Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ တောင်ဉက္ကလာအမတ်ပြောခဲ့သလား-မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တောင်ဉက္ကလာပအမတ်ဦးထွန်းငွေပြောတယ်ဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိတာတွေ့ ရပါ တယ်။ ပါတီရန်ပုံငွေဖြင့်ထုလုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဘုရားစုပန်နေပုံရုပ်တုများကို ယနေ့ထုတ်ဖော် ပြသရင်း  တောင်ဉက္ကလာပလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းငွေက Yangon Times ကို အခုလိုပြောတယ် ဆိုပြီးတော့ ရေးသားထားပါတယ်။ ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတုရုပ်တု အချို့လည်းပါဝင်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ နာရေးကူညီမှုအသင်းဉက္ကဌဖြစ်သူ သရုပ်ဆောင် ဦးကျော်သူက ပြည်မြို့မှာ တည်ထားကိုးကွယ်ထားတဲ့ ပရဟိတစေတီတော်မှာ ထည့်သွင်းထုလုပ်ခဲ့တဲ့ ရုပ်တုတွေဖြစ်တာတွေ့ရပြီး တောင်ဉက္ကဌလာပလွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း ဦးထွန်းငွေအမည်နဲ့ လွှတ်တော်ကိုယ်စားလှယ်မရှိပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ အလားတူရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ဆေးကုဖို့ နိုင်ငံခြားထွက်မှာလား

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆေးကုဖို့ ပြည်ပသို့  ဇန်နဝါရီ ၂၁ နေ့မှာ သွားဖို့ စီစဉ်ထားတယ်လို့ ရေးသားထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီ ၂၁ နေ့မှာ ဆေးကုဖို့ ပြည်ပသို့ ထွက်မှာဖြစ်ပြီး  အခြားနိုင်ငံတွေကို သူ့အစိုးရကို ထောက်ခံဖို့အတွက်သွားပြောမှာလို့လည်း ရေးသားထားပါတယ်။ ရှရှား ကာကွယ်ရေးဝန်ကြီး လာမယ့်အချိန်နဲ့ အဝင်အထွက်လုပ်ထားတာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ပျံ့နှံမှုအားကောင်းခဲ့တဲ့ “မျိုး ဝင်း” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေး သားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “မျိုး ဝင်း” အမည်နဲ့ အကောင့်ဟာ ဇန်နဝါရီ ၁၉ ရက်မှာ ထပ်ပြီးတော့ […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် OIC အတွင်းရေးမှူး တွေ့ဆုံသည့်ပုံကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာပြည်နယ်ပေးဖို့သဘောတူနေစဉ်ပုံလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို လူမှုကွန်ယက်အသုံးပြုသူများအကြား မျှဝေနေတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစ္စလာမ်နဲ့သက်ဆိုင်တဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး တွေ့ဆုံဆွေးနွေး နေပုံနှင့်အတူ ရိုဟင်ဂျာပြည်နယ်ပေးရေးသဘောတူခဲ့တယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် စက်တင်ဘာက ၂၀ ရက်က ကုသမဂ္ဂအထွေထွေ ညီလာခံသွား တက်ရောက်စဉ်မှာ ညီလာခံပြင်ပ တွေ့ဆုံမှုအနေနဲ့ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းရေးအဖွဲ့(OIC-Organization for Islamic Cooperation)အတွင်းအရေးမှူးချုပ် Iyad bin Ameen Madaniနဲ့ တွေ့ဆုံမှုပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သို့သော်လည်း ဒီတွေ့ဆုံမှုမှာ ရိုဟင်ဂျာပြည်နယ် ပေးဖို့ဆွေးနွေးခဲ့တယ် ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်းမှုလွဲမှားစေတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီနေရာမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: UEC ဉက္ကဌ၊အဖွဲ့ဝင်တို့နှင်ပတ်သက်သော ဝါဒဖြန့် သတင်းတု သတင်းမှားဆက်တိုက်ဖြန့်ဝေနေ

