Fact Check: စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်တဲ့ သတင်းတု
စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်ပြီး တပ်ချုပ်အသစ်ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်ပြီး စစ်ခေါင်းဆောင် နုတ်ထွက်တာမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “မင်းအောင်လှိုင် ရာထူးက နုတ်ထွက် တပ်ချုပ်အသစ်ကြေညာပြီး ထွက်ပေါက်ရှာနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကို တုပထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ် အကြောင်း Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲပါ အကြောင်းအရာဟာ မေ […]
Continue Reading