Fact Check: ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်ဆိုတဲ့ သတင်းမှား ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ မိုးကောင်းမှာ ဗိုလ်ကြီးတစ်ယောက် PDF ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးမှုသတင်း ကို လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစုနာရေးသတင်းစစ်တပ်ထုတ်ပြန်။သေချာလားစုံစမ်းနေဆဲပါ”လို့ ရေးသားပြီး “Was was” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေခဲ့တာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာလည်း “ဒေါ်စုသေပြီဟု စစ်တပ်ဘက်ကထုတ်ပြန် တကယ်လားစုံစမ်းနေဆဲပါ”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၈၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ချိရာမှာ ဒေါ်အောင်ဆန်းစုကြည်သေဆုံးကြောင်း စစ်တပ်ထုတ်ပြန်လို့ ရေးသားထားပေမဲ့ ဒီလိုမျိုးသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မတွေ့ရသလို စစ်တပ်ထိန်းချူပ်ထားတဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မတွေ့ရပါဘူး။  ထို့အပြင် ဗွီဒီယိုကိုလေ့လာရာမှာ […]

Continue Reading

Fact Check: ​ဒေါ်အောင်ဆန်းစုကြည်ပုံကို PDF တွေ မီးရှို့နေတာလား-မဟုတ်ပါ

အကြမ်းဖက်တွေလို့ ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို ပြောပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကို PDF  တွေကမီးရှို့ခဲ့တယ်လို့ဆိုတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ကလေးပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးနေတဲ့ပုံကိုပြုပြင်ပြောင်း လဲထားခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တော်လှန်ရေးမှာပါဝင်နေတဲ့ လူငယ်တွေကို ချီးကျူးဂုဏ်ယူနေတယ်လို့ စစ်တပ်ရဲ့ ဖမ်းဆီးခံကာအတွင်းမှာ သူမနဲ့ ထိတွေ့ခဲ့ရတဲ့သူတွေကဆိုပါတယ်။ “ဒေါ်စုမှ တော်လှန်ရေးသမားတွေကို  အကြမ်းဖက်သမားဟု ပြောသည့်အတွက် ဒေါ်စုပုံပါ အမှိုက်ပုံးအ ပဒက်များမီးရှို့ပြ ပဒက်တွေကတော့ တော်တော်မိုက်ရိုင်းပြီ မှိုင်းဝေ”လို့ ရေးသားပြီး “Zaw Than” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကနေပြန်လွတ်လာပြီး နေပြည်တော်နေ အိမ်ပြန် လည်ရောက်ရှိလာပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားထပ်မံဖြန့်ဝေ လာတာတွေ့ရပြီး ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိမှုဖြစ်ပါတယ်။ “အမေစု နေပြည်တော် နေအိမ်ပြန်လည်ရောက်ရှိ”လို့ ရေးသားပြီး “Prus new” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဖေဖော်ဝါရီ ၁၉ ရက်မှာ ဖြန့်ဝေလာတာတွေ့ရပြီး ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။  ဗွီဒီယိုထဲမှာလည်း သတင်းတင်ဆက်သူက “မင်္ဂလာပါရှင် ဒေါ်အောင်ဆန်းစုကြည်နေ အိမ်ပြန်ရောက်ခဲ့ ပါပြီ။တရားရုံးတော်ကယနေ့ မှာပဲအကျဉ်းချုပ်ကနေအိမ်အကျယ်ချုပ်သို့ပြောင်းလဲ သတ်မှတ်လိုက်ပြီဟု အမိန့်ချမှတ်လိုက်ပါတယ်။ အားလုံးပဲဝမ်းသာစရာသတင်းဖြစ်မယ်လို့မျှော်လင့်မိကြပါတယ်။”စသည်ဖြင့် ကြေညာခဲ့လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ ယခုသတင်းတု ဗွီဒီယိုကို ၂၀၂၂ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာဟာ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုမှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အရေးပေါ် ပါဝင်မည်”လို့ ရေးသားပြီး ဗွီဒီယိုမှာတော့ “ဒုသမ္မတ ဦးမြင့်ဆွေ ထွက်ပြောပြီ ၂၁ ရက်နေ့ ဘယ်သူ့ဖိအားမှ ဂရုမိုက်ပဲ ကာလုံကို လူစုံတက်စုံ ကျင်းပမည်ဟု ကြေညာ စစ်တပ်ကို ထုတ်ပယ်ဖို့ ပြောပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ “Krovan Kamsan” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အခြားသော ဗွီဒီယိုပို့စ်တစ်ခုမှာတော့ “ကာလုံအစည်းဝေးအမေစုနဲ့သမ္မတကြီးပါတက်မယ်”လို့လည်း ရေးသားထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် လွတ်ပြီး နေအိမ်ပြန်ရောက် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

စစ်ကောင်စီ က မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်သို့ ပြန်ရောက်နေပြီလို့ ခေတ်သစ်သတင်းဌာနက အတည်ပြု ကြေညာခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်း‌ခေါင်းစဉ်တုအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်သတင်းကို ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ အမေစုနဲ့သမ္မတကြီးလွတ်ပြီးနေအိမ်ပြန်ရောက်နေပြီလို့ ခေတ်သစ်အတည်ပြုကြေညာ”လို့ရေးသားပြီး “ Thearith Ñøçh ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်ပြန်ရောက်နေပြီဆိုတဲ့ […]