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအပြီးကတည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)တာဝန်ရှိသူတွေ မဲခိုးတယ်လို့ ဝန်ခံတယ်၊ နုတ်ထွက်တယ်ဆိုတဲ့  ပို့စ်တွေကို လူမှုကွန်ယက်မှာ မကြာခဏမျှဝေနေတာ တွေ့ ရပါ တယ်။ အဓိကအားဖြင့် ရွေးကောက်ပွဲမှာ မဲခိုးခဲ့ကြောင်း UEC နဲ့ NLD ပါတီတာဝန်ရှိသူတွေ ဝန်ခံ၊ UEC ဖျက်သိမ်းလိုက်ပြီ၊ အဖွဲ့ဝင်တွေနုတ်ထွက်ကုန်ပြီ၊ NLD ခေါင်းဆောင်တွေ မဲခိုးမှုနဲ့ ထောင်ကျတော့မယ်၊ ထွက်ပြေးဖို့ ပြင်နေပြီး စတဲ့ အကြောင်း အရာတွေကို ထပ်ဖန်တလဲလဲ အုပ်စုဖွဲ့ မျှဝေနေကြတာကို Fact Crescendo Myanmar က သတိပြု မိပါတယ်။ တကယ်တော့ ဒီအချက်အလက်တွေဟာ မှန်ကန်မှုမရှိဘဲ လူမှုကွန်ယက် အသုံးပြုသူတွေကို ရှုတ်ထွေး ဝေဝါးသွားစေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)ရုံးပိတ်ရက်မှာလည်း အခုလို သတင်းတုသတင်းမှားဖြန့်ဝေတဲ့ […]

Continue Reading

Fact Check: နိုင်ငံတော်အတိုင်ပင်ခံက တပ်မတော်ခေါင်းဆောင်တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွေ့ခွင့်တောင်းတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေကို အပူတပြင်းတွေ့ခွင့် တောင်းဆိုတယ်၊ ဒီလိုတောင်းဆိုတဲ့အပေါ်မှာ တပ်မတော်ဘက်က အတွေ့မခံဘူးဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “နိုင်ငံတော်အတိုင်ပင်ခံက အဘကို အပူတပြင်းတွေ့ခွင့် တောင်းဆို၊ စစ်တရားရုံးဖွဲ့စည်းပြီးကြောင်း သတင်းက ဥပဒေမဲ့ အစိုးရနဲ့ UECအတွက် ပြေးလမ်းမရှိပါ”နဲ့ “အတိုင်ပင်ခံက အဘဆီအခစားဝင်ချင်သတဲ့ အဘနာယက အတွေ့မခံ…အဘချုပ်ကတော့ အဖြေမပေးဟုသိရ”လို့ရေးသားထားတဲ့ screenshotရိုက်ထားတဲ့ ပုံတွေကို ပြန်လည်ပို့စ်နေတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုပို့စ်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့နီးစပ်တဲ့ NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမျိညွန့်ကို Fact Cfescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ “ဒါက အုပ်ချုပ်ရေးပိုင်းက ကိစ္စပေါ့နော်၊ ဒါပေမဲ့ ကျွန်တော်ကြားသလောက်ကတော့ အစိုးရမှာ ဒီလိုမျိုးရုတ်တရတ်တွေ့ရလောက်တဲ့ အရေးကြီးကိစ္စမရှိဘူး၊ ရွေးကောက်ပွဲနဲ့ဆိုင်တာဆို ပိုပြီးမဖြစ်နိုင်ပါဘူး၊ ရုပ်တိမရှိတဲ့ အခြေအမြစ်မရှိတဲ့ သတင်းပါ၊ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ရွှေရောင် မာစီဒီးကားထုတ်လုပ်ခဲ့တယ် ဆိုတာ မဟုတ်ပါ

