Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံဆွေး နွေးမှုသတင်းတု
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံပြီး ဆွေးနွေးမှုလုပ်နေတယ်ဆိုတဲ့ သတင်းတု ပို့စ်တစ်ခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုရဲ့ စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံမှု ဓာတ်ပုံနဲ့အတူ ၁၃ ရက်နေ့မှာ ဆွေနွေးမှု စတင်ပြီလို့ ရေးသားထားသလို တပ်မတော်ကို နိုင်ငံရေးစွန့်ဖို့ ဒေါ်စုတည့်ပြောလို့လည်း ရေးသားထားပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှု့မှု နှစ်သောင်းဝန်းကျင်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးတယ်လို့ဆိုထားတဲ့ ဒီဗွီဒီယိုထဲ မှာလည်း သူတို့ ၂ ယောက်တွေ့ဆုံဆွေးနွေးမှုအကြောင်းမပါပါဘူး။ တကယ်တမ်းမှာ […]
Continue Reading