Continue Reading

Fact Check: အောင်ဆန်းစုကြည်ကွယ်လွန် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည်သေတာကို ပြည်သူတွေ ဆူကုန်မှာစိုးလို့ စစ်တပ်ကထုတ်မပြောခဲ့ပေမဲ့ Khit Thit သတင်းဌာနက ည ၆ နာရီ မှာ သဂြိုလ်လိုက်တယ်လို့ပြောမှသိရတယ်လို့ဆို ဗွီဒီယို သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်းတုဖြန့်ချိမှုဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူမကိုထောက်ခံသူတွေက အမေစု၊ အမေလို့ တင်စားခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ဆိုပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာလည်း  သတင်းအတုတွေ ပျံနှံခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထပ်မံဖြန့်ဝေလာတာဖြစ်ပါတယ်။ “ပြည်သူဆူကုန်မှာစိုးလို့အမေသေတာအခုမှသိရတယ် ၆နာရီတိတိမှာသဂြိုလ်လိုက်ပြီတဲ့။”လို့ရေးသားပြီး“B BO”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထား ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေရာမှာ ၄ မိနစ်ကျော်ရှည်လျားတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး NLD ကို အာဏာပြန်ပေးဖို့ တရုတ်သမ္မတတောင်းဆိုတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး NLD ကို အာဏာပြန်လွှဲပေးဖို့ တရုတ်သမ္မတ တောင်းဆိုလိုက်တယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “အမေစုကိုလွှတ်ပြီး NLD ကိုအာဏာပြန်လွှဲပေးရန် တရုတ်သမ္မတ တောင်းဆို”လို့ လည်း ပို့စ်စာသားမှာရေးသားထားသလို ဒီယိုအစမှာလည်း တရုတ်သမ္မတ “အမေစုကိုလွှတ်ပြီး NLD ကိုအာဏာ ပြန်လွှဲပေးဖို့ တရုတ်သမ္မတ တောင်းဆို” စသည့်ဖြင့်ရေးသားထားပါတယ်။ ထို့အပြင် “NUG ကိုတရားဝင်အစိုးရ တင်မြှောက်ပွဲ မနက် ၉ နာရီမှာ အာဆီယံလုပ်မယ်လို့ကြေညာ”လို့လည်းရေးသား ထားပါတယ်။ “Thearith Ñøçh”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်က PDFတွေကို လက်နက်ချခိုင်းတယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က PDF တွေကို ချက်ချင်း လက်နက်ချဖို့ပြောထားတယ်ဆိုတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုရှိခဲ့ပါတယ်။  “အမေစုကိုယ်တိုင်PDFတွေကိုလက်နက်ချခိုင်းပြီ။မကောင်းတဲ့လမ်းကိုမရွေးနဲ့ (ရုပ်_သံ)”လို့ရေးသားပြီး “News In Burmese”အမည်နဲ့ You tube channel က အောက်ပါအတိုင်းမျှဝေထား ပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံထဲမှာလည်း ၉ ရက် အမေစုဒဲ့ပြောပြီ PDFတွေချက်ချင်းလက်နက်ချပါ၊ ”လို့လည်း ရေးသားထားပါတယ် မူရင်းလင်ခ့် – youtube link |  Archive link   အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၄မိနစ်ကျော်ရှိတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ “ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) တွေကို ချက်ချင်း လက်နက်ချခိုင်း”တယ်ဆိုတဲ့ အကြောင်းအရာမပါဝင်ပါဘူး။ အမှန်တကယ်တော့ ဒီဇင်ဘာ ၈ ရက်နေ့က […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် စစ်တပ်သတ်လို့ ကွယ်လွန်တဲ့သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်လို့ ကွယ်လွန်သွားပြီလို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”လို့ ရေးသားပြီး “Tsx mar07” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒေါ်အောင်းဆန်းစုကြည် လုပ်ကြံ သတ်ဖြတ်ခံရတယ်ဆိုတဲ့အကြောင်းအရာမပါဝင်ဘူး။ ၇ မိနစ်ကျော်ရှည်လျားတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ်(၅၄) ပြန်ရောက်ပြီဆိုတဲ့ သတင်းတု

ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်ပြန်ရောက်ပြီဆိုတဲ့ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာတွေ့ရပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “အမေစု ခြံအမှတ်(၅၄)ပြန်ရောက်ပီတဲ့#ကခုန်လို့ရပြီ”လို့ ရေးသားပြီး “Rambo new” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၄၄၀၀ ရှိပါတယ်။ ဗွီဒီယိုအဖွင့် ရုပ်သေဓာတ်ပုံစာသားထဲမှာလည်း “အတည်ပြုပြီ (၉)ရက်နေ့ မင်းအောင်လှိုင် အမိန့်အတိုင်း အမေစု ပြန်လွတ် လာပြီတဲ့ ခြံအမှတ်(၅၄)မှာ လူထောင်ချီကြိုဆိုနေကြပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။  နိုဝင်ဘာ ၉ ရက်နေ့ကစတင်မျှဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ကြည့်ရှု့မှုပေါင်း ၈ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် ဒီစာမျက်နှာကပဲ “ခြံအမှတ် -၅၄ နေအိမ် အမေစုပြန်ရောက်ပြီဟု သူ့ရှေ့နေအတည်ပြုပြောကြား […]

Continue Reading