Fact Check: PDF တစ်လောင်း ကျပ် သုံးသောင်း NUG ထောက်ပံ့ဆိုတဲ့ သတင်းတု သတင်းမှား
ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မျဉ်းနားက ဥကရစ်ထစခန်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က တစ်အိမ်ထောင်ကို ကျပ် သုံးသောင်းနှုန်း ထောက်ပံ့မယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ထုတ်ပြန်ချက်အတုတစ်ခုဖြစ်တာတွေ့ရပါတယ်။ “အဲ့သလို…တဲ့… စိတ်တောင် မကောင်းဘူးးးး😂😂😂”လို့ ရေးသားပြီး “ဒေဝီ ဒေဝီ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီလိုထုတ်ပြန်ကြေညာ ချက်မျိုးမတွေ့ရပါဘူး။ ဒီစာမျက်နှာမှာ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ကြေညာချက်တွေကိုလေ့လာကြည့်ရာမှာ ထုတ်ပြန်စာတွေရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာသာကာကွယ်ရေးဝန်ကြီးဌာန တံဆိပ်တုံးပုံစံကို အသုံးပြု လေ့ရှိပြီး အခုဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိသလိုမျိုး နိုင်ငံတော်တံဆိပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန တံဆိပ် နှစ်မျိုးစလုံး အသုံးပြုတာမတွေ့ရပါဘူး။ ထို့အပြင် မဇ္ဈိမရဲ့ […]
Continue Reading