Fact Check: ဆောမြို့မှာ စစ်ကားနဲ့အရပ်သားကားခေါင်းချင်းဆိုင်တိုက်မှုလား-မဟုတ်ပါ

ဆောမြို့နယ်မှာ စစ်ကားတစ်စီးကို အရပ်ကားနဲ့ခေါင်းချင်းဆိုင်တိုက်တဲ့ဗွီဒီယိုဆိုပြီးတော့ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းကမျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံကဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။  “Myo Min Oo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မိုက်တယ်ဟ ဇာတ်ကားရိုက်နေတဲ့အတိုင်ပဲ😂 ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမူးကားကို  ဆောမြို့ခံ ပြည်သူတစ်ဦးက သူ့ကားနှင့် အမိုက်ခံဝင်တိုက်သွားတယ်ပြောဒါပဲ crd”လို့ ရေးသားပြီးမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဗွီဒီယိုပုံစံနဲ့ တူညီတဲ့ဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link Screenshot ဓာတ်ပုံ ပုံစံနဲ့ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ  အင်တာနက်မှာ အောက်တိုဘာလကတည်းက ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “बोलता भोजपुर”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တူညီတဲ့ ဗွီဒီယိုကို အောက်တိုဘာ ၁၈ ရက်စွဲနဲ့တင်ထား […]

Continue Reading