ဂျာမနီနိုင်ငံ မာစီဒီးကားကုမ္ပဏီက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်လုပ်ထားတဲ့ ကားဆိုပြီး ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ မာစီဒီးကားကုမ္ပဏီရဲ့ အမှတ်တံဆိပ်နဲ့အတူ ကားစက်ခေါင်းဖုံးအလည်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံပါရှိပြီး လိုင်စင်ပလိတ်ပြားတပ်ဆင်တဲ့နေရာမှာ NLD လို့စာတန်းလည်း တပ်ဆင်ထားတဲ့ ဓာတ်ပုံနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ဝေထားတဲ့ ကမ္ဘာပေါ်မှာတစ်စီးထဲရှိတဲ့ကားလို့ရေးသား မျှဝေနေတာ ဖြစ်ပါတယ်။  သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မာစီဒီးကားကုမ္ပဏီက ထုတ်လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုး Fact Crescendo Myanmar က မတွေ့ရှိရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ရေးသားမျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားမှုနဲ့ မျှဝေထားတာကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့တယ်ဆိုတဲ့ သတင်းအမှား

နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေနဲ့အတူ လူသတ်ခြိမ်းခြောက်တာတွေဖြစ်လာတာကြောင့် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒအရ လွတ််လပ်တဲ့ ရွေးကောက်ပွဲ မသမာမှု အထူးစုံစမ်းရေးအဖွဲ့ကို နိုဝင်ဘာလ ၂၀ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်းအကြောင်းကြားတဲ့အမိန့်စာလိုရေးသားထားတဲ့စာကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီစာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲကို အငြင်းပွားစရာတွေနဲ့ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲရလာဒ်အပေါ် လူသတ်ခြိမ်းခြောက်တာတွေရှိလာကြောင့် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒအရ လွတ််လပ်တဲ့ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းရေးအဖွဲ့ကို နိုဝင်ဘာလ ၂၀ရက်နေ့က ဖွဲ့စည်းခဲ့တဲ့အကြောင်း၊ နိုဝင်ဘာ ၂၃ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်မှာဖြစ်တဲ့အကြောင်း၊ ဒီအဖွဲ့ကို အရေးပေါ်စီမံခန့်ခွဲပိုင်ခွင့်ဥပဒေအရဖွဲ့လိုက်တာဖြစ်တဲ့အကြောင်းနဲ့ အဖွဲ့မှူးသောင်းထွန်းနိုင်ဆိုသူက လက်မှတ်ထိုးထုတ်ပြန်ထားတာတွေ့ရပါတယ်။ထိုစာနဲ့အတူ ပူးတွဲအထူးအသိပေးချက်ဆိုတဲ့စာပါဝင်ပြီး ဒီစာမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲမသမာမှုတွေကိုကိုယ်လွတ်ရုံးတာကို တွေ့ရတာကြောင့် အောက်ခြေရပ်ကျေးမဲရုံမှူးတွေအနေနဲ့ ခိုင််းစေသူကိုဖော်လျှင် အပြစ်ကင်းလွတ်ခွင့်ရမှာဖြစ်တဲ့အကြောင်း ဆက်လတ်ရေးသားထားတာကိုတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်ကအလက်စိစစ်ချက် […]

Continue Reading

Fact Check: လုပ်ကြံခံရသူကျောက်မဲလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးတော်စပ်တယ်ဆိုတဲ့ သတင်းအမှား

ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ပြီးခဲ့ရက်ပိုင်းက လုပ်ကြံသတ်ဖြတ်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီရဲ့ ကျောက်မဲခရိုင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးထိုက်ဇော်ဟာ NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးဖြစ်တယ်ဆိုပြီး‌ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေကြတာ တွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်မှာ “လုပ်ကြံသတ်ဖြတ်ခံရသူ ဦးထိုက်ဇော်သည် အမေစု၏ မြေးတော်စပ်ကြောင်း သိရပါတယ် အမှုမှန်အမြန်ဆုံးဖော်ထုတ်နိုင်ပါစေ”ဆိုပြီးရေးသားနေကြတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက်ဒီလိုရေးသားနေတာတွေနဲ့ပတ်သက်ပြီး NLDပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ မုံရွာအောင်ရှင်ကို Fact Crescendo Myanmarက ဆက်သွယ်မေးမြန်းရာတော့ “ဆွေစဉ်မျိုးဆက်ဇယားနဲ့တွဲပြီး ရေးနေကြတာတွေ့ပါတယ်၊ မဖြစ်နိုင်ဖို့များမယ်ထင်တယ်၊ ဘာလို့ဆို အွန်လိုင်းပေါ်မှာ တစ်ခုခုဆိုရင် နောက်ကသတင်းအမှားက ဖြစ်နေတာပဲလေ”လို့ မုံရွာအောင်ရှင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ဦးထိုက်ဇော်မိသားစုနဲ့ ပုဂ္ဂိုလ်ရေးအရရင်းနှီးမှုရှိပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဖတ်လည်းဖြစ်သူ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ရေးသားတဲ့ ယုတ်ရင့် ကြမ်းတမ်းတဲ့စကားလုံးအတွက်တရားစွဲမယ်လို့ ရှေ့နေက ကြေညာဆိုတဲ့ သတင်းတု သတင်းမှားဖြန့်ဝေ

