soe Thiha”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ မျှဝေထားတဲ့ စာသားတဲ့ ကောက်နှုတ်ချက်အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “KIA ဘက်က ဖမ်းမိထားတဲ့ စကစစစ်သား ၃ ယောက်ကို သတ်မပစ်တဲ့အပြင် လမ်းစရိတ် ၅၀၀၀၀ စီ ပေးပြီး ပြန်လွှတ်ပေးလိုက်တယ် ဘယ်လောက် လူသားဆန်လဲ”စသည်ဖြင့် စအချီ ရေးသားပြီး မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၅ထောင် ၆ ရာကျော်ရှိပါတယ်။ အလားတူ ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ […]
Continue Reading