Fact Check: နားလည်မှုလွဲစေနိုင်တဲ့ နေပြည်တော် အာဏာသိမ်းမှု သတင်းတု
နေပြည်တော်မှာ အာဏာသိမ်းမှုဖြစ်ပွားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချကာ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို ကာကွယ်ရေးဦးစီးချုပ်ရာထူးပေးလိုက်တယ်၊ နေပြည်တော်မှာ အာဏာသိမ်းမှု ဖြစ်ပွားတယ်လို့ ဆိုပြီးယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာအချို့က ဖြန့်ဝေနေရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၁၈)ရက်နေ့အထူးသတင်းကောင်း မင်းအောင်လှိုင်ဖြုတ်ချခံလိုက်ရ စိုးဝင်းကိုကာချုပ်ရာထူးပေးပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုမျိုး အာဏာသိမ်းလိုက်ပြီဆိုတဲ့အကြောင်းအရာ ဖော်ပြချက်မတွေ့ရပါဘူး။ ဒီလိုခေါင်းဆောင်ပိုင်းအပြောင်းအလဲသတင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဌာနဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုထဲပါတဲ့ သတင်းကတော့ မြန်မာနောင်းသတင်းဌာနကဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် ရာထူးမှ ဆင်းရန် မဘသဘုန်းကြီးများနှင့် တပ်ထောက်ခံသူများတောင်းဆို”ဆိုတဲ့ […]
Continue Reading