“အမျိုးဖျက်မ၊ ဖာသည်မ”လို့ Facebook မှာဖြစ်စေ အပြင်မှာဖြစ်စေ သုံးရင်တရားစွဲမယ်လို့ ရှေ့နေက ကြေညာ တယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ဓာတ်ပုံပို့စ်ဟာ သတင်းစာဖြတ်ပိုင်းတစ်ခုမှာ ကြေညာဟန်နဲ့ မျှဝေထားခြင်းဖြစ်ပြီး “အမျိုးဖျက်မ၊ ဖာသည်မ”စတဲ့ ယုတ်ရင့် ကြမ်းတမ်းတဲ့စကားလုံးအသုံးနှုန်းလည်းပါဝင်ပါတယ်။ ဒီစကားလုံးတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းထားဖြစ်တဲ့အတွက် ရှေ့နေက သတိပေးတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ဓာတ်ပုံဟာ ဒီဂျစ်တယ်နည်းလမ်းတဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံတစ်ခုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီကြေညာမှာပါတဲ့ ရှေ့နေကလည်း ဒီလိုရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး ရဲစခန်းကို တိုင်ကြားထားတယ်လို့ ပြောဆိုထားပါတယ်။ “ဗုဒ္ဓဘာသာကို စော်ကားတာ သာသနာကို နှိမ့်ချနေတာ မြင်တွေ့နေကြပြီပေါ့ ရှေနေကြီးရယ် ခင်ဗျာတို့ရဲ့ ဥပဒေမှာ ဗုဒ္ဓဘာသာကို စော်ကားရင် ကင်းလွှတ်ခွင့်များ ပြုထားကြပါသလား.” […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗမာပါတီမဟုတ်ပြောကြားချက်ကို မွတ်ဆလင်အသိုင်းအဝိုင်းကို ညွှန်းဆိုတယ်ဆိုပြီး သတင်းမှားဖြန့်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗမာပါတီမဟုတ်ပြောကြားချက်ကိုကြောင့် မာမူတွေပျော်လို့ရပြီဆိုလို့ရေးသားပြီး လူမှုကွန်ယက်မှာရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ “ဝန်ခံပြီ၊ မာမူတို့ပျော်ကြပြီ”လို့ရေးသားချက်နဲ့အတူ အောက်တိုဘာ ၂၁ ရက်နေ့ ထုတ်စံတော်ချိန် သတင်းစာ စာမျက်နှာ ၃ မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗမာပါတီမဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြောဆို”လို့ ခေါင်းစဉ်တပ်ထားရေးသားထားဟန်ရှိတဲ့ ဓာတ်ပုံပို့စ်နှင့်အတူ မျှဝေနေတာ ဖြစ်ပါတယ်။  သို့သော်လည်း စံတော်ချိန်သတင်းစာရဲ့အောက်တိုဘာ ၂၁ ရက်နေ့ထုတ် စာမျက်နှာ ၃မှာ ဒီလိုသတင်းခေါင်းစဉ်နဲ့ ဖော်ပြချက်မပါရှိပါဘူးတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗမာပါတီမဟုတ်ကြောင်း”ပြောဆိုချက်ဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ မဲဆွယ်တဲ့အနေနဲ့ အသုံးပြုတဲ့ စကားလုံးဖြစ်တာလည်းတွေ့ရှိပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ “ဘာတဲ့…ဗမာပါတီမဟုတ်ဘူးတဲ့” လို့ရေးသားပြီး “Nay Sit”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြု သူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading