Fact Check: ထားဝယ်က မူလတန်းကျောင်းပေါက်ကွဲမှု NUG/PDF လက်ချက်ဆိုတဲ့ ဝါဒဖြန့်သတင်းမှား
ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်းဝင်းအတွင်း ပေါက်ကွဲမှုကြောင့် မူလတန်းကလေးငယ် တဦး သေဆုံးပြီး အများအပြားဒဏ်ရာရတဲ့ ဖြစ်စဉ်အပြီးမှာ ဒီလုပ်ရပ်ဟာ NUG/PDF က လုပ်တာလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းဟာ လက်ကျန် ဗုံးသီးတလုံးကို ကလေးတွေက တွေ့ရှိဆော့ကစားရာနေ ပေါက်ကွဲမှုဖြစ်ပြီး ဒီပစ္စည်းဟာ ဘယ်လိုရောက်ရှိ နေသလဲနဲ့ ဘယ်အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “မနေ့က ထား၀ယ်မြိုမှာ NUG PDF အကြမ်းဖက်သမားတွေရဲ့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်လေး။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် […]
Continue Reading